အမေရိကန်နိုင်ငံမှာ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ကို ၃ နာရီခန့် ဖုန်းအသုံးပြုပါတယ်။
နည်းပညာတွေက တဖြည်းဖြည်း တိုးတက်လာတာကြောင့် ဖုန်းကို အချိန်ပေးတာများပြီး မိသားစုကို အချိန်ပေးတာ နည်းလာတယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။
မိဘတွေက ဖုန်းအတွက် အချိန်ပေးတာများပြီး ကလေးကို အချိန်ပေးတာ နည်းရင် ဘယ်လိုတွေ ခံစားလာရမလဲ ဆိုတာကို ပြောပြပေးပါမယ်နော်။
၁။ ကလေးတွေရဲ့ လူမှုရေးဖွံ့ဖြိုးမှုတွေမှာ ပြဿနာရှိလာနိုင်ခြင်း
မိဘတွေရဲ့ အာရုံစိုက်မှု ကင်းမဲ့ခြင်းဟာ ကလေးတွေရဲ့ စိတ်ဖွံ့ဖြိုးမှုကို အားနည်းစေပြီးတော့ စိတ်ဓာတ်ကျစေပါတယ်။
ပြီးတော့လည်း ဦးနှောက်ဖွံ့ဖြိုးမှုကို အမှန်တကယ် ထိခိုက်စေနိုင်ပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေ ပြောကြားချက်အရ မိခင်စောင့်ရှောက်မှု အပြည့်အဝ မရတာဟာ ကလေးရဲ့ဖွံ့ဖြိုးမှုအပေါ်
ထိခိုက်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေလည်း ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။
ကလေးငယ်တွေဟာ ဦးနှောက်သေချာ ဖွံ့ဖြိုးဖို့အတွက် တည်ငြိမ်အေးဆေးပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါတယ်။
မိခင်စောင့်ရှောက်မှု ကင်းမဲ့ခြင်းဟာ ဖွံ့ဖြိုးမှုကို နှောင့်ယှက်နိုင်ပြီးတော့ စိတ်ဓာတ်ကျခြင်း၊
အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုလုပ်ခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
၂။ ကလေးတွေမှာ ဒေါသနှင့် အကျင့်ဆိုးတွေ ဖြစ်လာခြင်း
စိတ်ပညာရှင်တွေကတော့ မိဘတွေဟာ သားသမီးတွေကို ဖုန်းကိုင်ချိန် ကန့်သတ်ထားတာထက်
မိမိကိုယ်တိုင်ကလည်း ဖုန်းကို အချိန်တစ်ခုနဲ့ ကိုင်သင့်တယ်လို့ ဆိုပါတယ်။
လေ့လာမှုတွေ ပြုလုပ်တဲ့အခါမှာ မိဘတွေဟာ သားသမီးထက် ဖုန်းကို ပိုဂရုစိုက်နေတာက ကလေးတွေကို ဝမ်းနည်းခြင်း၊
ရူးသွပ်ခြင်း၊ ဒေါသနှင့် အထီးကျန်ခြင်းတွေကို ခံစားရစေကြောင်း တွေ့ရှိခဲ့ပါတယ်။
