ေတာင္တန္းေဒသ မင္းတပ္စစ္ေဘးေရွာင္ တိုင္းရင္းသား ညီအကို ေမာင္ႏွမမ်ားနဲ႔ အတူရွိသူတစ္ေယာက္ ျပန္လာေဝမွ်ေသာ အေျခအေန ( အနစ္နာခံလုိ့ေက်းဇူးလည္းတင္ပါတယ္၊စိတ္လည္းခ်ပါျပီ ညီေနာင္တုိ့ေရ….)
“ကြၽန္ေတာ့္ကို စိတ္ပူေနၾကတဲ့ တေယာက္ခ်င္းစီအတြက္ ေက်းဇူးပါ။ ဒါေပမယ့္ ေတာင္တန္းေဒသေတြမွာေတာ့ ေအာက္ျပည္(ရန္ကုန္)လိုမဟုတ္ပဲ လူတိုင္းက တညီတၫြတ္ထဲ လက္နက္ကိုင္ စစ္သားေတြကို မုန္းၾကပါတယ္။

အဲ့အတြက္ ျပည္သူေတြဟာ ေမာ္ႂကြားၿပီး ဒလန္ေတြဟာ ေခါင္းမေဖာ္ႏိုင္ၾကပါဘူး။ စစ္သားတို႔ဟာ ႐ြာထဲကို စစ္ေၾကာင္းနဲ႔ ညဘက္ လွည့္လည္ဖို႔ သတၱိအလုံအေလာက္မရွိၾကတဲ့အတြက္ လူေတြဟာ စိတ္လက္ေပါ့ပါးစြာ ညဘက္ေတြအထိ ႐ြာလမ္းမေပၚမွာ လမ္းေလွ်ာက္ႏိုင္ၾကပါတယ္။ လြတ္လပ္မႈရဲ႕ အရသာ ကို စစ္ျဖစ္ေနတဲ့ၾကားထဲက ခံစားခြင့္ရွိပါတယ္။
စစ္ေၾကာင္းခ်ီမယ္ဆိုရင္လည္း (ေယာက်ာ္းဟုေခၚေသာ) အႏွီစစ္သားတို႔မွာ လက္နက္ႀကီးနဲ႔ အဲ့ေနရာကို ထုၿပီးေတာ့မွ ခ်ီတက္ရဲပါတယ္။ အဲ့အတြက္ ကံဆိုးၿပီး ကိုယ့္အိပ္ယာေပၚလက္နက္ႀကီးက်ရင္ကလြဲလို႔ ကြၽန္ေတာ္တို႔ အသက္အႏၲရာယ္မရွိပါဘူး။ ႀကိဳတင္ကာကြယ္မႈအေနနဲ႔ အိမ္ေအာက္ထပ္မွာ အိပ္ၾကပါတယ္။ အေပၚထပ္ဆိုလက္နက္ႀကီးမွန္ႏိုင္လို႔ပါ။
႐ြာထဲကို ပစ္ၿပီဆိုတာနဲ႔ အထုတ္အပိုးျပင္ၿပီး ဘယ္အရပ္ကိုေျပးၾကဆိုၿပီး အားလုံးဟာ ညီညီၫြတ္ၫြတ္အစီအစဥ္ဆြဲထားၿပီးသားပါ။ ဒီ႐ြာကို ထိရင္ ေဘး႐ြာက ခ်က္ခ်င္းကူသလို၊ ေဘး႐ြာကို ထိရင္ ဒီ႐ြာကေန ခ်က္ခ်င္းဒုကၡသည္ေတြကို အေျပးအလႊားသြားႀကိဳၾကပါတယ္။ အိမ္ေပၚတင္ေကြၽးထားပါတယ္။ ကိုယ့္အိမ္မွာ ေစာင္၂ေစာင္ရွိရင္ တေစာင္ကို စစ္ေရွာင္စခန္းပို႔ထားၿပီး ေစာင္တထည္ေအာက္ တမိသားစုလုံး တိုးေဝွ႔ၿခဳံၾကပါတယ္။

