International News

ခရီးသည္ (၆၈) ဦးေသဆံုးခဲ့သည့္ အဆံုးရြားဆံုး ေလယာဥ္ပ်က္က်မႈျဖစ္

ခရီးသည္ (၆၈)ဦးေသဆံုးခဲ့သည့္ အဆံုးရြားဆံုး ေလယာဥ္ပ်က္က်မႈျဖစ္

နီေပါႏိုင္ငံတြင္ ျပည္တြင္း ေလယာဥ္ပ်က္က်မႈေၾကာင့္ အနည္းဆုံး လူ (၆၈) ဦး ေသဆုံး

နီေပါႏိုင္ငံ ေပါ့ခ္ဟာရာၿမိဳ႕တြင္ ျပည္တြင္းေလေၾကာင္းခရီးစဥ္ ပ်ံသန္းသည့္ ေလယာဥ္တစ္စီး ၂၀၂၃ခုႏွစ္ ဇန္နဝါရီလ (၁၅) ရက္ေန႔တြင္ ပ်က္က်ခဲ့မႈအတြင္း

အနည္းဆုံး လူ (၆၈) ဦး ေသဆုံးခဲ့ေၾကာင္း နီေပါေလေၾကာင္းပ်ံသန္းမႈ အာဏာပိုင္အဖြဲ႕ အရာရွိတစ္ဦးက ေျပာသည္

ယခုျဖစ္ရပ္မွာ ဟိမဝႏၲာေတာင္တန္းေဒသရွိ နီေပါႏိုင္ငံတြင္ ႏွစ္ (၃၀) အတြင္း အဆိုးဆုံး ေလယာဥ္ပ်က္က်မႈျဖစ္ေၾကာင္းလည္း သိရသည္။

ျပည္တြင္းေလေၾကာင္းလိုင္း Yeti Airlines ၏ ခရီးသည္တင္ေလယာဥ္ ပ်က္က်ခဲ့သည့္ ေတာင္ေစာင္းေနရာတြင္ ကယ္ဆယ္ေရးသမားမ်ားက ရွာေဖြမႈမ်ား ဆက္လက္ လုပ္ေဆာင္ေနၾကသည္။

အဆိုပါ ေလယာဥ္မွာ နီေပါၿမိဳ႕ေတာ္ ခတၱမႏၵဳၿမိဳ႕မွ ထြက္ခြာလာခဲ့ျခင္း ျဖစ္သည္။

“ကယ္ဆယ္ေရးလုပ္ေနပါတယ္။ ရာသီဥတုၾကည္လင္ေနပါတယ္” ဟု နီေပါၿမိဳ႕ျပေလေၾကာင္းပ်ံသန္းမႈ အာဏာပိုင္အဖြဲ႕၏ ေျပာခြင့္ရအမ်ိဳးသား Jagannath Niroula က အေစာပိုင္းတြင္ ေျပာသည္။

ျပည္တြင္း႐ုပ္ျမင္သံၾကားသတင္း၏ ေဖာ္ျပမႈအရ ေလယာဥ္ပ်က္က်ခဲ့သည့္ေနရာမွ မည္းနက္သည့္ မီးခိုးမ်ားထြက္ေပၚေနၿပီး ေလယာဥ္အပ်က္အစီးပတ္လည္တြင္ ကယ္ဆယ္ေရးသမားမ်ားႏွင့္ လူအုပ္စုမ်ားကို ေတြ႕ရသည္။

ယခု ပ်က္က်ခဲ့သည့္ Yeti ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္မွာ အင္ဂ်င္ (၂) လုံးတပ္ ATR 72 အမ်ိဳးအစားျဖစ္ၿပီး ေလယာဥ္ေပၚတြင္

ႏို႔စို႔အ႐ြယ္ ကေလးငယ္ (၂) ဦးႏွင့္ ေလယာဥ္အမႈထမ္း (၄) ဦး အပါအဝင္ လူ (၇၂) ဦး လိုက္ပါသြားေၾကာင္း ေလေၾကာင္းလိုင္း၏ ေျပာခြင့္ရအမ်ိဳးသား Sudarshan Bartaula က အတည္ျပဳသည္။

ေလယာဥ္ေပၚတြင္ အိႏၵိယႏိုင္ငံသား (၅) ဦး၊ ႐ုရွား (၄) ဦး၊ အိုင္ယာလန္ (၁) ဦး၊ ေတာင္ကိုရီးယား (၂) ဦး၊ ဩစေၾတးလ် (၁) ဦး၊ ျပင္သစ္ (၁) ဦးႏွင့္ အာဂ်င္တီးနား (၁) ဦးပါရွိေၾကာင္း နီေပါေလဆိပ္အရာရွိတစ္ဦးက ေျပာသည္။

ပ်က္က်ခဲ့သည့္ ေလယာဥ္မွာ သက္တမ္း (၁၅) ႏွစ္ရွိၿပီျဖစ္ေၾကာင္း ေလေၾကာင္းပ်ံသန္းမႈ ေစာင့္ၾကည့္ဝက္ဘ္ဆိုက္ FlightRadar24 ၏ အခ်က္အလက္မ်ားအရ သိရသည္။

ATR 72 အမ်ိဳးအစား ေလယာဥ္မ်ားကို Airbus ႏွင့္ Leonardo ေလယာဥ္ကုမၸဏီတို႔က ပူးေပါင္းထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

Yeti ေလေၾကာင္းလိုင္းတြင္ ATR72-500 အမ်ိဳးအစား ေလယာဥ္ (၆) စီးရွိေၾကာင္း ၎၏ဝက္ဘ္ဆိုက္က ေဖာ္ျပထားသည္။

