“ေသာၾကာၾကယ္ႀကီး လနဲ႔နီး ျပည္ႀကီး ပ်က္လတၱံ ” ဆိုလားပဲ တစ္ေဘာင္ရွိခဲ့တယ္။
အေပၚဆုံးက လ အလယ္က ဗီးနပ္စ္ (ေသာၾကာၿဂိဳလ္)ေအာက္ဆုံး ဂ်ဴပီတာ (ၾကာသပေတးၿဂိဳလ္)
ေကာင္းကင္ယံမွာ ေန ႏွင့္ လ ၿပီးလွ်င္ လင္းလက္ေတာက္ပဆုံး ၿဂိဳဟ္မ်ားျဖစ္ၾကတဲ့ ဗီးနပ္စ္ၿဂိဳဟ္ (ေသာၾကာၿဂိဳဟ္) နဲ႔ ဂ်ဴပီတာၿဂိဳဟ္ (ၾကာသပေတးၿဂိဳဟ္) တို႔ဟာ ၂၀၂၃ ခုႏွစ္ မတ္လ ၂ ရက္ေန႔မွာ ေပါင္းဆုံၾကေတာ့မွာျဖစ္ၿပီး ျမန္မာႏိုင္ငံမွလည္း သာမန္မ်က္စိျဖင့္ ေတြ႕ျမင္ရႏိုင္မွာ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ဂ်ဴပီတာၿဂိဳဟ္ကို အေနာက္ဘက္ မိုးကုတ္ စက္ဝိုင္းရဲ႕ ခပ္ျမင့္ျမင့္ေနရာမွာ အလင္းအား (-2.1) မဂၢနီက်ဴ႕ေလာက္နဲ႔ လင္းလက္ေနတာကို ညဦးပိုင္း ေနဝင္ၿပီးခ်ိန္က စလို႔ ျမင္ေတြ႕ေနရမွာျဖစ္ၿပီး၊
၎ရဲ႕ ေအာက္ဘက္နားမွာေတာ့ အလင္းအား (-4.0) မဂၢနီက်ဴ႕နဲ႔ ထြန္းလင္းေတာက္ပေနတဲ့ ဗီးနပ္စ္ၿဂိဳဟ္ကို ျမင္ေတြ႕ေနရမွာပါ
သူတို႔ ႏွစ္ခု တည္ရွိေနမဲ့ေနရာကေတာ့ Pisces လို႔ေခၚတဲ့ မိန္ရာသီ အတြင္းမွာ ျဖစ္ပါတယ္။
ဂ်ဴပီတာဟာ တျဖည္းျဖည္းခ်င္း အေနာက္ဘက္ မိုးကုတ္စက္ဝိုင္းသို႔ နိမ့္ဆင္းလို႔ လာေနပါတယ္။
ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွာ တေပါင္းလဆန္းလဟာ ဗီးနပ္စ္အနီးမွ ျဖတ္သန္းၿပီး၊ ေဖေဖာ္ဝါရီ ၂၃ မွာေတာ့ ဂ်ဴပီတာ အနီးမွ ကပ္ၿပီး ျဖတ္သန္းသြားမွာပါ။
ေတာင္အေမရိကတိုက္ရဲ႕ အခ်ိဳ႕ေနရာမ်ားမွာေတာ့ လျခမ္းက ဂ်ဴပီတာကို ဖုံးအုပ္သြားျခင္းျဖစ္စဥ္မ်ိဳးကို ေတြ႕ျမင္ၾကရမွာပါ။
၂၀၂၃ ခု မတ္လ ၂ ရက္ေန႔မွာေတာ့ ဗီးနပ္စ္နဲ႔ ဂ်ဴပီတာတို႔ဟာ မိန္ရာသီအတြင္းမွာပဲ ေပါင္းဆုံၾကမွာျဖစ္ပါတယ္။
ျမန္မာ့နကၡတ္မွာေတာ့ ၿဂိဳဟ္စစ္ထိုးတယ္လို႔ ေခၚဆိုၾကပါတယ္။ ထူးျခားတိုက္ဆိုင္စြာပင္ မာက်ဴရီ (ခ) ဗုဒၶဟူးၿဂိဳဟ္ နဲ႔ ေစတန္ (ခ) စေနၿဂိဳဟ္တို႔ဟာလည္း ထိုေန႔မွာပင္ ကုမ္ရာသီထဲမွာ ၿဂိဳဟ္စစ္ထိုးၾကမွာပါ။
သို႔ေသာ္လည္း ေနႏွင့္ လြန္စြာနီးကပ္ေနတဲ့အတြက္ အဆိုပါၿဂိဳဟ္စစ္ထိုးျခင္းကိုေတာ့ မျမင္ေတြ႕ရႏိုင္ပါ။
ဗီးနပ္စ္ နဲ႔ ဂ်ဴပီတာ အတြဲကိုေတာ့ ညေန ေနဝင္ၿပီး (၆ နာရီခန္႔) အခ်ိန္မွ ည ၈ နာရီခြဲေလာက္ထိ အေနာက္ဘက္ မိုးကုတ္စက္ဝိုင္းရဲ႕ ၂၆ ဒီဂရီ အျမင့္ကေန တျဖည္းျဖည္းခ်င္း နိမ့္ဆင္းသြားတာကို ေတြ႕ျမင္ရႏိုင္ပါတယ္။
ေနာက္ရက္မ်ားမွာေတာ့ ဂ်ဴပီတာဟာ ဆက္လက္ နိမ့္ဆင္းသြားၿပီး ဧၿပီလေလာက္မွာ ေနရဲ႕အေနာက္ဘက္သို႔ ေရာက္ ရွိသြားမွာပဲ ျဖစ္ပါေတာ့တယ္။
Credit
unicode
