လိုအပ်ချက်လေးတွေ

ချစ်တဲ့အခါ.. ရိုးသားဖို့လိုတယ် တကယ်ချစ်ရင် ရိုးသားဖို့လိုပါတယ် မရိုးသားဘဲနဲ့ချစ်တာက တကယ်ချစ်တာမဟုတ်ပါ မရိုးသားတာတွေပေါ်သွားတဲ့တစ်နေ့မှာ အဲဒီ အချစ်တွေပျောက်ဆုံးသွားလိမ့်မယ်
အငြင်းပွားတဲ့အခါ ညှိနှိုင်းဆွေးနွေးဖို့လိုတယ် အငြင်းပွားပြီး ပြီးလိုက်ရင် အမုန်းတရားတွေ ပဲကျန်နေခဲ့လိမ့်မယ်… ဒီတော့ငြင်းပါ စိတ်တိုင်းကျငြင်းကြပါ အဲ ပြီးရင်တော့ အကုန်ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာရမှာပေါ့….
ဒေါသထွက်တဲ့အခါ အေးအေးဆေးဆေး အနားယူဖို့ လိုတယ် ဒေါသထွက်တဲ့ အခါပူလောင်နေတယ်။
ဒီအပူတွေက အဲဒီ ဒေါသနဲ့ မဆိုင်တဲ့ အခြားလူတွေကိုပါ ကူးစက်စေတယ်။ ဒါကြောင့် အေးဆေးအနားယူဖို့လိုတယ်။

ပျော်ရွှင်တဲ့အခါ မျှဝေဖို့ လိုတယ် တစ်ယောက်ထဲပျော်ရွှင်တာထက် အများကြီး ပျော်ရွှင်ရတာက ပိုပျော်ဖို့ကောင်းတယ်။ပျော်ရွှင်စရာတွေ ဖြစ်လာရင်မိသားစု လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ အတူတူပျော်ပါ။
အပြင်တင်ချင်တဲ့အခါ ခွင့်လွတ်တတ်ဖို့ လိုတယ့်….
အပြစ်တင်ပြီး ခွင့်မလွတ်တတ်ရင် အစိုင်အခဲ တစ်ခုကို ဆုပ်ကိုင်ထားတာနဲ့တူတယ်။ ကြာလာရင် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေမယ်။ ဒါကြောင့် ကိုယ်အပြစ်တင်ပြီးပြီဆိုရင်တော့ အဲဒီ အစိုင်အခဲကို လွှတ်ချပေးလိုက်ပါ။

လဲကျတဲ့အခါ အရှုံးမပေးဖို့ လိုတယ်…. မသေမချင်းဘဝမှာ အကြိမ်ကြိမ်လဲကျနေမှာပဲ လဲကျတာက အရေးကြီးတယ်။ အောင်မြင်နေတဲ့ လူတွေမေးကြည့်လိုက်ပါ လဲကျခဲ့တဲ့အမာရွတ်တွေ အပြည့်ရှိတယ်။
ဘဝမှာ ရှင်သန်နေတဲ့အခါ ခံနိူင်ရည်ရှိဖို့ လိုတယ်။ဘဝဆိုတာ ခံနိူင်ရည်ကို စမ်းသပ်တာပဲ ဆင်းရဲရဲချမ်းသာသာ လောကဓံရဲ့ တိုက်ခိုက်မှု တွေရှိတာပဲ။ ခံနိူင်ရည်ရှိပါ။
SKC
Credit
Unicode