ဗဟုသုတ

ကိုယ်ဝယ်မယ့်ပစ္စည်းတွေကို အတုအစစ်ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့အချက်များ

ကိုယ်ဝယ်မယ့်ပစ္စည်းတွေကို အတုအစစ်ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့အချက်များ

ယနေ့လို နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ မသမာသောနည်းနဲ့ ငွေရှာသူတွေအတွက်လည်း ခွင်(ဂွင်)တွေ များစွာကျန်နေပါသေးတယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ် မသမာတဲ့ ဝိသမလောဘသမားတွေက ရှိနေတာပါ။အခုဖော်ပြချင်တာကတော့ ကိုယ်ဝယ်မယ့်ပစ္စည်းကို အတု/အစစ် ခွဲခြားသိနိုင်ဖို့ သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆက်သွယ်ရန်လိပ်စာ ပါမပါ

ထုတ်ကုန်အတုတွေမှာ သာမန်အားဖြင့် ဆက်သွယ်ရန် လိပ်စာ မပါတတ်ပါဘူး။သာမန်အားဖြင့်တော့ လူထုယုံကြည်ရတဲ့ ထုတ်ကုန်တွေမှာ အနည်းဆုံး ဆက်သွယ်ရန်ဖုန်းနံပတ်လောက်တော့ ပါတတ်ပါတယ်။နိုင်ငံတော်တော်များများမှာတော့ ဆက်သွယ်ရန်လိပ်စာ အသေးစိတ်ကို ထည့်သွင်းကြပါတယ်။

ဒီနည်းအားဖြင့် ကာစတမ်မာတွေဆီက ကွန်ပလိန်းတွေ ကောင်းတဲ့ Feedback တွေကို ရရှိဖို့ ရည်ရွယ်ကြတာပါ။

(၂) ဆက်စပ်ပစ္စည်းများ ပြည့်စုံစွာ မပါခြင်း

အချို့သော အတုထုတ်ကုန်တွေဟာ အစစ်နဲ့မခြား ပြုလုပ်ထားကြသော်လည်း အစစ်နဲ့ မတူတာက ထုတ်ပိုးမှုပုံစံ ကွဲပြားကြပါတယ်။ဒါ့အပြင် ကုမ္ပဏီကနေ ဖြည့်စွက်ထည့်ပေးတဲ့ ဆက်စပ်ပစ္စည်း တိုလီမုတ်စလေးတွေကျတော့ ပါမလာတတ်ပါဘူး။

ဒါဆိုရင် အတုလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ဖုန်းဝယ်ယူတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။

(၃) ဈေးနှုန်းသိသိသာသာ ချိုနေတတ်ခြင်း

အရောင်းပရိုမိုးရှင်း ရာသီမဟုတ်ဘဲ၊ သို့တည်းမဟုတ် ကုမ္ပဏီက တရားဝင် အရောင်းပရိုးမိုးရှင်း မပေးပါဘဲ၊ ပုံစံတူ ကုန်ပစ္စည်းတစ်ခုကို ရောင်းချတဲ့အခါမှာ ဈေးနှုန်းက သိသိသာသာ ချိုနေတတ်ရင် သတိထားသင့်ပါတယ်။ပစ္စည်းအတု ထုတ်ပိုးမှုမှာ Brand ကို ကြည့်ရုံနဲ့ မရပါဘူး။ ၎င်းရဲ့ ကျန်အင်လက္ခဏာတွေကို စစ်ဆေးရပါမယ်။

(၄) ရေစာနဲ့ Logo ပုံတွေကို စစ်ဆေးပါ

အတုလုပ်တဲ့သူတော်တော်များများကတော့ ရေစာတွေ၊ Logo တွေရဲ့ပုံတွေကို ဖြစ်နိုင်သမျှ တူအောင် လုပ်ထားတတ်ပါတယ်။ဒါပေမယ့် ဝယ်ယူသူရဲ့ မူလအသိပညာမှာ အစစ်ရဲ့ Logo တွေ၊ ရေစာတွေကို မျက်မှန်းတန်းမိနေဖို့ လိုအပ်ပါတယ်။တချို့ပစ္စည်းအတုတွေက သံတူကြောင်းကွဲ ပြင်ဆင်ထားတတ်ပါတယ်။

ဥပမာ Adidas ဆိုရင် Adides ဆိုပြီး ပုံမှားရိုက်တတ်ပါတယ်။

(၅) အရောင်းကိုယ်စားလှယ်ဆိုင်မှာ မဟုတ်ရင် သတိထား

ယနေ့ခေတ်မှာ နာမည်ကြီး လူသုံးကုန်ပစ္စည်းတွေဟာ သာမန်စတိုး အကြိုအကြားတွေမှာ ပစ္စည်းတင်ရောင်းတာမျိုး နည်းသွားပါပြီ။သူတို့ရဲ့ မားကတ်တင်း ဗျူဟာအရ အရောင်းကိုယ်စားလှယ်၊ အရောင်းခန်းမ စသည်တို့ ဖွင့်လှစ်ပြီး ရောင်းချကြလေ့ရှိပါတယ်။