“သောကြာကြယ်ကြီး လနဲ့နီး ပြည်ကြီး ပျက်လတ္တံ ” ဆိုလားပဲ တစ်ဘောင်ရှိခဲ့တယ်။
အပေါ်ဆုံးက လ အလယ်က ဗီးနပ်စ် (သောကြာဂြိုလ်)အောက်ဆုံး ဂျူပီတာ (ကြာသပတေးဂြိုလ်)
ကောင်းကင်ယံမှာ နေ နှင့် လ ပြီးလျှင် လင်းလက်တောက်ပဆုံး ဂြိုဟ်များဖြစ်ကြတဲ့ ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်) နဲ့ ဂျူပီတာဂြိုဟ် (ကြာသပတေးဂြိုဟ်) တို့ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပေါင်းဆုံကြတော့မှာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း သာမန်မျက်စိဖြင့် တွေ့မြင်ရနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဂျူပီတာဂြိုဟ်ကို အနောက်ဘက် မိုးကုတ် စက်ဝိုင်းရဲ့ ခပ်မြင့်မြင့်နေရာမှာ အလင်းအား (-2.1) မဂ္ဂနီကျူ့လောက်နဲ့ လင်းလက်နေတာကို ညဦးပိုင်း နေဝင်ပြီးချိန်က စလို့ မြင်တွေ့နေရမှာဖြစ်ပြီး၊
၎င်းရဲ့ အောက်ဘက်နားမှာတော့ အလင်းအား (-4.0) မဂ္ဂနီကျူ့နဲ့ ထွန်းလင်းတောက်ပနေတဲ့ ဗီးနပ်စ်ဂြိုဟ်ကို မြင်တွေ့နေရမှာပါ။
သူတို့ နှစ်ခု တည်ရှိနေမဲ့နေရာကတော့ Pisces လို့ခေါ်တဲ့ မိန်ရာသီ အတွင်းမှာ ဖြစ်ပါတယ်။
ဂျူပီတာဟာ တဖြည်းဖြည်းချင်း အနောက်ဘက် မိုးကုတ်စက်ဝိုင်းသို့ နိမ့်ဆင်းလို့ လာနေပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တပေါင်းလဆန်းလဟာ ဗီးနပ်စ်အနီးမှ ဖြတ်သန်းပြီး၊ ဖေဖော်ဝါရီ ၂၃ မှာတော့ ဂျူပီတာ အနီးမှ ကပ်ပြီး ဖြတ်သန်းသွားမှာပါ။
တောင်အမေရိကတိုက်ရဲ့ အချို့နေရာများမှာတော့ လခြမ်းက ဂျူပီတာကို ဖုံးအုပ်သွားခြင်းဖြစ်စဉ်မျိုးကို တွေ့မြင်ကြရမှာပါ။
၂၀၂၃ ခု မတ်လ ၂ ရက်နေ့မှာတော့ ဗီးနပ်စ်နဲ့ ဂျူပီတာတို့ဟာ မိန်ရာသီအတွင်းမှာပဲ ပေါင်းဆုံကြမှာဖြစ်ပါတယ်။
မြန်မာ့နက္ခတ်မှာတော့ ဂြိုဟ်စစ်ထိုးတယ်လို့ ခေါ်ဆိုကြပါတယ်။ ထူးခြားတိုက်ဆိုင်စွာပင် မာကျူရီ (ခ) ဗုဒ္ဓဟူးဂြိုဟ် နဲ့ စေတန် (ခ) စနေဂြိုဟ်တို့ဟာလည်း ထိုနေ့မှာပင် ကုမ်ရာသီထဲမှာ ဂြိုဟ်စစ်ထိုးကြမှာပါ။
သို့သော်လည်း နေနှင့် လွန်စွာနီးကပ်နေတဲ့အတွက် အဆိုပါဂြိုဟ်စစ်ထိုးခြင်းကိုတော့ မမြင်တွေ့ရနိုင်ပါ။
ဗီးနပ်စ် နဲ့ ဂျူပီတာ အတွဲကိုတော့ ညနေ နေဝင်ပြီး (၆ နာရီခန့်) အချိန်မှ ည ၈ နာရီခွဲလောက်ထိ အနောက်ဘက် မိုးကုတ်စက်ဝိုင်းရဲ့ ၂၆ ဒီဂရီ အမြင့်ကနေ တဖြည်းဖြည်းချင်း နိမ့်ဆင်းသွားတာကို တွေ့မြင်ရနိုင်ပါတယ်။
နောက်ရက်များမှာတော့ ဂျူပီတာဟာ ဆက်လက် နိမ့်ဆင်းသွားပြီး ဧပြီလလောက်မှာ နေရဲ့အနောက်ဘက်သို့ ရောက် ရှိသွားမှာပဲ ဖြစ်ပါတော့တယ်။
Credit