Knowledge

မြစ်ဆုံနှင့် ငလျင် (သို့) ပြတ်ရွေ့ကြောပေါ်က ချိန်ကိုက်မိုင်းတစ်လုံး

မြစ်ဆုံနှင့် ငလျင် (သို့) ပြတ်ရွေ့ကြောပေါ်က ချိန်ကိုက်မိုင်းတစ်လုံး..

A timing mine on a confluence and an earthquake or fault line

(၁) ဘူမိဗေဒအချက်အလက်များအရ မြစ်ဆုံလုပ်မယ့်နေရာနဲ့မလှမ်းမကမ်း မိုင် ၅၀ ဝန်းကျင်မှာ မြန်မာနိုင်ငံကို မြောက်ကနေတောင်အထိ ဖြတ်သွားတဲ့ ကမ္ဘာမြေ အက်ကြောင်းကြီးရှိတယ်။

အဲဒီအက်ကြောင်းကြီးက ငြိမ်မနေဘူး အခုအထိရွေ့ဆဲ..(အသက်ရှိဆဲ) ဖြစ်တယ်။

A timing mine on a confluence and an earthquake or fault line.

(၂) Hydrostatic Pressure သဘောအရ တည်ငြိမ်နေတဲ့ ရေ ၁ ကုဗမီတာဟာ အလေးချိန်အားဖြင့် တစ်တန်လေးတယ်။

မြစ်ဆုံဆည်တည်ဆောက်ပြီး ရေလှောင်မည့်ဧရိယာဟာ မျက်စိထဲမြင်သာအောင်ပြောရရင်.. စင်ကာပူနိုင်ငံထက် ကျယ်မယ်။

အဲဒီဧရိယာမှာလှောင်မယ့်ရေဟာ ကုဗမီတာ သန်းပေါင်း တစ်သိန်းကျော်လောက်ရှိမယ်လို့ သိရတယ်။ အဲဒါဆိုရင် ရေအပြည့်လှောင်ပြီးချိန်မှာ အဲဒီနေရာရှိမြေကြီးပေါ်ကို အလေးချိန်တန်ပေါင်း သန်းပေါင်း တစ်သိန်းလောက် တင်ပေးလိုက်တဲ့သဘောဖြစ်သွားမယ်။

A timing mine on a confluence and an earthquake or fault line.

(၃) နဂိုကမှ ကမ္ဘာမြေအက်ကြောင်းဖြစ်ပြီး မြေရွေ့လျားမှုရှိနေဆဲ.. မြေကြီးအပေါ်ကို အလွန်အမင်းများပြားတဲ့ အလေးချိန်နဲ့ဖိလိုက်ရင် အဲဒီမြေကြီးဟာ ရွေ့မှာအသေအချာပဲ။

(၄) ကမ္ဘာမြေကြီးရုတ်တရက်ရွေ့တာကို ငလျင်လှုပ်တာလို့ ခေါ်လေ့ရှိတယ်။ ဒီနေရာကလှုပ်မယ့် ငလျင်ဟာ ပြင်းအားခပ်ပျော့ပျော့လာမှာ မဟုတ်ဘူး။

(၅) ငလျင်ကြောင့် ဆည်ကြီးကျိုးရင် ကျလာမယ့်ရေအားဟာ မြစ်ကြီးနားလိုမြို့မျိုးကို မိနစ်ပိုင်းအတွင်း ပျောက်သွားစေမှာ၊ ကုန်းတွင်းဆူနာမီကို ခံစားရမယ်။

ဒါတင်မကဘူး မြစ်ကြောင်းတလျှောက်မှာရှိတဲ့ မြို့ရွာအားလုံးမှာ ရေကြီးရေလျှံဒုက္ခတွေ့မယ်။

ကုန်းတွင်းဆူနာမီဖြစ်လာမယ်။ ပြီးခဲ့တဲ့နှစ်က ဆွာချောင်းရေလှောင်တမံ ပိစိလေးကျိုးတာတောင် ပြည်သူတွေဘယ်လောက်ဒုက္ခတွေ့ခဲ့လဲ အမြင်ပဲ။

A timing mine on a confluence and an earthquake or fault line.

(၆) မြစ်ဆုံဆည်လုပ်ဖြစ်ရင် အုပ်ချုပ်မှု အပါအဝင် စက်လည်ပတ်မှုအဆုံး သူတို့ယူထားမှာ။ မြန်မာက ဝင်စွက်လို့မရနိုင်ဘူး။

မြန်မာပြည်ရဲ့ထိပ်ဆုံး အမြင့်ဆုံးနေရာက အတိုင်းအဆမရှိကြီးမားတဲ့ ရေလှောင်တမံ(ဆည်)ကြီးရဲ့ထိန်းချုပ်မှုအဝဝဟာ ကိုယ့်မြန်မာလက်ထဲမှာမရှိဘဲ သူတို့လက်ထဲမှာရှိတာဟာ မြန်မာနိုင်ငံကို အချိန်မရွေးဒုက္ခပေးနိုင်တဲ့ ချိန်ကိုက်ဗုံးကြီးကို အပ်နှင်းထားသလိုပဲ၊

