မိခင်မေတ္တာဆိုတာ အားလုံးထက်ကြီးမြတ်ပြီး အားလုံးထက်လည်း သာလွန်ပါတယ်။ သားတွေအပေါ်သမီးတွေအပေါ်မှာမိခင်တစ်ယောက် ထားရှိတဲ့မေတ္တာဟာ အနန္တတံတိုင်းအထိ ကျော်လွန်ရောက်ရှိနိုင်ပြီး အန္တရာယ်အားလုံးကို ကျော်ဖြတ်စေနိုင်တဲ့ အထက်မြတ်ဆုံးသော လက်နက်လည်းဖြစ်ပါတယ်။
အခုဖော်ပြချင်တာကတော့မိခင်တစ်ယောက်ဟာသားကိုကိုက်ချီပြေးတဲ့ကျားသစ်ရဲ့နောက်ကိုသည်းကြီးမဲကြီးလိုက်လံတိုက်ခိုက်ခဲ့ပြီး သားဖြစ်သူကို မိခင်မေတ္တာစိတ်အပြည့်နဲ့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
တကယ့်ကို အာဂမိခင်တစ်ယောက်ပါ။ သူမဟာ ကျားသစ်ကပြန်တိုက်ခိုက်လို့ ရတဲ့ဒဏ်ရာတွေကိုပင် အမှုမထားနိုင်အား ကလေးကိုရအောင်ကယ်ဆယ် ပွေ့ချီပြေးလာခဲ့တာပါ။
မိခင်ရဲ့အမည်ကတော့ Kiran ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၊ Badi Jhiriva အမည်ရရွာလေးမှာနေထိုင်သူပါ။
သူမရဲ့သားလေးအမည်ကတော့ Rahul ဖြစ်ပြီး၊ အသက်(၆)နှစ်ပါ။ ကလေးဟာ မီးဖိုးဘေးမှာ မီးလှုံနေစဉ် ကျားသစ်က ဝင်ဆွဲခဲ့တာပါ။
အဲဒီရွာလေးဟာ Sanjay Gandhi National Parkလို့ခေါ်တဲ့သားရိုင်းဘေးမဲ့တောနဲ့လည်း နီးပါတယ်။
ရွာထဲမှာကျွဲတွေနွားတွေဟာ မကြာခဏ တောကောင်ကြီးတွေက နှောက်ယှက်လေ့ရှိပါတယ်။ အခုလည်း မိခင် Kiran ဟာ ခင်ပွန်းဖြစ်သူပြန်အလာကို မီးလှုံရင်းစောင့်နေတာပါ။
သူမရဲ့ရင်ခွင်ထဲမှာ အငယ်ဆုံးကလေး မီးဖိုဘေးမှာ Rahul က အကြီးနှစ်ယောက်နဲ့ ဖခင်အလာကို စောင့်မျှော်နေပါတယ်။
အမှောင်ထဲမှာ ကျားသစ်က ဘယ်သူ့ကို ကိုက်ချီရမလဲစောင့်နေတာကို မိခင်ဖြစ်သူ သတိမထားမိပါဘူး။ တစ်မုဟုတ်ချင်းမှာပဲ ကျားသစ်က Rahul ကို ဝင်ဆွဲသွားပါတယ်။
မိခင်လည်း စက္ကန့်ပိုင်းလောက်ဘာလုပ်ရမှန်းမသိပေမယ့် ချက်ချင်းဆိုသလိုရင်ခွင်ထဲက ကလေးကို အကြီးဆုံးကလေးထံပေးပြီး ကျားသစ်နောက်ကို ပြေးလိုက်ပါတော့တယ်။
ကလေးတွေကိုလည်း တဲအိမ်ထဲဝင်နေဖို့ အော်ပြောသွားပါသေးသတဲ့။ နှစ်ဖာလုံလောက်အရောက်မှာ ကျားသစ်ဟာ ကိုက်ချီလာတဲ့ကလေးကိုစားဖို့ ခြုံပုတ်တစ်ခုအတွင်း ဝင်သွားပါတယ်။ အဲဒီမှာပဲ Kiran နဲ့ ပက်ပင်းတိုးသွားပြီး ကျားသစ်ကို ခုန်အုပ်ကာ လုံးထွေးသတ်ပုတ်ပါတော့တယ်။
ကံကောင်းထောက်မစွာပဲ သား Rahulဟာ ကျားသစ်ကိုက်လို့လက်နဲ့ကုတ်ခြစ်လို့ရတဲ့ ဒဏ်ရာတွေလောက်သာရှိပြီး ကျားသစ်မှာတော့ မိခင်ဖြစ်သူနဲ့ ဖက်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ ခြေဦးတည့်ရာ ထွက်ပြေးသွားပါတော့တယ်။
နှစ်ယောက်စလုံးနောက်ကို ရွာသားတွေလိုက်လာပြီး ဘေးကင်းစွာနဲ့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။
အဲဒီနယ်ဘယ်မှာတော့ မိခင် Kiran ကို သူရဲကောင်းအဖြစ် အသိမှတ်ပြုခဲ့ကြပြီး၊ စံပြမိခင်တစ်ဦးအဖြစ်လည်း ဂုဏ်ပြုနေကြပါတယ်။
