ဂွေးတောက်ပင်အား စီးပွားဖြစ် စနစ်တကျ စိုက်ပျိုးနည်းလေးကို ပြန်လည် မျှဝေလေးလိုက်ပါတယ်နော်
မျိုးစေ့ရရှိနိုင်မှု
ဂွေးတောက်ပင်ဟာ နှစ်ရှည်ပင်အမျိုးအစားဖြစ်လို့ စိုက်ပျိုးပြီး ၂ လအကြာမှစ၍ နှစ်ရှည် ဆယ်စုနှစ်အထိ ခူးယူနိုင်သော အပင်အမျိုးအစားဖြစ်ပါတယ်။နှစ်ရင့်ဂွေးတောက်ပင်များတွင် တစ်နှစ်တကြိမ် ဖူးပွင့် ကာ နွေရာသီတွင် အသီး သီးလေ့ရှိပါတယ် ။
အသီးများရင့်ပြီးချိန်တွင် အသီးများမှာကွဲအက်၍ အလွန်သေးငယ်သော အစေ့များမှာ အစေ့အညှာတိုင်မှ ဂွမ်းနှင့်အတူ လေထဲပါသွားလေ့ရှိပြီး ဂွမ်းကျရာနေရာများတွင် အစေ့ငယ်ကျကာ အပင်ပေါက်၍ မျိုးပွားလေ့ရှိပါသည်။
ဂွေးတောက်ပင်အား မျိုးစေ့ယူလိုပါက အသီးရင်များကိုခူး၍ အစေ့ထုတ်ယူနိုင်ပါတယ် ။ သိုမဟုတ် သစ်ပင်များတွင် တွယ်ကပ်နေသော နှစ်ရင့်အပင်ကြီးများ..
အနီးတဝိုက်တွင့် အစေ့ကျပေါက်နေသော ပျိုးပင်ငယ်များကို ရှာဖွေရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါတယ်။ ဂွေးတောက်ပင်အား စနစ်တကျ စီပွားဖြစ်စိုက်ပျိုးလိုပါက
အစေ့ချပျိုးထောင်ခြင်း
ကျနော် စိုက်ပျိုးသောနည်းလမ်းကတော့ ပျိုးအိတ် (3″×5″ )ဆိုက်တွင် နွားချေး ကြက်ချေး မြေဆွေးတို့အား သင့်လျော်သလိုရောစပ်ထည့်ကာစနစ်ကျ မျိုးစေ့ချ၍ စိုက်ပျိုးထောင်ပါတယ်။
ပျိုးအိတ်ငယ်တစ်အိတ်တွင် မျိုးစေ့ တစ်စေ့သာထည့်ပါတယ်။ စင်ပျိုးထောင်ပြီး ၅ ရက်မှ ၇ ရက်အတွင်း အပင်ပေါက်လေ့ရှိပြီး ပျိုးသက် ၄၅ ရက်တွင်စတင်ရွှေ့ပြောင်းစိုက်လိုရပါပြီ။
မြေပြင်ခြင်း
စိုက်ပျိုးမည့်မြေနေရာအား ထည်ရေးညပ်အောင်ပြုလုပ်၍ စိုက်ပျိုးဘောင်အား အနံ ပေ ခန့် နှင့် အလျှားသင့်လျော်သလို စနစ်တကျ ပြုလုပ်ပါတယ်။
မြေပြင်ရာတွင် စိုက်မျိုးမြေအား နွားချေး ကြက်ချေး မြေဆွေးတို့အား သမ အောင်ရောစပ်၍ တီစူပါ သို့ မဟုတ် ၁၅×၁၅ ဓာတ်မြောသြဇာ အနည်းငယ်ထည့်၍ စိုက်ဘောင်များ အတွဲ အတန်းညီအောင် စနစ်တကျပြုပြင်ပါတယ်။
စိုက်ပျိုးခြင်း
မြေဆွေး ၊ နွားချေး ၊ ကြက်ချေးတို့ဖြင့်စနစ်တကျ ပြုပြင်ထားသော အနံ ၃ ပေခန့် အကျယ် စိုက်ဘောင်တွင် ပျိုးပင်ငယ်အား ပင်ခြား ၁၀ လက်မ တန်းခြား ၁၂ လက် မှခန့် ခြား၍ အတွဲအတန်း ညီညာမှုရှိအောင် စနစ်တကျစိုက်ပျိုးပါတယ်။