အချို့ကလေးတွေဟာ သူတို့ကိုပဲ အာရုံစိုက်တာခံချင်လို့ မိဘတွေရဲ့ဖုန်းကို ပျက်စီးအောင်လုပ်တာတွေ၊
ဖွက်ထားတာတွေ စသဖြင့် ရန်လိုတဲ့ လက္ခဏာတွေကို စတင်ပြသတတ်ပါတယ်။
အာရုံစူးစိုက်မှုကင်းမဲ့ခြင်းက ကလေးတွေကို သူတို့ကို မချစ်တော့ဘူးလို့ ခံစားရစေပါတယ်။
ဒီလို ခံစားစေရတာတွေကနေ မိမိကိုယ်ကို လေးစားမှုကို ပျက်ပြားစေပြီး အပြုအမူဆိုင်ရာ ပြဿနာတွေ ဖြစ်စေပါတယ်။
ဒီလိုဖြစ်လာရင် မိဘအုပ်ထိန်းမှုကိုလည်း အလေးမထားတော့သလို ကလေးတွေအတွက်လည်း မလိုအပ်တဲ့ စိတ်ဖိစီးမှု ဖြစ်စေပါတယ်။
၃။ ကလေးတွေဟာ မိဘတွေကို စံပြအဖြစ် မမြင်ကြတော့ခြင်း
ဒီနေ့ခေတ်မှာ လူတွေဟာ သူတို့ရဲ့ဖုန်းတွေကို တစ်မိနစ်လောက် မကိုင်ပဲ မနေနိုင်တော့ပါဘူး။
စားသောက်ဆိုင်တွေက စစ်တမ်းတွေအရ လူတွေဟာ ခုံမှာထိုင်လိုက်ပြီ ဆိုတာနဲ့ သူတို့ရဲ့ ဖုန်းတွေကို တန်းထုတ်ပြီး ကိုင်ကြပါတယ်။
ဒီလို လုပ်တာဟာ မိဘတွေဟာ သူတို့သားသမီးတွေနဲ့ မျက်နှာချင်းဆိုင် အပြန်အလှန်ပြောဆိုဆက်ဆံတာနှင့် သားသမီးတွေရဲ့ ပြုမူပုံတွေကိုလေ့လာဖို့ အခွင့်အလမ်းကို ဆုံးရှုံးစေပါတယ်။
ကလေးတွေဟာ မိဘတွေရဲ့ အပြုအမူကို အတုယူပြီးတော့ ပြောဆိုဆက်ဆံတာကနေတစ်ဆင့် လူမှုဆက်ဆံရေး စွမ်းရည်တွေ ရရှိကြပါတယ်။
ဒါကြောင့် ကလေးတွေနဲ့ စကားစမြည်ပြောဆိုနည်း၊ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နည်းနှင့် အခြားသူတွေကို စိတ်ဝင်စားကြောင်း ပြသတဲ့နည်းတွေက အရေးကြီးပါတယ်။
မိဘတွေဟာ ကလေးတွေရဲ့ စံနမူနာပြအဖြစ် မနေပြရင် ကလေးတွေဟာ လူ့ဘဝရဲ့ အရေးကြီးတဲ့အရာတွေကို လွဲချော်သွားနိုင်ပြီး
ဘဝနှောင်းပိုင်းမှာ လူတွေနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု တည်ဆောက်တဲ့အခါမှာ ပြဿနာတွေ ရှိနိုင်ပါတယ်။
၄။ စိတ်ထိခိုက်ခံစားရတာတွေ ဖြစ်လာနိုင်ခြင်း
မိဘတွေဟာ သားသမီးကို ဘယ်လောက်ပဲချစ်ချစ် သူတို့နဲ့ စကားပြောနေရင်း ဖုန်းကိုထုတ်သုံးနေရင် သူတို့ကို အလေးမထားဘူး ဆိုတဲ့ စိတ်ခံစားချက်တွေ ရှိလာပါတယ်။
ကလေး 56% က အခွင့်အရေးရရင် သူတို့ မိဘတွေရဲ့ စမတ်ဖုန်းတွေကို သိမ်းယူမယ်လို့တောင် လေ့လာချက်တွေမှာ အခိုင်အမာ ဆိုပါတယ်။
ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှာ နုနယ်ပြီးတော့ အခြားသူတွေနှင့် ဆက်ဆံရလွယ်ကူစေတာကြောင့် ကလေးတွေအပေါ် လုံခြုံပြီး ယုံကြည်မှုရှိနေစေဖို့ လိုအပ်ပါတယ်။
မိဘတွေက ကလေးတွေကို ချစ်မြတ်နိုး တန်ဖိုးထားကြောင်း ကလေးတွေ ခံစားရတဲ့အချိန်မှာ သူတို့ကိုယ်သူတို့ တန်ဖိုးရှိကြောင်း ခံစားမိစေပါတယ်။
၅။ ပိုပြီး အထီးကျန်ဆန်လာခြင်း
မိဘနှင့် သားသမီးကြားက စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးဟာ ခိုင်မာပေမယ့်လည်း အားနည်းပါတယ်။
ဒါကို သက်သေပြဖို့အတွက် သုတေသီတွေဟာ အသက် 7 လကနေ 24 လအတွင်း ကလေးငယ်တွေကို လေ့လာခဲ့ပါတယ်။
လေ့လာတဲ့အခါ ကလေးတွေကို မိခင်တွေနှင့် မကစားစေတော့ဘဲ မိခင်တွေဖုန်းကို အာရုံပြောင်းသွားတဲ့ အခြေအနေကို ဖန်တီးခဲ့ပါတယ်။
သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုက အတော်လေးကို အံ့သြစရာပါပဲ။
ကလေးတွေဟာ စိတ်ပူပန်မှုလက္ခဏာတွေ ပြသလာပြီး မိခင်ကလည်း ဖုန်းအသုံးပြုနေချိန်မှာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ စိတ်မဝင်စားကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် မိခင်က ဖုန်းကြာကြာသုံးလေ ကလေးက အထီးကျန်ဆန်ပြီး စိတ်မဝင်စားတဲ့ ကလေးပိုဖြစ်လာလေပါပဲ။
ဖုန်းသုံးပြီးလို့ မိခင်က တူတူကစားဖို့ ခေါ်ရင်တောင် စိတ်မဝင်စား တော့ပါဘူး။
ကလေးတွေဟာ မေတ္တာနှင့် အာရုံစူးစိုက်မှုကိုဟာ တောင့်တကြပြီး သူတို့ကို ဖြည့်ဆည်းပေးရမှာ မိဘတွေရဲ့ အလုပ်ဖြစ်ပါတယ်။
ဒါကြောင့် အိမ်မှာတူတူရှိနေချိန် ဖုန်းကိုသိပ်မသုံးပဲ သူတို့နဲ့သာ အချိန်တူတူ ဖြုန်းပေးမယ်ဆိုရင် အရေးကြီးကိစ္စတွေ ရှိချိန်လောက်မှသာ ဖုန်းကို အသုံးပြုသင့်ပါတယ်။
ဒီလိုဖုန်းကိုချထားပြီး တူတူနေတာက ကလေးကို ပျော်ရွှင်စေရုံသာမကပဲ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူ ဖြစ်စေပါတယ်။
ပြီးတော့လည်း ပျော်ရွှင်ဖူလုံတဲ့ လူသားတစ်ဦးအဖြစ်ကို ပြောင်းလဲစေဖို့ နောက်ထပ် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်စေပါတယ်။
