Health Care

ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ထန်းလျက်ကို စားလို့ ရ မရ ( ဒေါက်တာခင်မောင်လွင်)

ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ထန်းလျက်ကို စားလို့ ရ မရ (ဒေါက်တာခင်မောင်လွင်)

ဆရာတို့ ဆရာဝန်ဖြစ်ခါစကတော့ ဆီးချိုရောဂါရှိရင် ထန်းလျက်ကိုပေးမကျွေးပါဘူး..ချိုတဲ့အစားတွေရှောင်ဆိုပြီး ဝါးလုံးနဲ့ သိမ်းကြုံး

ပြီး ရှောင်ခိုင်းခဲ့ပါတယ်.. ဒါပေမဲ့ ချိုတဲ့အစားအစာတိုင်းဟာ ဆီးချိုမတက်စေဘူးဆိုတာ နောက်ပိုင်းတော့ သိလာရပါတယ်..

ထန်းလျက်မှာပါဝင်တဲ့ အချိုဓာတ်တွေဟာ Starch လို့ခေါ်တဲ့ Complex Sugar တွေဖြစ်ပါတယ်.. သူ့ကို အူနံရံကနေ တဖြည်းဖြည်း

ချင်းသာ စုပ်ယူတာဖြစ်လို့ သွေးထဲမှာ ရုတ်တရက်ကြီး ဂလူးကို့စ်တွေ ဆောင့်တက်တာမျိုး ဖြစ်လေ့မရှိပါဘူး..

ဒါ့အပြင် သူ့မှာ အခြားဆေးဖက်ဝင်အာနိသင်တွေဖြစ်တဲ့ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ပိုကောင်းစေတာ၊ အဆီတွေကိုလောင်ကျွမ်းစေတာ၊

သွေးတိုးကိုကျစေတာ၊ ခန္ဓာကိုယ်အဆိပ် အတောက်တွေလျော့နည်းစေတာ အစရှိတဲ့ အကျိုးအာနိသင်တွေဟာ ဆီးချိုလူနာတွေအတွက်ပါ အကျိုးရှိပါတယ်

ဒါ့ကြောင့် ထန်းလျက်ကိုစားချင်ရင် နေ့လယ်စာစားပြီးချိန် တစ်နေ့ကို ၁ ခဲ၊ ၂ ခဲ စားနိုင်တယ်လို့ ပြောလိုပါတယ်.. သိပ်ပြီး ဆီးချိုတွေတက်နေတဲ့အချိန်ဆိုရင်တော့ ခေတ္တရှောင်ပြီး ဆီးချို Control ဖြစ်ရင် နဲနဲစားနိုင်ပါတယ်..

သူ့ရဲ့ Glycemic Index ဟာ ၄၁ ပဲရှိတာမို့ Low GI အုပ်စုထဲမှာပါနေလို့ ဆီးချို Control ဖြစ်တဲ့လူနာတွေကတော့ စားလို့ရတယ်လို့ပဲ ဖြေချင်ပါတယ်.. ထန်းလျက်ကို သကြားအစားထိုးပစ္စည်း (Sugar Substitute) အနေနဲ့ အသုံးပြုနိုင်ပါတယ်..

နောက်ပြီး မြန်မာ့ရိုးရာအစားအစာအများစုမှာ ထန်းလျက်ဟာ အနည်းငယ်စီ ပါဝင်နေတာကြောင့် ထန်းလျက်ကို မစားနဲ့လို့ဆိုရင် အဲ့ဒီအစားအစာတွေအားလုံးကိုပါ ရှောင်ရမယ့် သဘောဖြစ်သွားပါမယ်..

ဥပမာ မုန့်စိမ်းပေါင်းတို့၊ မုန့်လုံးရေပေါ်တို့၊ မုန့်လက်ဆောင်း၊ မုန့်ကျွဲသဲ အစရှိတဲ့ ထန်းလျက်ပါဝင်တဲ့ မြန်မာမုန့်တွေကို အသင့်အတင့်စားနိုင်လို့ လူနာအတွက်လည်း Quality of Life ကို တိုးတက်မြင့်မားစေပါတယ်..

