လွန်ခဲ့သော(၇၀၀)ခန့်က ဗုဒ္ဓစေတီတစ်ဆူ ရုတ်တရက်ရေပေါ်ပြန်ပေါ်လာသဖြင့် ဘုရားဖူးများဖြင့် အလွန်စည်ကားနေ
မြစ်ကြောင်းပြောင်းလဲမှုကြောင့် မဲခေါင်မြစ်ထဲ ပြုတ်ကျပျောက်ကွယ်နေသော ရှေးဟောင်းစေတီ ရေပေါ်ပြန်ပေါ်လာ၍ ကမ္ဘာလှည့်ခရီးသည်များနှင့် လာရောက်ဖူးမျှော်သူများဖြင့် စည်ကားလျှက်ရှိ
ထိုင်းနိုင်ငံမြောက်ပိုင်း၊ နောင်ခိုင်ပြည်နယ်၊ မဲခေါင်မြစ်အတွင်း ရှေးဟောင်း ဗုဒ္ဓစေတီတစ်ဆူ ရုတ်တရက် ပေါ်ထွက်လာရာ လာရောက်ကြည့်ရှု ဖူးမျှော်ကြသူများနှင့် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားလျှက်ရှိသည်ဟု သိရသည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၇၀၀)ခန့်က မဲခေါင်မြစ်ကမ်းပေါ်တွင် တည်ထားခဲ့သော ဘုရားသက် ခလန်နမ်စေတီသည် ၁၈၄ရခုနှစ်တွင် မြစ်ကြောင်း ပြောင်းလဲမှုကြောင့် ရေထဲသို့ ပြုတ်ကျကာ နှစ်ပေါင်းများစွာ မဲခေါင်မြစ်အတွင်း နစ်မြုပ်နေခဲ့သည်။
မကြာမီရက်များအတွင်းက မဲခေါင်မြစ်ရေ ခမ်းခြောက်လာရာမှ စေတီ၏အပေါ်ပိုင်း ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ လာရောက်ဖူးမျှော်သူများ၊ ကမ္ဘာလှည့်ခရီးသည်များနှင့် တနင်္ဂနွေနေ့က စည်ကားသွားခဲ့သည်။
ဘုရားသက် ဖနွမ် ဘုရားသမိုင်းအရ ယခုပေါ်ထွက်လာသော ခလန်နမ်စေတီမှာမြတ်စွာဘုရား၏ ခြေတော်ရိုး ကိုးခုကို ဌာပနာ၍ တည်ထားသည်ဟု ဆိုသည်။
ကမ္ဘာလှည့်ခရီးသည်များက မြစ်ကမ်းမှ ကြည့်ရှုကြပြီး ဘုရားဖူးအချို့က လှေများဖြင့် အနီးကပ် သွားရောက်ကာ ဖူးမျှော်ကြသည်။
နှစ်ပေါင်းများစွာ ရေတိုက်စားထားမှုကြောင့် စေတီ၏ အောက်ခံကျောက်သားများ ပျက်စီးယိုယွင်းလျှက်ရှိသည်။
ယခုနှစ် မိုးခေါင်မှုကြောင့် မဲခေါင်မြစ်ရေ တစ်စတစ်စ ခမ်းခြောက်လာနေပြီး အချို့နေရာများတွင် (၃)ပေခန့်သာ နက်တော့သည်ဟု ရေအရင်းမြစ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြစ်လယ်တွင် တစ်ပိုင်းတစ်စ ပေါ်ထွက်နေသော စေတီအနီးသို့ သွားရောက်ကြသည့် လှေများအား ဂရုတစိုက်သွားလာကြရန် သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားသည်။
မဲခေါင်မြစ်အတွင်း ပေါ်တော်မူစေတီ တွေ့ရှိသည့်သတင်းကြောင့် ယခုတစ်ပတ်အတွင်း နောင်ခိုင်သို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားလျှက်ရှိသည်ဟု သိရသည်။