Credit
Unicode
အေမရိကန္ႏိုင္ငံမွာ ပ်မ္းမွ်အားျဖင့္ လူတစ္ေယာက္က တစ္ေန႔ကို ၃ နာရီခန႔္ ဖုန္းအသုံးျပဳပါတယ္။
နည္းပညာေတြက တျဖည္းျဖည္း တိုးတက္လာတာေၾကာင့္ ဖုန္းကို အခ်ိန္ေပးတာမ်ားၿပီး မိသားစုကို အခ်ိန္ေပးတာ နည္းလာတယ္လို႔ စိတ္ပညာရွင္ေတြက ေျပာၾကပါတယ္။
မိဘေတြက ဖုန္းအတြက္ အခ်ိန္ေပးတာမ်ားၿပီး ကေလးကို အခ်ိန္ေပးတာ နည္းရင္ ဘယ္လိုေတြ ခံစားလာရမလဲ ဆိုတာကို ေျပာျပေပးပါမယ္ေနာ္။
၁။ ကေလးေတြရဲ႕ လူမႈေရးဖြံ႕ၿဖိဳးမႈေတြမွာ ျပႆနာရွိလာႏိုင္ျခင္း
မိဘေတြရဲ႕ အာ႐ုံစိုက္မႈ ကင္းမဲ့ျခင္းဟာ ကေလးေတြရဲ႕ စိတ္ဖြံ႕ၿဖိဳးမႈကို အားနည္းေစၿပီးေတာ့ စိတ္ဓာတ္က်ေစပါတယ္။
ၿပီးေတာ့လည္း ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို အမွန္တကယ္ ထိခိုက္ေစႏိုင္ပါတယ္။
ကယ္လီဖိုးနီးယားတကၠသိုလ္က သုေတသီေတြ ေျပာၾကားခ်က္အရ မိခင္ေစာင့္ေရွာက္မႈ အျပည့္အဝ မရတာဟာ ကေလးရဲ႕ဖြံ႕ၿဖိဳးမႈအေပၚ
ထိခိုက္ေစႏိုင္ၿပီး စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေတြလည္း ျဖစ္ေစႏိုင္ေၾကာင္း သိရွိရပါတယ္။
ကေလးငယ္ေတြဟာ ဦးေႏွာက္ေသခ်ာ ဖြံ႕ၿဖိဳးဖို႔အတြက္ တည္ၿငိမ္ေအးေဆးၿပီး ေႏြးေထြးတဲ့ ပတ္ဝန္းက်င္တစ္ခု လိုအပ္ပါတယ္။
မိခင္ေစာင့္ေရွာက္မႈ ကင္းမဲ့ျခင္းဟာ ဖြံ႕ၿဖိဳးမႈကို ေႏွာင့္ယွက္ႏိုင္ၿပီးေတာ့ စိတ္ဓာတ္က်ျခင္း၊
အႏၲရာယ္ရွိတဲ့ အျပဳအမူေတြ ျပဳလုပ္ျခင္းႏွင့္ မူးယစ္ေဆးဝါး သုံးစြဲျခင္းစတဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။
၂။ ကေလးေတြမွာ ေဒါသႏွင့္ အက်င့္ဆိုးေတြ ျဖစ္လာျခင္း
စိတ္ပညာရွင္ေတြကေတာ့ မိဘေတြဟာ သားသမီးေတြကို ဖုန္းကိုင္ခ်ိန္ ကန႔္သတ္ထားတာထက္
မိမိကိုယ္တိုင္ကလည္း ဖုန္းကို အခ်ိန္တစ္ခုနဲ႔ ကိုင္သင့္တယ္လို႔ ဆိုပါတယ္။
ေလ့လာမႈေတြ ျပဳလုပ္တဲ့အခါမွာ မိဘေတြဟာ သားသမီးထက္ ဖုန္းကို ပိုဂ႐ုစိုက္ေနတာက ကေလးေတြကို ဝမ္းနည္းျခင္း၊
႐ူးသြပ္ျခင္း၊ ေဒါသႏွင့္ အထီးက်န္ျခင္းေတြကို ခံစားရေစေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။
