၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်မှာတော့.. အင်္ဂါဂြိုဟ် (ခ) မားစ်ဂြိုဟ်ကို လခြမ်းမှ ခေတ္တခဏ ဖုံးကွယ်သွားမှာဖြစ်ပါတယ်။
လကို ဂြိုဟ်ဖောက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ လ ဟာ ကမ္ဘာဂြိဟ်ရဲ့ ဂြိုဟ်ရံလ တစ်ခုဖြစ်ပြီး အနီရောင်
အင်္ဂါဂြိုဟ်ထက် ပိုမိုနီးကပ်သော နေရာမှာ တည်ရှိတဲ့အတွက်
(မျက်မြင်)အရွယ်အစားအားဖြင့် နှိုင်းယှဉ်ကြည့်လျှင် အဆပေါင်းများစွာ ပိုမိုကြီးမားပါတယ်။
အဲ့ဒါကြောင့် သူတို့နှစ်ခု ရာသီတစ်ခုတည်းမှာ ပူးထပ် (နီးကပ်) တဲ့အခါ လဟာ အင်္ဂါဂြိုဟ်ကို မြင်ကွင်းမှ ဖုံးကွယ်သွားရခြင်း ဖြစ်ပါတယ်။
မိဿရာသီ ကြယ်စုအတွင်းမှာ ဖြစ်ပေါ်မည့် အဆိုပါ ဖုံးကွယ်ခြင်းဖြစ်စဉ်ကို အစ-အဆုံး မြင်တွေ့ရမည့်
ဒေသကတော့ မြေပုံမှာပြထားသလို အမေရိက နဲ့ အာရှအရှေ့ပိုင်းမှ ရုရှား နဲ့ ဂျပန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။
မြေပုံမှာ မျဉ်းအနီနဲ့ပြထားသော နေရာများက အင်္ဂါဂြိုဟ်အား လ စတင်ဖုံးအုပ်ခြင်းကို မြင်တွေ့ရမည့် ဒေသများဖြစ်ပြီး…
အပြာရောင် မျဉ်းကြောင်းနေရာများကတော့ လ အောက်ဖက်မှ အင်္ဂါဂြိုဟ် ပြန်ထွက်လာခြင်းကို မြင်ရမည့် နေရာများပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ မိုးတိမ်ကင်းစင်လျှင် လ နဲ့ အင်္ဂါဂြိုဟ်တို့ နီးကပ်နေခြင်းကိုသာ (သာမန်မျက်စိဖြင့်) မြင်တွေ့ရပါမယ်။
လဟာ ၂၀၂၀ – ၂၀၂၁ ခုနှစ်လောက်ကစလို့ ဂြိုဟ်ပတ်လမ်းကြောင်းတွေနဲ့ လွန်စွာနီးကပ်ပြီး ပူးထပ် (ဖုံးကွယ်) ခြင်းများ ဖြစ်လေ့ရှိပါတယ်။
အထူးသဖြင့် အင်္ဂါဂြိုဟ် (မားစ်)၊ သောကြာဂြိုဟ် (ဗီးနပ်းစ်) နဲ့ ယူရေးနပ်စ်ဂြိုဟ်တို့နဲ့ လမ်းကြောင်းမကြာခဏ တစ်ထပ်တည်းကျလေ့ရှိပါတယ်။
ယခင်ကလည်း နီးကပ်ခဲ့ဖူးပေမဲ့ အခုလို ဖုံးကွယ်ခြင်းကတော့ ဖြစ်တောင့်ဖြစ်ခဲမျိုးပါ။
၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) ညတုန်းက အခုလိုဖုံးကွယ်ခြင်းမျိုး ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံမှလည်း မြင်တွေ့ခဲ့ကြရပါတယ်။
အင်္ဂါဂြိုဟ်ဟာ အနီရောင်အဆင်းရှိတဲ့အတွက် ရောမစစ်နတ်ဘုရား မားစ်ရဲ့အမည်ကို မှည့်ခေါ်ထားခြင်းဖြစ်ပါတယ်။
မြန်မာ (ပါဠိ) အမည် “အင်္ဂါ” ကတော့ “မီးကျီခဲ” လို့ အဓိပ္ပါယ်ရပါတယ်။
မီးကျီခဲလို နီနေတဲ့အတွက် ပေးခဲ့ဟန်တူပါတယ်။
လ ကို တော့ ရှေးပုဂံခေတ်မှာ “လာ” လို့ ခေါ်ဆိုကြပြီး “တန်နင်း”ဆိုတဲ့ နေ့နဲ့ ပေါင်းဖက်ကာ “တနင်္လာ” ဆိုတဲ့ “လနေ့” ဖြစ်လာခဲ့ပါတယ်။
ယခုလို လ ဖုံးကွယ်ခြင်း (တနည်း) လကို ဂြိုဟ်ဖောက်ခြင်း ဖြစ်စဉ်မျိုးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း
နောက်တခေါက် ကြုံတွေ့ရဦးမှာပဲ ဖြစ်ပါတော့တယ်။
အနာဂတ်ပညာရေးအတွက်….
သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)
zawgyi,
၂၀၂၂ ခုႏွစ္ ဇူလိုင္လ (၂၁) ရက္ေန႔ ည ၁၀ နာရီ ၂၅ မိနစ္မွာေတာ့.. အဂၤါၿဂိဳဟ္ (ခ) မားစ္ၿဂိဳဟ္ကို လျခမ္းမွ ေခတၱခဏ ဖုံးကြယ္သြားမွာျဖစ္ပါတယ္။
လကို ၿဂိဳဟ္ေဖာက္ျခင္းလို႔လည္း ဆိုႏိုင္ပါတယ္။ လ ဟာ ကမာၻၿဂိဟ္ရဲ႕ ၿဂိဳဟ္ရံလ တစ္ခုျဖစ္ၿပီး အနီေရာင္
အဂၤါၿဂိဳဟ္ထက္ ပိုမိုနီးကပ္ေသာ ေနရာမွာ တည္ရွိတဲ့အတြက္
(မ်က္ျမင္)အ႐ြယ္အစားအားျဖင့္ ႏႈိင္းယွဥ္ၾကည့္လွ်င္ အဆေပါင္းမ်ားစြာ ပိုမိုႀကီးမားပါတယ္။
အဲ့ဒါေၾကာင့္ သူတို႔ႏွစ္ခု ရာသီတစ္ခုတည္းမွာ ပူးထပ္ (နီးကပ္) တဲ့အခါ လဟာ အဂၤါၿဂိဳဟ္ကို ျမင္ကြင္းမွ ဖုံးကြယ္သြားရျခင္း ျဖစ္ပါတယ္။
မိႆရာသီ ၾကယ္စုအတြင္းမွာ ျဖစ္ေပၚမည့္ အဆိုပါ ဖုံးကြယ္ျခင္းျဖစ္စဥ္ကို အစ-အဆုံး ျမင္ေတြ႕ရမည့္
ေဒသကေတာ့ ေျမပုံမွာျပထားသလို အေမရိက နဲ႔ အာရွအေရွ႕ပိုင္းမွ ႐ုရွား နဲ႔ ဂ်ပန္ႏိုင္ငံတို႔ပဲ ျဖစ္ပါတယ္။
ေျမပုံမွာ မ်ဥ္းအနီနဲ႔ျပထားေသာ ေနရာမ်ားက အဂၤါၿဂိဳဟ္အား လ စတင္ဖုံးအုပ္ျခင္းကို ျမင္ေတြ႕ရမည့္ ေဒသမ်ားျဖစ္ၿပီး…
အျပာေရာင္ မ်ဥ္းေၾကာင္းေနရာမ်ားကေတာ့ လ ေအာက္ဖက္မွ အဂၤါၿဂိဳဟ္ ျပန္ထြက္လာျခင္းကို ျမင္ရမည့္ ေနရာမ်ားပဲျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာကေတာ့ မိုးတိမ္ကင္းစင္လွ်င္ လ နဲ႔ အဂၤါၿဂိဳဟ္တို႔ နီးကပ္ေနျခင္းကိုသာ (သာမန္မ်က္စိျဖင့္) ျမင္ေတြ႕ရပါမယ္။
လဟာ ၂၀၂၀ – ၂၀၂၁ ခုႏွစ္ေလာက္ကစလို႔ ၿဂိဳဟ္ပတ္လမ္းေၾကာင္းေတြနဲ႔ လြန္စြာနီးကပ္ၿပီး ပူးထပ္ (ဖုံးကြယ္) ျခင္းမ်ား ျဖစ္ေလ့ရွိပါတယ္။
အထူးသျဖင့္ အဂၤါၿဂိဳဟ္ (မားစ္)၊ ေသာၾကာၿဂိဳဟ္ (ဗီးနပ္းစ္) နဲ႔ ယူေရးနပ္စ္ၿဂိဳဟ္တို႔နဲ႔ လမ္းေၾကာင္းမၾကာခဏ တစ္ထပ္တည္းက်ေလ့ရွိပါတယ္။
ယခင္ကလည္း နီးကပ္ခဲ့ဖူးေပမဲ့ အခုလို ဖုံးကြယ္ျခင္းကေတာ့ ျဖစ္ေတာင့္ျဖစ္ခဲမ်ိဳးပါ။
၂၀၂၁ ခုႏွစ္ ဧၿပီလ (၁၇) ရက္ (ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔) ညတုန္းက အခုလိုဖုံးကြယ္ျခင္းမ်ိဳး ျဖစ္ေပၚခဲ့ၿပီး ျမန္မာႏိုင္ငံမွလည္း ျမင္ေတြ႕ခဲ့ၾကရပါတယ္။
အဂၤါၿဂိဳဟ္ဟာ အနီေရာင္အဆင္းရွိတဲ့အတြက္ ေရာမစစ္နတ္ဘုရား မားစ္ရဲ႕အမည္ကို မွည့္ေခၚထားျခင္းျဖစ္ပါတယ္။
ျမန္မာ (ပါဠိ) အမည္ “အဂၤါ” ကေတာ့ “မီးက်ီခဲ” လို႔ အဓိပၸါယ္ရပါတယ္။
မီးက်ီခဲလို နီေနတဲ့အတြက္ ေပးခဲ့ဟန္တူပါတယ္။
လ ကို ေတာ့ ေရွးပုဂံေခတ္မွာ “လာ” လို႔ ေခၚဆိုၾကၿပီး “တန္နင္း”ဆိုတဲ့ ေန႔နဲ႔ ေပါင္းဖက္ကာ “တနလၤာ” ဆိုတဲ့ “လေန႔” ျဖစ္လာခဲ့ပါတယ္။
ယခုလို လ ဖုံးကြယ္ျခင္း (တနည္း) လကို ၿဂိဳဟ္ေဖာက္ျခင္း ျဖစ္စဥ္မ်ိဳးကို ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလထဲမွာလည္း
ေနာက္တေခါက္ ႀကဳံေတြ႕ရဦးမွာပဲ ျဖစ္ပါေတာ့တယ္။
အနာဂတ္ပညာေရးအတြက္….
သန႔္ဦး (အာကာသႏွင့္စၾကဝဠာ သင္ေထာက္ကူ)