ဒါပေမယ့် သူတို့ကုန်ပစ္စည်းတွေ တခြားဆိုင်မှာ မရှိနိုင်ဘူးလားဆိုတော့ ရှိနိုင်ပါတယ်။သို့သော် သိထားရမှာက အဲဒီလို ဆိုင်တွေမှာ ဈေးနှုန်းမူမမှန်းခြင်း၊ ပစ္စည်းအတုနဲ့ ရောနှောရောင်းတတ်ခြင်း၊ ဆက်စပ်ပစ္စည်းတွေ အစုံအလင် မပါဝင်ခြင်း၊အစစ်ဖြစ်နေရင်တောင် သက်တမ်းလွန် ရောင်းမကုန်တဲ့ပစ္စည်းတွေ ဖြစ်နေတတ်ခြင်း စတဲ့ အားနည်းချက်တွေ ရှိတတ်တာမို့ သတိထားသင့်ပါတယ်။

(၆) ကိုယ်ဝယ်မယ့်ပစ္စည်းအကြောင်း ကိုယ်တိုင်သိထားဖို့လို

ကိုယ်ဝယ်မယ့်ပစ္စည်းက အဖြူလား အမည်းလားဆိုတာ ကိုယ်တိုင်သိထားဖို့ လိုပါတယ်။ဖုန်းတွေဘာတွေဆိုရင် RAM က ဘယ်လောက်၊ မန်မိုရီက ဘယ်လောက်၊ ဗားရှင်းက ဘယ်လောက် စတာတွေကို အကြမ်းဖျဉ်း သိထားသင့်ပါတယ်။

တခြားနည်းပညာ ပစ္စည်းတွေဆိုရင်လည်း ဘယ်လိုပုံစံ၊ ဈေးဘယ်လောက် စတဲ့အခြေခံအချက်လေးတွေ သိထားရင်၊ ပစ္စည်းမှား ဝယ်ယူမိခြင်းက သက်သာစေမှာပါ။

Crd

ကိုယ္ဝယ္မယ့္ပစၥည္းေတြကို အတုအစစ္ခြဲျခားႏိုင္ဖို႔ သိထားသင့္တဲ့အခ်က္မ်ား

ယေန႔လို နည္းပညာတိုးတက္ေနတဲ့ ေခတ္ႀကီးမွာ မသမာေသာနည္းနဲ႔ ေငြရွာသူေတြအတြက္လည္း ခြင္(ဂြင္)ေတြ မ်ားစြာက်န္ေနပါေသးတယ္။ဘယ္ေနရာမွာပဲျဖစ္ျဖစ္ မသမာတဲ့ ဝိသမေလာဘသမားေတြက ရွိေနတာပါ။အခုေဖာ္ျပခ်င္တာကေတာ့ ကိုယ္ဝယ္မယ့္ပစၥည္းကို အတု/အစစ္ ခြဲျခားသိႏိုင္ဖို႔ သိထားသင့္တဲ့အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဆက္သြယ္ရန္လိပ္စာ ပါမပါ

ထုတ္ကုန္အတုေတြမွာ သာမန္အားျဖင့္ ဆက္သြယ္ရန္ လိပ္စာ မပါတတ္ပါဘူး။သာမန္အားျဖင့္ေတာ့ လူထုယုံၾကည္ရတဲ့ ထုတ္ကုန္ေတြမွာ အနည္းဆုံး ဆက္သြယ္ရန္ဖုန္းနံပတ္ေလာက္ေတာ့ ပါတတ္ပါတယ္။ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ့ ဆက္သြယ္ရန္လိပ္စာ အေသးစိတ္ကို ထည့္သြင္းၾကပါတယ္။

ဒီနည္းအားျဖင့္ ကာစတမ္မာေတြဆီက ကြန္ပလိန္းေတြ ေကာင္းတဲ့ Feedback ေတြကို ရရွိဖို႔ ရည္႐ြယ္ၾကတာပါ။

(၂) ဆက္စပ္ပစၥည္းမ်ား ျပည့္စုံစြာ မပါျခင္း

အခ်ိဳ႕ေသာ အတုထုတ္ကုန္ေတြဟာ အစစ္နဲ႔မျခား ျပဳလုပ္ထားၾကေသာ္လည္း အစစ္နဲ႔ မတူတာက ထုတ္ပိုးမႈပုံစံ ကြဲျပားၾကပါတယ္။ဒါ့အျပင္ ကုမၸဏီကေန ျဖည့္စြက္ထည့္ေပးတဲ့ ဆက္စပ္ပစၥည္း တိုလီမုတ္စေလးေတြက်ေတာ့ ပါမလာတတ္ပါဘူး။

ဒါဆိုရင္ အတုလို႔ ေျပာလို႔ရပါတယ္။ အထူးသျဖင့္ ဖုန္းဝယ္ယူတဲ့အခါမ်ိဳးမွာ ျဖစ္တတ္ပါတယ္။

