ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင်
ဒါတွေသတိထား
ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ၊ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ အကြောင်းအမျိူးမျိူးကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ရေ
ဓာတ်နဲ့ဓာတ်ဆားများ လျော့ နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ
ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာချွေးထွက်လို့ ဆုံးရှုံးသွားတဲ့ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးဆေးမှုန့်ပါ။
(ဘယ်လိုဓာတ်ဆားသောက်ရင် အကောင်းဆုံးလဲ)
မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံက ထုတ်လုပ်တဲ့ဓာတ်ဆား၊ နိုင်ငံတကာမှ တင်သွင်းရောင်းချတဲ့ ဓာတ်ဆားမျိူးစုံအပြင် ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ အများအပြား ရောင်းချနေပြီး တမျိူးနဲ့တမျိူး အာနိသင် သိသာစွာ ကွာခြားခြင်းမရှိပဲ အားလုံးကောင်းကြပါတယ်။
အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့ မြန်မာနိုင်ငံဆေးဝါးစက်ရုံ (MPF)ကထုတ်တဲ့ ဓာတ်ဆားပါ။
(ဓာတ်ဆားထုပ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)
ဓာတ်ဆားထုပ် ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက် (Expiry date)ပါ။ Date ကောင်းတာနဲ့တင် မပြီးပါဘူး၊ လတ်ဆတ်မှု ရှိ/ မရှိ လှုပ်ကြည့်ရပါမယ်။ ကပ်နေရင်(သို့) အထဲက အမှုန့် အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး။
(ဓာတ်ဆားထုပ်ကို ဘယ်လိုထားသိုရမလဲ၊ ဘယ်ရေနဲ့ဖျော်ရမလဲ)
ဓာတ်ဆားတစ်ထုပ်ကို ရေကျက်အေး(သို့) ရေတစ်လီတာ/ ရေသန့်တဗူးနဲ့ ဖျော်ရမှာပါ။ သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို။ ရေခဲသေတ္တာထဲက ရေအေးနဲ့လဲ မဖျော်သင့်ပါဘူး။
ဓာတ်ပျယ်သွားတတ်လို့ပါ။ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး၊နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာ မထားသင့်ပါဘူး။
ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ။
(တစ်နေ့ဘယ်နှစ်ထုပ်သောက်ရမလဲ၊ ဘယ်လိုလူတွေမသောက်ရဘူးလဲ)
ပုံမှန်အားဖြင့် ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုပ်သာ သုံးသင့်ပါတယ်။ ၂ ထုပ်ထက် ပိုသောက်မိရင် ခန္ဓာကိုယ်က ပိုနေမဲ့ ဆားဓာတ်ကို မစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါ ဖြစ်တတ်လို့ပါ။
ဓာတ်ဆားထုပ်ကို ဆီးချိူ /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်သင့်ပါတယ်။
ဒါကြောင့် တန်ဆေး လွန်ဘေး ဆိုသလိုချွေးထွက် အလွန်များတဲ့ ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ် သောက်တဲ့အခါ ဆင်ခြင်စရာလေးတွေကို ကျန်းမာရေး ဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်။