ပျိုးပင်တွင်ပါလာသော ပျိုးအိပ်အား ပျိုးပင်စိုက်ထားသည့် မြေခဲမကြေမွစေရန် သတိပြု၍ ရွှေ့ပြောင်းစိုက်မျိုးရပါမည်။စိုက်ပျိုးရာတွင် နေအေး သည့် ညနေပိုင်းအချိန် အများတွင်စိုက်ပျိုးရန်လိုအပ်ပါသည်။
ရေးလောင်ခြင်းနှင့် အပင် ထိန်းသိမ်းခြင်း
ပျိုးပင်ငယ်အား ရွေ့စိုက်ခါစ ၃ ရက်အတွင်း တနေ့လျှင် ရေ၃ကြိမ်ခန်း ရေအစိုဓာတ်ရအောင် လောင်းသည့်ပါတယ်။
အပင် ရှင်သန်ပြီချိန်များတွင် နွေရာသီအချိန် တွင် တစ်နေ့လျှင် ည အနက် ၂ ကြိမ် ခန့် ဆောင်ရာသီးနှင့် မိုးရာသီများတွင် တနေ့ ၁ ကြိမ်ခန့်ပုံမှန် ရေလောင်ပေးရုံဖြင့် ပြည်စုံလုံလောက်ခန့်ရှိပါသည်။
ရွှေ့ပြောင်းစိုက်ပျိုးပြီး ၄၅ ရက်နောက့ပိုင်းတွင် ၁၄ ရက်တွင် အပင်အရွက် ဖျန်းအားဆေး ( အာမို 1 သို့မဟုတ် ကောမတ် 1) တို့အား ဖျန်းပေးသင့်ပါသည်။ ထိုမှသာ မကြာခဏ အညွန်ခူးယူနိုင်ပါမည်။
ဂွေးတောက်ပင်များတွင် အရွက်အား စားသော ရွတ်ဖျက်ပိုးများ မကြာခဏ ကျရောက်တက်လို့ ပင်လုံးပျံ့ပိုးသတ်ဆေးတစ်မျိုးအား တစ်လလျှင်
တစ်ကြိမ်ခန့် ဖျန်းပေးခြင်း သ်ု့မဟုတ် ပိုးကောင် ကျရောခါစအချိန်များတွင် လိုအပ်သလို ပိုးသတ်ဆေးဖျန်းခြင်းပြုလုပ်သင့်ပါသည်။
အပင်ဖြစ်ထွန်းချိန်တွင် အပင်အား တပေခွဲခန့် ထက်ပို၍ အမြင့်မခဲဘဲ အညွန့်များအား ခူးဖျက်ပေးရပါမည်။ ထိုမှသာ ညီညာလှပ၍ အရွက်ထွက်နှုန်းကောင်းမွန်မည်ဖြစ်ပါသည်။
ဒါကတော့ ကျနော် လက်တွေစိုက်ပျိုးတဲ့နည်းလမ်းဘဲဖြစ်ပါတယ်။ကျတော်ကတော့ ဂွေးတောက်ပင်ကို အခုလိုစနစ်တကျ စိုက်ထားပါတယ်။ စိုက်ပျိူးပြိး ၂လခန့်အကြာမှာ စတင် ခူးလို့ရပါပြီ။ အခုပုံကတော့ စိုက်ပျိုးပြီး ၈ လသားဖြစ်ပါတယ်။
အပင်ကို အမြင့်မထားဘဲ ရှည်ထွက်လာတဲ့ အညွှန့် တွေကို ၁ဝရက် တခါလောက် ဖြတ်ပေးပါတယ် ။ အပင် ၁၀၀၀ ကျော် ကိုမြေနေရာ ပေ ၂၀ ပတ်လည်လောက်ဘဲလိုအပ်ပါတယ်။
၁၀ ရက်ကို တစ်ကြိမ်လောက်ခူးလို့ရပါတယ်။ တစ်ကြိမ်ခူးရင် ဒေသပေါက်ဈေး ဖြင့်တွက်လျှင်၂ဝဝဝဝကျပ် ဖိုးလောက်ရပါတယ် ဗျာ။
ဒါကြောင့်မို့ စိုက်ပျိူးရေး ဝါသနာပါပြိးမြေနေရာ ကျင်းနေတဲ့သူတွေအတွက် စိတ်လည်းချမ်းသာ ဒုက္ခလည်းမများဘဲ ဝင်ငွေလည်း လည်း.ပုံမှန်ရစေဖို့အတွက် ဂွေးတောက် ပင်ကို တနိုင်တပိုင်စိုက်ပျိူး ကြဖို့ အကြံပေးလိုပါတယ်ဗျာ..။မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။
#Credit -ဦးဘိုနိုင် စိုက်ပျိုးရေး -မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။