” အနိုင်ရတဲ့ကစားသမားနဲ့ တစ်ပွဲလောက်ဆုံချင်သေးတယ် – ထွန်းထွန်းမင်း 🥊 ”
မြန်မာ့ရိုးရာလက်ဝှေ့ကနေအနားယူခဲ့ပြီးတဲ့နောက် ဒေဝအနေနဲ့ ထိုးသတ်ဖို့စီစဉ်နေတာကြာပြီ
အကြောင်းအမျိုးမျိုးကြောင့်ပွဲပျက်ခဲ့ရတဲ့ ကမ္ဘောဒီးယားဖိုက်တာ
ပရမ်စမ်နန် နဲ့ လာမဲ့ နိုဝင်ဘာ၅ရက်နေ့မှာတော့ ထိုးသတ်ဖို့ တရားဝင်ကြေညာထားပြီးဖြစ်ပါ
တယ်။ ဒီပွဲသာ တကယ်ဖြစ်
လာခဲ့မယ်ဆိုရင် ကမ္ဘောဒီးယားသမိုင်းမှာအကြီးမားဆုံးပွဲတစ်ပွဲဖြစ်လာမှဖြစ်သလို ကမ္ဘာတဝန်းက ရိုးရာချစ်သူညီကိုတို့အပြင်
ခွန်ခမာကိုသဘောကျနှစ်သက်ကြတဲ့သူတိုင်း စောင့်ကြည့်ကြမဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာတော့ အသေအချာပါပဲ။
တကယ်လို့ ဒီပွဲသာဖြစ်ခဲ့ရင် မြန်မာ့ရိုးရာလက်ဝှေ့ကျော်
ထွန်းထွန်းမင်းကတော့ သူသာ လက်ဝှေ့ကြိုးဝိုင်းထဲကနေ အနားမယူခင် ဒေဝနဲ့ ပရမ်စမ်နန်တို့ထဲက အနိုင်ရတဲ့ကစားသမားနဲ့ တစ်ပွဲလောက်ထိုးချင်သေးတယ်ဆိုပြီး သူ့ရဲ့ Facebook အကောင့်မှာ တင်ထားခဲ့ပါတယ်။
လက်တလောမှာတော့ ထွန်းထွန်းမင်းက သွေးသစ်ဝင်းလှိုင်နဲ့ ပွဲအပြီး အရင်ကထက် လေ့ကျင့်မှုတွေကို အကောင်းဆုံးကြိုးစားပြင်ဆင်နေခဲ့တာလဲဖြစ်ပါတယ်။
Burma Lethwei – မြန်မာ့လက်ဝှေ့