credit to orginal
Zawgyi
လြန္ခဲ့ေသာ(၇၀၀)ခန႔္က ဗုဒၶေစတီတစ္ဆူ ႐ုတ္တရက္ေရေပၚျပန္ေပၚလာသျဖင့္ ဘုရားဖူးမ်ားျဖင့္ အလြန္စည္ကားေန
ျမစ္ေၾကာင္းေျပာင္းလဲမႈေၾကာင့္ မဲေခါင္ျမစ္ထဲ ျပဳတ္က်ေပ်ာက္ကြယ္ေနေသာ ေရွးေဟာင္းေစတီ ေရေပၚျပန္ေပၚလာ၍ ကမၻာလွည့္ခရီးသည္မ်ားႏွင့္ လာေရာက္ဖူးေမၽွာ္သူမ်ားျဖင့္ စည္ကားလၽွက္ရွိ
ထိုင္းနိုင္ငံေျမာက္ပိုင္း၊ ေနာင္ခိုင္ျပည္နယ္၊ မဲေခါင္ျမစ္အတြင္း ေရွးေဟာင္း ဗုဒၶေစတီတစ္ဆူ ႐ုတ္တရက္ ေပၚထြက္လာရာ လာေရာက္ၾကည့္ရႈ ဖူးေမၽွာ္ၾကသူမ်ားႏွင့္ ကမၻာလွည့္ခရီးသည္မ်ားျဖင့္ စည္ကားလၽွက္ရွိသည္ဟု သိရသည္။
လြန္ခဲ့သည့္ ႏွစ္ေပါင္း (၇၀၀)ခန႔္က မဲေခါင္ျမစ္ကမ္းေပၚတြင္ တည္ထားခဲ့ေသာ ဘုရားသက္ ခလန္နမ္ေစတီသည္ ၁၈၄ရခုႏွစ္တြင္ ျမစ္ေၾကာင္း ေျပာင္းလဲမႈေၾကာင့္ ေရထဲသို႔ ျပဳတ္က်ကာ ႏွစ္ေပါင္းမ်ားစြာ မဲေခါင္ျမစ္အတြင္း နစ္ျမဳပ္ေနခဲ့သည္။
မၾကာမီရက္မ်ားအတြင္းက မဲေခါင္ျမစ္ေရ ခမ္းေျခာက္လာရာမွ ေစတီ၏အေပၚပိုင္း ႐ုတ္တရက္ ထြက္ေပၚလာခဲ့ရာ လာေရာက္ဖူးေမၽွာ္သူမ်ား၊ ကမၻာလွည့္ခရီးသည္မ်ားႏွင့္ တနဂၤေႏြေန႔က စည္ကားသြားခဲ့သည္။
ဘုရားသက္ ဖႏြမ္ ဘုရားသမိုင္းအရ ယခုေပၚထြက္လာေသာ ခလန္နမ္ေစတီမွာျမတ္စြာဘုရား၏ ေျခေတာ္ရိုး ကိုးခုကို ဌာပနာ၍ တည္ထားသည္ဟု ဆိုသည္။
ကမၻာလွည့္ခရီးသည္မ်ားက ျမစ္ကမ္းမွ ၾကည့္ရႈၾကၿပီး ဘုရားဖူးအခ်ိဳ႕က ေလွမ်ားျဖင့္ အနီးကပ္ သြားေရာက္ကာ ဖူးေမၽွာ္ၾကသည္။
ႏွစ္ေပါင္းမ်ားစြာ ေရတိုက္စားထားမႈေၾကာင့္ ေစတီ၏ ေအာက္ခံေက်ာက္သားမ်ား ပ်က္စီးယိုယြင္းလၽွက္ရွိသည္။
ယခုႏွစ္ မိုးေခါင္မႈေၾကာင့္ မဲေခါင္ျမစ္ေရ တစ္စတစ္စ ခမ္းေျခာက္လာေနၿပီး အခ်ိဳ႕ေနရာမ်ားတြင္ (၃)ေပခန႔္သာ နက္ေတာ့သည္ဟု ေရအရင္းျမစ္ဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမစ္လယ္တြင္ တစ္ပိုင္းတစ္စ ေပၚထြက္ေနေသာ ေစတီအနီးသို႔ သြားေရာက္ၾကသည့္ ေလွမ်ားအား ဂ႐ုတစိုက္သြားလာၾကရန္ သက္ဆိုင္ရာက သတိေပးႏွိုးေဆာ္ထားသည္။
မဲေခါင္ျမစ္အတြင္း ေပၚေတာ္မူေစတီ ေတြ႕ရွိသည့္သတင္းေၾကာင့္ ယခုတစ္ပတ္အတြင္း ေနာင္ခိုင္သို႔ လာေရာက္သည့္ ကမၻာလွည့္ခရီးသည္မ်ားျဖင့္ စည္ကားလၽွက္ရွိသည္ဟု သိရသည္။
credit to orginal