ဒေါက်တာခင်မောင်လွင် (FAME)

ဆီးခ်ိဳေရာဂါ ရွိသူေတြအေနနဲ႔ ထန္းလ်က္ကို စားလို႔ ရ မရ (ေဒါက္တာခင္ေမာင္လြင္)

ဆရာတို႔ ဆရာဝန္ျဖစ္ခါစကေတာ့ ဆီးခ်ိဳေရာဂါရွိရင္ ထန္းလ်က္ကိုေပးမေကြၽးပါဘူး..ခ်ိဳတဲ့အစားေတြေရွာင္ဆိုၿပီး ဝါးလုံးနဲ႔ သိမ္းႀကဳံးၿပီး ေရွာင္ခိုင္းခဲ့ပါတယ္.. ဒါေပမဲ့ ခ်ိဳတဲ့အစားအစာတိုင္းဟာ ဆီးခ်ိဳမတက္ေစဘူးဆိုတာ ေနာက္ပိုင္းေတာ့ သိလာရပါတယ္..

ထန္းလ်က္မွာပါဝင္တဲ့ အခ်ိဳဓာတ္ေတြဟာ Starch လို႔ေခၚတဲ့ Complex Sugar ေတြျဖစ္ပါတယ္.. သူ႔ကို အူနံရံကေန တျဖည္းျဖည္းခ်င္းသာ စုပ္ယူတာျဖစ္လို႔ ေသြးထဲမွာ ႐ုတ္တရက္ႀကီး ဂလူးကို႔စ္ေတြ ေဆာင့္တက္တာမ်ိဳး ျဖစ္ေလ့မရွိပါဘူး..

ဒါ့အျပင္ သူ႔မွာ အျခားေဆးဖက္ဝင္အာနိသင္ေတြျဖစ္တဲ့ အသည္းရဲ႕လုပ္ငန္းေဆာင္တာေတြကို ပိုေကာင္းေစတာ၊ အဆီေတြကိုေလာင္ကြၽမ္းေစတာ၊

ေသြးတိုးကိုက်ေစတာ၊ ခႏၶာကိုယ္အဆိပ္ အေတာက္ေတြေလ်ာ့နည္းေစတာ အစရွိတဲ့ အက်ိဳးအာနိသင္ေတြဟာ ဆီးခ်ိဳလူနာေတြအတြက္ပါ အက်ိဳးရွိပါတယ္..

ဒါ့ေၾကာင့္ ထန္းလ်က္ကိုစားခ်င္ရင္ ေန႔လယ္စာစားၿပီးခ်ိန္ တစ္ေန႔ကို ၁ ခဲ၊ ၂ ခဲ စားႏိုင္တယ္လို႔ ေျပာလိုပါတယ္.. သိပ္ၿပီး ဆီးခ်ိဳေတြတက္ေနတဲ့အခ်ိန္ဆိုရင္ေတာ့ ေခတၱေရွာင္ၿပီး ဆီးခ်ိဳ Control ျဖစ္ရင္ နဲနဲစားႏိုင္ပါတယ္..

သူ႔ရဲ႕ Glycemic Index ဟာ ၄၁ ပဲရွိတာမို႔ Low GI အုပ္စုထဲမွာပါေနလို႔ ဆီးခ်ိဳ Control ျဖစ္တဲ့လူနာေတြကေတာ့ စားလို႔ရတယ္လို႔ပဲ ေျဖခ်င္ပါတယ္.. ထန္းလ်က္ကို သၾကားအစားထိုးပစၥည္း (Sugar Substitute) အေနနဲ႔ အသုံးျပဳႏိုင္ပါတယ္..

ေနာက္ၿပီး ျမန္မာ့႐ိုးရာအစားအစာအမ်ားစုမွာ ထန္းလ်က္ဟာ အနည္းငယ္စီ ပါဝင္ေနတာေၾကာင့္ ထန္းလ်က္ကို မစားနဲ႔လို႔ဆိုရင္ အဲ့ဒီအစားအစာေတြအားလုံးကိုပါ ေရွာင္ရမယ့္ သေဘာျဖစ္သြားပါမယ္..

ဥပမာ မုန႔္စိမ္းေပါင္းတို႔၊ မုန႔္လုံးေရေပၚတို႔၊ မုန႔္လက္ေဆာင္း၊ မုန႔္ကြၽဲသဲ အစရွိတဲ့ ထန္းလ်က္ပါဝင္တဲ့ ျမန္မာမုန႔္ေတြကို အသင့္အတင့္စားႏိုင္လို႔ လူနာအတြက္လည္း Quality of Life ကို တိုးတက္ျမင့္မားေစပါတယ္..

ေဒါက္တာခင္ေမာင္လြင္ (FAME)