နီေပါႏိုင္ငံတြင္ ျဖစ္ပြားခဲ့သည့္ ေလယာဥ္ပ်က္က်မႈမ်ားအနက္ ၁၉၉၂ ခုႏွစ္က ခႏၲမႏၵဳၿမိဳ႕အနီး ေတာင္ေစာင္းတစ္ခုတြင္ ပါကစၥတန္အျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္း Pakistan International Airlines ၏ Airbus A300 အမ်ိဳးအစား ခရီးသည္တင္ေလယာဥ္ ပ်က္က်ခဲ့ၿပီး

လိုက္ပါလာသူ (၁၆၇) ဦး ေသဆုံးခဲ့သည့္ ေလယာဥ္ပ်က္က်မႈျဖစ္ေၾကာင္း Aviation Safety Network ၏ အခ်က္အလက္မ်ားအရ သိရွိရသည္။

credit to orginal

unicode

ခရီးသည် (၆၈)ဦးသေဆုံးခဲ့သည့် အဆုံးရွားဆုံး လေယာဉ်ပျက်ကျမှုဖြစ်

နီပေါနိုင်ငံတွင် ပြည်တွင်း လေယာဉ်ပျက်ကျမှုကြောင့် အနည်းဆုံး လူ (၆၈) ဦး သေဆုံး

နီပေါနိုင်ငံ ပေါ့ခ်ဟာရာမြို့တွင် ပြည်တွင်းလေကြောင်းခရီးစဉ် ပျံသန်းသည့် လေယာဉ်တစ်စီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ပျက်ကျခဲ့မှုအတွင်း

အနည်းဆုံး လူ (၆၈) ဦး သေဆုံးခဲ့ကြောင်း နီပေါလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့ အရာရှိတစ်ဦးက ပြောသည်။

ယခုဖြစ်ရပ်မှာ ဟိမဝန္တာတောင်တန်းဒေသရှိ နီပေါနိုင်ငံတွင် နှစ် (၃၀) အတွင်း အဆိုးဆုံး လေယာဉ်ပျက်ကျမှုဖြစ်ကြောင်းလည်း သိရသည်။

ပြည်တွင်းလေကြောင်းလိုင်း Yeti Airlines ၏ ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့သည့် တောင်စောင်းနေရာတွင် ကယ်ဆယ်ရေးသမားများက ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကြသည်။

အဆိုပါ လေယာဉ်မှာ နီပေါမြို့တော် ခတ္တမန္ဒုမြို့မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

“ကယ်ဆယ်ရေးလုပ်နေပါတယ်။ ရာသီဥတုကြည်လင်နေပါတယ်” ဟု နီပေါမြို့ပြလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့၏ ပြောခွင့်ရအမျိုးသား Jagannath Niroula က အစောပိုင်းတွင် ပြောသည်။

ပြည်တွင်းရုပ်မြင်သံကြားသတင်း၏ ဖော်ပြမှုအရ လေယာဉ်ပျက်ကျခဲ့သည့်နေရာမှ မည်းနက်သည့် မီးခိုးများထွက်ပေါ်နေပြီး လေယာဉ်အပျက်အစီးပတ်လည်တွင် ကယ်ဆယ်ရေးသမားများနှင့် လူအုပ်စုများကို တွေ့ရသည်။

ယခု ပျက်ကျခဲ့သည့် Yeti လေကြောင်းလိုင်းပိုင် လေယာဉ်မှာ အင်ဂျင် (၂) လုံးတပ် ATR 72 အမျိုးအစားဖြစ်ပြီး လေယာဉ်ပေါ်တွင်

နို့စို့အရွယ် ကလေးငယ် (၂) ဦးနှင့် လေယာဉ်အမှုထမ်း (၄) ဦး အပါအဝင် လူ (၇၂) ဦး လိုက်ပါသွားကြောင်း လေကြောင်းလိုင်း၏ ပြောခွင့်ရအမျိုးသား Sudarshan Bartaula က အတည်ပြုသည်။

လေယာဉ်ပေါ်တွင် အိန္ဒိယနိုင်ငံသား (၅) ဦး၊ ရုရှား (၄) ဦး၊ အိုင်ယာလန် (၁) ဦး၊ တောင်ကိုရီးယား (၂) ဦး၊ ဩစတြေးလျ (၁) ဦး၊ ပြင်သစ် (၁) ဦးနှင့် အာဂျင်တီးနား (၁) ဦးပါရှိကြောင်း နီပေါလေဆိပ်အရာရှိတစ်ဦးက ပြောသည်။

ပျက်ကျခဲ့သည့် လေယာဉ်မှာ သက်တမ်း (၁၅) နှစ်ရှိပြီဖြစ်ကြောင်း လေကြောင်းပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် FlightRadar24 ၏ အချက်အလက်များအရ သိရသည်။

ATR 72 အမျိုးအစား လေယာဉ်များကို Airbus နှင့် Leonardo လေယာဉ်ကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

Yeti လေကြောင်းလိုင်းတွင် ATR72-500 အမျိုးအစား လေယာဉ် (၆) စီးရှိကြောင်း ၎င်း၏ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုများအနက် ၁၉၉၂ ခုနှစ်က ခန္တမန္ဒုမြို့အနီး တောင်စောင်းတစ်ခုတွင် ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း Pakistan International Airlines ၏ Airbus A300 အမျိုးအစား ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ပြီး

လိုက်ပါလာသူ (၁၆၇) ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုဖြစ်ကြောင်း Aviation Safety Network ၏ အချက်အလက်များအရ သိရှိရသည်။

credit to orginal