အခ်ိဳ႕ကေလးေတြဟာ သူတို႔ကိုပဲ အာ႐ုံစိုက္တာခံခ်င္လို႔ မိဘေတြရဲ႕ဖုန္းကို ပ်က္စီးေအာင္လုပ္တာေတြ၊
ဖြက္ထားတာေတြ စသျဖင့္ ရန္လိုတဲ့ လကၡဏာေတြကို စတင္ျပသတတ္ပါတယ္။
အာ႐ုံစူးစိုက္မႈကင္းမဲ့ျခင္းက ကေလးေတြကို သူတို႔ကို မခ်စ္ေတာ့ဘူးလို႔ ခံစားရေစပါတယ္။
ဒီလို ခံစားေစရတာေတြကေန မိမိကိုယ္ကို ေလးစားမႈကို ပ်က္ျပားေစၿပီး အျပဳအမူဆိုင္ရာ ျပႆနာေတြ ျဖစ္ေစပါတယ္။
ဒီလိုျဖစ္လာရင္ မိဘအုပ္ထိန္းမႈကိုလည္း အေလးမထားေတာ့သလို ကေလးေတြအတြက္လည္း မလိုအပ္တဲ့ စိတ္ဖိစီးမႈ ျဖစ္ေစပါတယ္။
၃။ ကေလးေတြဟာ မိဘေတြကို စံျပအျဖစ္ မျမင္ၾကေတာ့ျခင္း
ဒီေန႔ေခတ္မွာ လူေတြဟာ သူတို႔ရဲ႕ဖုန္းေတြကို တစ္မိနစ္ေလာက္ မကိုင္ပဲ မေနႏိုင္ေတာ့ပါဘူး။
စားေသာက္ဆိုင္ေတြက စစ္တမ္းေတြအရ လူေတြဟာ ခုံမွာထိုင္လိုက္ၿပီ ဆိုတာနဲ႔ သူတို႔ရဲ႕ ဖုန္းေတြကို တန္းထုတ္ၿပီး ကိုင္ၾကပါတယ္။
ဒီလို လုပ္တာဟာ မိဘေတြဟာ သူတို႔သားသမီးေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ အျပန္အလွန္ေျပာဆိုဆက္ဆံတာႏွင့္ သားသမီးေတြရဲ႕ ျပဳမူပုံေတြကိုေလ့လာဖို႔ အခြင့္အလမ္းကို ဆုံးရႈံးေစပါတယ္။
ကေလးေတြဟာ မိဘေတြရဲ႕ အျပဳအမူကို အတုယူၿပီးေတာ့ ေျပာဆိုဆက္ဆံတာကေနတစ္ဆင့္ လူမႈဆက္ဆံေရး စြမ္းရည္ေတြ ရရွိၾကပါတယ္။
ဒါေၾကာင့္ ကေလးေတြနဲ႔ စကားစျမည္ေျပာဆိုနည္း၊ ခ်စ္ျခင္းေမတၱာကို ေဖာ္ျပတဲ့နည္းႏွင့္ အျခားသူေတြကို စိတ္ဝင္စားေၾကာင္း ျပသတဲ့နည္းေတြက အေရးႀကီးပါတယ္။
မိဘေတြဟာ ကေလးေတြရဲ႕ စံနမူနာျပအျဖစ္ မေနျပရင္ ကေလးေတြဟာ လူ႔ဘဝရဲ႕ အေရးႀကီးတဲ့အရာေတြကို လြဲေခ်ာ္သြားႏိုင္ၿပီး
ဘဝေႏွာင္းပိုင္းမွာ လူေတြႏွင့္ စိတ္ပိုင္းဆိုင္ရာ ဆက္သြယ္မႈ တည္ေဆာက္တဲ့အခါမွာ ျပႆနာေတြ ရွိႏိုင္ပါတယ္။
၄။ စိတ္ထိခိုက္ခံစားရတာေတြ ျဖစ္လာႏိုင္ျခင္း
မိဘေတြဟာ သားသမီးကို ဘယ္ေလာက္ပဲခ်စ္ခ်စ္ သူတို႔နဲ႔ စကားေျပာေနရင္း ဖုန္းကိုထုတ္သုံးေနရင္ သူတို႔ကို အေလးမထားဘူး ဆိုတဲ့ စိတ္ခံစားခ်က္ေတြ ရွိလာပါတယ္။
ကေလး 56% က အခြင့္အေရးရရင္ သူတို႔ မိဘေတြရဲ႕ စမတ္ဖုန္းေတြကို သိမ္းယူမယ္လို႔ေတာင္ ေလ့လာခ်က္ေတြမွာ အခိုင္အမာ ဆိုပါတယ္။
