အချစ်ရေး
ချစ်တတ်ကြပါစေနော် …
Credit
Unicode
ယောကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် ဒီပိုစ့်ကို ဖတ်ဖြစ်အောင်ဖတ်သွားပါ
တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှ လက်ခံနားလည် ပေးရမှာပဲ
ချစ်သူ၊ ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ယောက်သိက္ခာကို တစ်ယောက်က ကာကွယ်ပေးရမယ်။အပုပ်မချ သင့်ပါဘူး …
လူတိုင်းဟာ အတ္တသမားချည်းပါပဲ။သူ့အတ္တကို ထိပါးလာတာ လူတိုင်း မကြိုက်ကြဘူး …
ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်ကသိပ်အရေးကြီးတယ်
ဆိုပါတော့….ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့ သွားပြောရင် ဘာပြန်ပြောမယ်ထင်လဲ …
“တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ”
“တရားသူကြီးက လာဒ်စားလို့ပါ”“ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ်
လူ ၁၀၀ မှာ ၈၀ လောက်က ဝန်ခံရဲကြမှာ မဟုတ်ပါဘူး …
ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိကာကွယ်ချင်တဲ့စိတ် ရှိလို့ပဲပေါ့ …
ချစ်သူ၊ ရည်းစား အချင်းချင်း ကွယ်ရာမှာတစ်ယောက်ကိုတစ်ယောက် မကောင်းကြောင်းပြောဆိုနေရင် ဒါဟာ တကယ်ချစ်တာမဟုတ်ဘူးလို့ ယူဆလို့ ရပါတယ် …
ချစ်နေဆဲအချိန်မှာ မြုံထားကြပေမယ့်ပြဿနာဖြစ်ကြတဲ့အခါ အချင်းချင်း ငယ်ကျိုးငယ်နာတွေဖော်ကြမယ်ဆိုရင် ဘယ်မှာ ငြိမ်းအေးမှု ရှိပါတော့မလဲ …
အမှားကင်းတဲ့ လူရယ်လို့ ဒီလောကမှာ မရှိဘူး။ သူလည်းမှားသလို ကိုယ်လည်း မှားမှာပဲလေ
ဒါကို နားလည်သဘောပေါက် ထားရပါမယ် …
ကွယ်ရာမှာ အချင်းချင်း ဝေဖန်အပုပ်ချနေတဲ့ ချစ်သူ၊ရည်းစားတွေက မြဲမယ်လို့ ထင်သလား၊ မမြဲပါဘူး …
တစ်ယောက်တည်းနေခဲ့တုန်းကအကောင်း သူနဲ့ပေါင်းကာမှ ကိုယ့်သိက္ခာကျရမယ်ဆိုရင် ဘယ်သူက ဆက်ပေါင်းချင်ပါတော့မလဲ …
သဘောကတော့ ရိုးရှင်းပါတယ်
ကိုယ်တကယ်ချစ်ရင် သူ့ဘဝကို နားလည်ပေးလိုက်
နားလည်မပေးနိုင်ရင် မချစ်နဲ့ပေါ့။ဘယ်သူမှ ချစ်ပါလို့ အတင်းအကျပ်မ တောင်းဆိုပါဘူး
ချစ်တတ်ကြပါစေနော် …
Credit