ကျားသနားမှ နွားချမ်းသာရမယ့်ကိန်းပါ။ ဒါဟာ စစ်ရေးအမြင်အရ ကြည့်ကိုကြည့်ရမယ့်ကိစ္စပါ..။ မီးရဖို့ကိစ္စလေးတစ်ခုတည်း ကြည့်လို့မရပါ။

(၇) မူလစာချုပ်ကို အသေးစိတ်မသိရပေမယ့် လျှပ်စစ်ခွဲဝေမှုအချိုးဟာ ကြားနေရသလို ၉၀:၁၀ ဆိုရင် ..ကိုယ့်နိုင်ငံရဲ့ ဂေဟစနစ်တွေအပျက်စီးခံပြီး သူများနိုင်ငံကို အလုပ်အကျွေးပြုသလိုဖြစ်မနေဘူးလား။

ရွှေလီမှာ တစ်ခါဖြစ်ခဲ့ပြီးပြီ။ အမှားဆိုတာ မထပ်သင့်ပါဘူး။ အမှားထပ်ရင် ညံ့လို့ပါ။

(၈) မရပ်ဆိုင်းမီက အလုပ်တွေအတွက် ကုန်ကျစရိတ်တွေရှိတယ် ပြောကြတယ်။

ဆည်ဆောက်ဖို့ ကုန်ကျစရိတ်လား၊ ဒါမှမဟုတ် ဆည်ပြီးလို့ထွက်လာမယ့် လျှပ်စစ်ကိုရယူဖို့ သွယ်တန်းမယ့် မီးလိုင်းပြင်ဆင်မှုတွေအတွက်လား။ အဲဒါတွေအတွက် မြန်မာက ကျခံရမယ်ဆိုရင် တရားသလား၊။

(၉) တွေးစရာ မေးစရာတွေကတော့ အများကြီးပါ။

(၁၀) သစ်တောသစ်ပင်တွေသာ ဖုံးလွှမ်းနေတဲ့ဧရိယာမှာ စင်ကာပူနိုင်ငံလောက်ကျယ်ဝန်းတဲ့ ရေပြင်ကြီးဖြစ်ပေါ်လာရင် အဲဒီဒေသနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ မူလရာသီဥတုဟာ အကြီးအကျယ်ပြောင်းလဲသွားမှာကော ထည့်တွက်ပြီးကြပြီလား။

အလွန်ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

(၁၁) နောက်ဆုံးတစ်ချက်က ဧရာဝတီမြစ်ကြောင်းတလျှောက် ရွှေကျင်လို့ရတယ်။ မြစ်ဆုံအထက်မှာ ပိုရတယ်။ အခုလည်း မြစ်ဆုံပတ်ဝန်းကျင်မှာ ရနေတယ်။ ဘယ်ကလာလဲ။

မြစ်ဆုံအထက် မြေကြီးတွေကနေ မိုးရေ ချောင်းရေ မြစ်ရေစီးတွေကြောင့် ပါလာပြီးရနေတာ။ ဆည်လုပ်ပြီးရင် ရွှေရှိတဲ့မြေကြီးတွေ ရေအောက်ရောက်သွားမယ်။

ဆည်အထက်က ရွှေရှိတဲ့မြေတွေကလည်း ရေစီးနဲ့အတူ ဆည်ထဲရောက်သွားလို့ ဘယ်သူမှမရဘဲ ပျောက်သွားမယ်။ သဘာဝအလျောက်ရလာတဲ့ သယံဇာတတွေ ဆုံးရှုံးသွားမယ်။

A timing mine on a confluence and an earthquake or fault line.

အားလုံးကိုပြန်ချုပ်လိုက်ရင်တော့ ကျွန်တော်တစ်ဦးတည်းရဲ့သဘောထားကတော့.. မြစ်ဆုံဆည်ဟာ လုံးဝ(လုံးဝ) မလုပ်သင့်တာပါ။

မြစ်ဆုံမလုပ်လို့ ကျွန်တော်တို့နိုင်ငံ လျှပ်စစ်မရစရာအကြောင်းမရှိပါဘူး..။

တခြားနေရာ၊ တခြားနည်းတွေနဲ့ လျှပ်စစ်ရအောင်လုပ်ပြီး.. နိုင်ငံတည်ဆောက်လို့ရပါတယ်။

မြစ်ဆုံမှမလုပ်ရင် မြန်မာပြည် လျှပ်စစ်ဓာတ်အားရစရာမရှိဘူး၊ လုပ်မှဖြစ်ကိုဖြစ်မှာဆိုရင်တော့ စွန့်စားရမှာပါ။

ဒါပေမဲ့ အဲဒီလို မိုက်မိုက်ကန်းကန်း စွန့်စားဖို့မလိုဘဲ ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အားရအောင်လုပ်နိုင်တဲ့ အခြေအနေတွေ အများကြီး(အများကြီး) ရှိတဲ့အတွက် မြစ်ဆုံမလုပ်သင့်ကြောင်းပါ။

credit – ထွန်းထွန်း(သတ္တုတွင်း)