ကေလးေတြဟာ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈမွာ ႏုနယ္ၿပီးေတာ့ အျခားသူေတြႏွင့္ ဆက္ဆံရလြယ္ကူေစတာေၾကာင့္ ကေလးေတြအေပၚ လုံၿခဳံၿပီး ယုံၾကည္မႈရွိေနေစဖို႔ လိုအပ္ပါတယ္။
မိဘေတြက ကေလးေတြကို ခ်စ္ျမတ္ႏိုး တန္ဖိုးထားေၾကာင္း ကေလးေတြ ခံစားရတဲ့အခ်ိန္မွာ သူတို႔ကိုယ္သူတို႔ တန္ဖိုးရွိေၾကာင္း ခံစားမိေစပါတယ္။
၅။ ပိုၿပီး အထီးက်န္ဆန္လာျခင္း
မိဘႏွင့္ သားသမီးၾကားက စိတ္ပိုင္းဆိုင္ရာ ေႏွာင္ႀကိဳးဟာ ခိုင္မာေပမယ့္လည္း အားနည္းပါတယ္။
ဒါကို သက္ေသျပဖို႔အတြက္ သုေတသီေတြဟာ အသက္ 7 လကေန 24 လအတြင္း ကေလးငယ္ေတြကို ေလ့လာခဲ့ပါတယ္။
ေလ့လာတဲ့အခါ ကေလးေတြကို မိခင္ေတြႏွင့္ မကစားေစေတာ့ဘဲ မိခင္ေတြဖုန္းကို အာ႐ုံေျပာင္းသြားတဲ့ အေျခအေနကို ဖန္တီးခဲ့ပါတယ္။
သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ တုံ႔ျပန္မႈက အေတာ္ေလးကို အံ့ၾသစရာပါပဲ။
ကေလးေတြဟာ စိတ္ပူပန္မႈလကၡဏာေတြ ျပသလာၿပီး မိခင္ကလည္း ဖုန္းအသုံးျပဳေနခ်ိန္မွာ ပတ္ဝန္းက်င္ကို စူးစမ္းေလ့လာဖို႔ စိတ္မဝင္စားေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။
ဒါေၾကာင့္ မိခင္က ဖုန္းၾကာၾကာသုံးေလ ကေလးက အထီးက်န္ဆန္ၿပီး စိတ္မဝင္စားတဲ့ ကေလးပိုျဖစ္လာေလပါပဲ။
ဖုန္းသုံးၿပီးလို႔ မိခင္က တူတူကစားဖို႔ ေခၚရင္ေတာင္ စိတ္မဝင္စား ေတာ့ပါဘူး။
ကေလးေတြဟာ ေမတၱာႏွင့္ အာ႐ုံစူးစိုက္မႈကိုဟာ ေတာင့္တၾကၿပီး သူတို႔ကို ျဖည့္ဆည္းေပးရမွာ မိဘေတြရဲ႕ အလုပ္ျဖစ္ပါတယ္။
ဒါေၾကာင့္ အိမ္မွာတူတူရွိေနခ်ိန္ ဖုန္းကိုသိပ္မသုံးပဲ သူတို႔နဲ႔သာ အခ်ိန္တူတူ ျဖဳန္းေပးမယ္ဆိုရင္ အေရးႀကီးကိစၥေတြ ရွိခ်ိန္ေလာက္မွသာ ဖုန္းကို အသုံးျပဳသင့္ပါတယ္။
ဒီလိုဖုန္းကိုခ်ထားၿပီး တူတူေနတာက ကေလးကို ေပ်ာ္႐ႊင္ေစ႐ုံသာမကပဲ ကေလးရဲ႕ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈကိုပါ အေထာက္အကူ ျဖစ္ေစပါတယ္။
ၿပီးေတာ့လည္း ေပ်ာ္႐ႊင္ဖူလုံတဲ့ လူသားတစ္ဦးအျဖစ္ကို ေျပာင္းလဲေစဖို႔ ေနာက္ထပ္ အေရးႀကီးေသာ ေျခလွမ္းတစ္ခု ျဖစ္ေစပါတယ္။
Credit