Credit-Original Writer
ဓာတ္ဆားေရ ေသာက္ေတာ့မယ္ဆိုရင္ ဒါေတြသတိထား
ဓာတ္ဆားေရ ေသာက္ေတာ့မယ္ဆိုရင္
ဒါေတြသတိထား
ဓာတ္ဆားမႈန႔္(Oral Rehydration Salts)ဆိုတာ၊ ဝမ္းပ်က္ဝမ္းေလၽွာျခင္းနဲ႔ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ခႏၶာကိုယ္မွာရွိတဲ့ေရဓာတ္နဲ႔ဓာတ္ဆားမ်ား ေလ်ာ့ နည္းျခင္းအတြက္ေရနဲ႔ေဖ်ာ္ေသာက္တာပါ
ယခုလို အလြန္ပူျပင္းတဲ့အခ်ိန္မွာေခၽြးထြက္လို႔ ဆုံးရႈံးသြားတဲ့ေရနဲ႔ဆားဓာတ္ေတြ ျပန္လည္ျဖည့္တင္းဖို႔ အေကာင္းဆုံးေဆးမႈန႔္ပါ။
(ဘယ္လိုဓာတ္ဆားေသာက္ရင္ အေကာင္းဆုံးလဲ)
ျမန္မာနိုင္ငံ ေဆးဝါးလုပ္ငန္းစက္႐ုံက ထုတ္လုပ္တဲ့ဓာတ္ဆား၊ နိုင္ငံတကာမွ တင္သြင္းေရာင္းခ်တဲ့ ဓာတ္ဆားမ်ိဴးစုံအျပင္ ေဈးကြက္ထဲမွာ ရိုးရိုးဓာတ္ဆားမ်ား/သစ္သီးစုံဓာတ္ဆားမ်ား အမ်ားအျပား ေရာင္းခ်ေနၿပီး တမ်ိဴးနဲ႔တမ်ိဴး အာနိသင္ သိသာစြာ ကြာျခားျခင္းမရွိပဲ အားလုံးေကာင္းၾကပါတယ္။
အရည္အေသြးျပည့္ဝၿပီး ၾကာရွည္အထားခံတာကေတာ့ ျမန္မာနိုင္ငံေဆးဝါးစက္႐ုံ (MPF)ကထုတ္တဲ့ ဓာတ္ဆားပါ။
(ဓာတ္ဆားထုပ္ဝယ္ရင္ ဘာေတြသိထားသင့္လဲ)
ဓာတ္ဆားထုပ္ ဝယ္တဲ့အခါ ပထမဆုံးၾကည့္သင့္တာက သက္တမ္းကုန္ဆုံးရက္ (Expiry date)ပါ။ Date ေကာင္းတာနဲ႔တင္ မၿပီးပါဘူး၊ လတ္ဆတ္မႈ ရွိ/ မရွိ လႈပ္ၾကည့္ရပါမယ္။ ကပ္ေနရင္(သို႔) အထဲက အမႈန႔္ အေရာင္ေျပာင္းေနရင္ လုံးဝမေသာက္သင့္ပါဘူး။
(ဓာတ္ဆားထုပ္ကို ဘယ္လိုထားသိုရမလဲ၊ ဘယ္ေရနဲ႔ေဖ်ာ္ရမလဲ)
ဓာတ္ဆားတစ္ထုပ္ကို ေရက်က္ေအး(သို႔) ေရတစ္လီတာ/ ေရသန႔္တဗူးနဲ႔ ေဖ်ာ္ရမွာပါ။ သတိထားရမွာက ေရေႏြးနဲ႔မေဖ်ာ္ရသလို။ ေရခဲေသတၱာထဲက ေရေအးနဲ႔လဲ မေဖ်ာ္သင့္ပါဘူး။
ဓာတ္ပ်ယ္သြားတတ္လို႔ပါ။ဓာတ္ဆားထုတ္ကို ေအးၿပီးေျခာက္ေသြ႕တဲ့ေနရာမွာ ထားသိုရမွာျဖစ္ၿပီး၊ေနေရာင္ျခည္ တိုက္ရိုက္ထိေတြ႕တဲ့ ေနရာေတြမွာ မထားသင့္ပါဘူး။
ဓာတ္ဆားရည္ကို ေဖ်ာ္ၿပီး ၂၄ နာရီအတြင္း ကုန္ေအာင္ေသာက္ရမွာျဖစ္ၿပီး ၂၄ နာရီထက္ေက်ာ္သြားတဲ့ ဓာတ္ဆားရည္ကို သြန္ပစ္ရမွာပါ။
(တစ္ေန႔ဘယ္ႏွစ္ထုပ္ေသာက္ရမလဲ၊ ဘယ္လိုလူေတြမေသာက္ရဘူးလဲ)
ပုံမွန္အားျဖင့္ ဓာတ္ဆားကို တစ္ရက္အမ်ားဆုံး ၂ ထုပ္သာ သုံးသင့္ပါတယ္။ ၂ ထုပ္ထက္ ပိုေသာက္မိရင္ ခႏၶာကိုယ္က ပိုေနမဲ့ ဆားဓာတ္ကို မစြန႔္ထုတ္နိုင္ပဲ ေသြးတိုးေရာဂါ ျဖစ္တတ္လို႔ပါ။
ဓာတ္ဆားထုပ္ကို ဆီးခ်ိဴ /ေသြးတိုးရွိသူေတြ ဆရာဝန္ညႊန္ၾကားခ်က္နဲ႔မွ ေသာက္သင့္ပါတယ္။
ဒါေၾကာင့္ တန္ေဆး လြန္ေဘး ဆိုသလိုေခၽြးထြက္ အလြန္မ်ားတဲ့ ယခုလိုေႏြရာသီမွာ ဓာတ္ဆားထုတ္ ေသာက္တဲ့အခါ ဆင္ျခင္စရာေလးေတြကို က်န္းမာေရး ဗဟုသုတအေနနဲ႔ တင္ျပလိုက္ရပါတယ္။
Credit-Original Writer