(၃) ေဈးႏႈန္းသိသိသာသာ ခ်ိဳေနတတ္ျခင္း

အေရာင္းပ႐ိုမိုးရွင္း ရာသီမဟုတ္ဘဲ၊ သို႔တည္းမဟုတ္ ကုမၸဏီက တရားဝင္ အေရာင္းပ႐ိုးမိုးရွင္း မေပးပါဘဲ၊ ပုံစံတူ ကုန္ပစၥည္းတစ္ခုကို ေရာင္းခ်တဲ့အခါမွာ ေဈးႏႈန္းက သိသိသာသာ ခ်ိဳေနတတ္ရင္ သတိထားသင့္ပါတယ္။ပစၥည္းအတု ထုတ္ပိုးမႈမွာ Brand ကို ၾကည့္႐ုံနဲ႔ မရပါဘူး။ ၎ရဲ႕ က်န္အင္လကၡဏာေတြကို စစ္ေဆးရပါမယ္။

(၄) ေရစာနဲ႔ Logo ပုံေတြကို စစ္ေဆးပါ

အတုလုပ္တဲ့သူေတာ္ေတာ္မ်ားမ်ားကေတာ့ ေရစာေတြ၊ Logo ေတြရဲ႕ပုံေတြကို ျဖစ္ႏိုင္သမွ် တူေအာင္ လုပ္ထားတတ္ပါတယ္။ဒါေပမယ့္ ဝယ္ယူသူရဲ႕ မူလအသိပညာမွာ အစစ္ရဲ႕ Logo ေတြ၊ ေရစာေတြကို မ်က္မွန္းတန္းမိေနဖို႔ လိုအပ္ပါတယ္။တခ်ိဳ႕ပစၥည္းအတုေတြက သံတူေၾကာင္းကြဲ ျပင္ဆင္ထားတတ္ပါတယ္။

ဥပမာ Adidas ဆိုရင္ Adides ဆိုၿပီး ပုံမွား႐ိုက္တတ္ပါတယ္။

(၅) အေရာင္းကိုယ္စားလွယ္ဆိုင္မွာ မဟုတ္ရင္ သတိထား

ယေန႔ေခတ္မွာ နာမည္ႀကီး လူသုံးကုန္ပစၥည္းေတြဟာ သာမန္စတိုး အႀကိဳအၾကားေတြမွာ ပစၥည္းတင္ေရာင္းတာမ်ိဳး နည္းသြားပါၿပီ။သူတို႔ရဲ႕ မားကတ္တင္း ဗ်ဴဟာအရ အေရာင္းကိုယ္စားလွယ္၊ အေရာင္းခန္းမ စသည္တို႔ ဖြင့္လွစ္ၿပီး ေရာင္းခ်ၾကေလ့ရွိပါတယ္။

ဒါေပမယ့္ သူတို႔ကုန္ပစၥည္းေတြ တျခားဆိုင္မွာ မရွိႏိုင္ဘူးလားဆိုေတာ့ ရွိႏိုင္ပါတယ္။သို႔ေသာ္ သိထားရမွာက အဲဒီလို ဆိုင္ေတြမွာ ေဈးႏႈန္းမူမမွန္းျခင္း၊ ပစၥည္းအတုနဲ႔ ေရာေႏွာေရာင္းတတ္ျခင္း၊ ဆက္စပ္ပစၥည္းေတြ အစုံအလင္ မပါဝင္ျခင္း၊အစစ္ျဖစ္ေနရင္ေတာင္ သက္တမ္းလြန္ ေရာင္းမကုန္တဲ့ပစၥည္းေတြ ျဖစ္ေနတတ္ျခင္း စတဲ့ အားနည္းခ်က္ေတြ ရွိတတ္တာမို႔ သတိထားသင့္ပါတယ္။

(၆) ကိုယ္ဝယ္မယ့္ပစၥည္းအေၾကာင္း ကိုယ္တိုင္သိထားဖို႔လို

ကိုယ္ဝယ္မယ့္ပစၥည္းက အျဖဴလား အမည္းလားဆိုတာ ကိုယ္တိုင္သိထားဖို႔ လိုပါတယ္။ဖုန္းေတြဘာေတြဆိုရင္ RAM က ဘယ္ေလာက္၊ မန္မိုရီက ဘယ္ေလာက္၊ ဗားရွင္းက ဘယ္ေလာက္ စတာေတြကို အၾကမ္းဖ်ဥ္း သိထားသင့္ပါတယ္။

တျခားနည္းပညာ ပစၥည္းေတြဆိုရင္လည္း ဘယ္လိုပုံစံ၊ ေဈးဘယ္ေလာက္ စတဲ့အေျခခံအခ်က္ေလးေတြ သိထားရင္၊ ပစၥည္းမွား ဝယ္ယူမိျခင္းက သက္သာေစမွာပါ။

Crd