Zawgyi
မိခင္ေမတၱာဆိုတာ အားလုံးထက္ႀကီးျမတ္ၿပီး အားလုံးထက္လည္း သာလြန္ပါတယ္။ သားေတြအေပၚသမီးေတြအေပၚမွာမိခင္တစ္ေယာက္ ထားရွိတဲ့ေမတၱာဟာ အနႏၲတံတိုင္းအထိ ေက်ာ္လြန္ေရာက္ရွိႏိုင္ၿပီး အႏၲရာယ္အားလုံးကို ေက်ာ္ျဖတ္ေစႏိုင္တဲ့ အထက္ျမတ္ဆုံးေသာ လက္နက္လည္းျဖစ္ပါတယ္။
အခုေဖာ္ျပခ်င္တာကေတာ့မိခင္တစ္ေယာက္ဟာသားကိုကိုက္ခ်ီေျပးတဲ့က်ားသစ္ရဲ႕ေနာက္ကိုသည္းႀကီးမဲႀကီးလိုက္လံတိုက္ခိုက္ခဲ့ၿပီး သားျဖစ္သူကို မိခင္ေမတၱာစိတ္အျပည့္နဲ႔ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။
တကယ့္ကို အာဂမိခင္တစ္ေယာက္ပါ။ သူမဟာ က်ားသစ္ကျပန္တိုက္ခိုက္လို႔ ရတဲ့ဒဏ္ရာေတြကိုပင္ အမႈမထားႏိုင္အား ကေလးကိုရေအာင္ကယ္ဆယ္ ေပြ႕ခ်ီေျပးလာခဲ့တာပါ။
မိခင္ရဲ႕အမည္ကေတာ့ Kiran ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံ၊ Madhya Pradesh ျပည္နယ္၊ Badi Jhiriva အမည္ရ႐ြာေလးမွာေနထိုင္သူပါ။
သူမရဲ႕သားေလးအမည္ကေတာ့ Rahul ျဖစ္ၿပီး၊ အသက္(၆)ႏွစ္ပါ။ ကေလးဟာ မီးဖိုးေဘးမွာ မီးလႈံေနစဥ္ က်ားသစ္က ဝင္ဆြဲခဲ့တာပါ။
အဲဒီ႐ြာေလးဟာ Sanjay Gandhi National Parkလို႔ေခၚတဲ့သား႐ိုင္းေဘးမဲ့ေတာနဲ႔လည္း နီးပါတယ္။
႐ြာထဲမွာကြၽဲေတြႏြားေတြဟာ မၾကာခဏ ေတာေကာင္ႀကီးေတြက ေႏွာက္ယွက္ေလ့ရွိပါတယ္။ အခုလည္း မိခင္ Kiran ဟာ ခင္ပြန္းျဖစ္သူျပန္အလာကို မီးလႈံရင္းေစာင့္ေနတာပါ။
သူမရဲ႕ရင္ခြင္ထဲမွာ အငယ္ဆုံးကေလး မီးဖိုေဘးမွာ Rahul က အႀကီးႏွစ္ေယာက္နဲ႔ ဖခင္အလာကို ေစာင့္ေမွ်ာ္ေနပါတယ္။
အေမွာင္ထဲမွာ က်ားသစ္က ဘယ္သူ႔ကို ကိုက္ခ်ီရမလဲေစာင့္ေနတာကို မိခင္ျဖစ္သူ သတိမထားမိပါဘူး။ တစ္မုဟုတ္ခ်င္းမွာပဲ က်ားသစ္က Rahul ကို ဝင္ဆြဲသြားပါတယ္။
မိခင္လည္း စကၠန႔္ပိုင္းေလာက္ဘာလုပ္ရမွန္းမသိေပမယ့္ ခ်က္ခ်င္းဆိုသလိုရင္ခြင္ထဲက ကေလးကို အႀကီးဆုံးကေလးထံေပးၿပီး က်ားသစ္ေနာက္ကို ေျပးလိုက္ပါေတာ့တယ္။
ကေလးေတြကိုလည္း တဲအိမ္ထဲဝင္ေနဖို႔ ေအာ္ေျပာသြားပါေသးသတဲ့။ ႏွစ္ဖာလုံေလာက္အေရာက္မွာ က်ားသစ္ဟာ ကိုက္ခ်ီလာတဲ့ကေလးကိုစားဖို႔ ၿခဳံပုတ္တစ္ခုအတြင္း ဝင္သြားပါတယ္။ အဲဒီမွာပဲ Kiran နဲ႔ ပက္ပင္းတိုးသြားၿပီး က်ားသစ္ကို ခုန္အုပ္ကာ လုံးေထြးသတ္ပုတ္ပါေတာ့တယ္။
ကံေကာင္းေထာက္မစြာပဲ သား Rahulဟာ က်ားသစ္ကိုက္လို႔လက္နဲ႔ကုတ္ျခစ္လို႔ရတဲ့ ဒဏ္ရာေတြေလာက္သာရွိၿပီး က်ားသစ္မွာေတာ့ မိခင္ျဖစ္သူနဲ႔ ဖက္ၿပိဳင္တိုက္ခိုက္ႏိုင္စြမ္းမရွိေတာ့ဘဲ ေျခဦးတည့္ရာ ထြက္ေျပးသြားပါေတာ့တယ္။
ႏွစ္ေယာက္စလုံးေနာက္ကို ႐ြာသားေတြလိုက္လာၿပီး ေဘးကင္းစြာနဲ႔ ျပန္ေခၚလာႏိုင္ခဲ့ပါတယ္။
အဲဒီနယ္ဘယ္မွာေတာ့ မိခင္ Kiran ကို သူရဲေကာင္းအျဖစ္ အသိမွတ္ျပဳခဲ့ၾကၿပီး၊ စံျပမိခင္တစ္ဦးအျဖစ္လည္း ဂုဏ္ျပဳေနၾကပါတယ္။
Crd