ကုန္ကုန္ေျပာရင္ ဖုန္းအားသြင္းဖို႔ Extensionႀကိဳးေတာင္မွ စစ္ေဘးေရွာင္ညီေနာင္ေတြ အားသြင္းဖို႔ မီးပလပ္ေပါက္ကို မွ်ေဝၿပီး ခ်န္ထားၾကပါတယ္။ ေဈးသည္ေတြဟာ ေဈးေရာင္းၿပီးအျပန္ က်န္တဲ့ ဟင္းသီးဟင္း႐ြက္ေတြကို စစ္ေရွာင္စခန္းေတြဆီဝင္ၿပီး ေဝမွ်သလို သူေဌးေတြကလည္း သူတို႔ ဆိုင္ကယ္ေတြကို သြားလာေရးအတြက္ သုံးခ်င္ရာသုံးဆိုၿပီး လႉပါတယ္။
“ခ်စ္ျခင္းေမတၱာေတြနဲ႔ ကိုယ္ခ်င္းစာတရားဟာ စစ္ပြဲအတြင္းမွာေတာင္ ေတာ္ေတာ္ေလး စိမ္းစိမ္းလန္းလန္းရွင္သန္ေပါက္ေရာက္ပါတယ္” အဲ…အထူးဆန္းဆုံးကေတာ့ ဘယ္သူမွအာမေခ်ာင္ၾကပါဘူး။ ကိုယ္အာေခ်ာင္လို႔ ကူညီေနတယ္ဆိုတာသိရင္ ကိုယ့္႐ြာကေနပါ ေျပးရမွာဆိုတာေသခ်ာသိတဲ့အတြက္ ဘယ္သူမွအာမေခ်ာင္ၾကပါဘူး။ အားလုံးကို လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္နဲ႔ ကိုယ့္အဆက္အသြယ္နဲ႔ ကူညီၾကပါတယ္။
နယ္ခံအစ္ကိုတေယာက္ကေျပာတယ္။ “လူတိုင္း တခုခုလုပ္ေနရင္ ႏိုင္မွာပဲေနာ့၊ ဒီဖက္ဆစ္ေကာင္ေတြကို ဒီႏိုင္ငံက အျမစ္ျဖဳတ္ဖို႔ ကိုယ္စီ တခုခုကို ေန႔တိုင္းလုပ္ေနရင္ ျပဳတ္က်မွာပဲေနာ့၊ ကြၽန္ေတာ္ကေတာ့ အဲ့လိုပဲယုံၿပီး CDMလုပ္၊ အလုပ္ထြက္ၿပီး ေတာထဲက ဒုကၡသည္ေတြဆီ စားနပ္ရိကၡာေတြ ပို႔ေပးေနတာပဲ” တဲ့။ ကဲ….အဲ့အတြက္ ကြၽန္ေတာ့္ကို ဒီမွာ စိတ္ခ်ၾကေတာ့ေနာ့”
crd-ေတာ္လွန္ေရး သတင္းအမွန္ျပန္ၾကားေရး
ယူနီကုတ္
တောင်တန်းဒေသ မင်းတပ်စစ်ဘေးရှောင် တိုင်းရင်းသား ညီအကို မောင်နှမများနဲ့ အတူရှိသူတစ်ယောက် ပြန်လာဝေမျှသော အခြေအနေ ( အနစ်နာခံလို့ကျေးဇူးလည်းတင်ပါတယ်၊စိတ်လည်းချပါပြီ ညီနောင်တို့ရေ….)
“ကျွန်တော့်ကို စိတ်ပူနေကြတဲ့ တယောက်ချင်းစီအတွက် ကျေးဇူးပါ။ ဒါပေမယ့် တောင်တန်းဒေသတွေမှာတော့ အောက်ပြည်(ရန်ကုန်)လိုမဟုတ်ပဲ လူတိုင်းက တညီတညွတ်ထဲ လက်နက်ကိုင် စစ်သားတွေကို မုန်းကြပါတယ်။

အဲ့အတွက် ပြည်သူတွေဟာ မော်ကြွားပြီး ဒလန်တွေဟာ ခေါင်းမဖော်နိုင်ကြပါဘူး။ စစ်သားတို့ဟာ ရွာထဲကို စစ်ကြောင်းနဲ့ ညဘက် လှည့်လည်ဖို့ သတ္တိအလုံအလောက်မရှိကြတဲ့အတွက် လူတွေဟာ စိတ်လက်ပေါ့ပါးစွာ ညဘက်တွေအထိ ရွာလမ်းမပေါ်မှာ လမ်းလျှောက်နိုင်ကြပါတယ်။ လွတ်လပ်မှုရဲ့ အရသာ ကို စစ်ဖြစ်နေတဲ့ကြားထဲက ခံစားခွင့်ရှိပါတယ်။
စစ်ကြောင်းချီမယ်ဆိုရင်လည်း (ယောကျာ်းဟုခေါ်သော) အနှီစစ်သားတို့မှာ လက်နက်ကြီးနဲ့ အဲ့နေရာကို ထုပြီးတော့မှ ချီတက်ရဲပါတယ်။ အဲ့အတွက် ကံဆိုးပြီး ကိုယ့်အိပ်ယာပေါ်လက်နက်ကြီးကျရင်ကလွဲလို့ ကျွန်တော်တို့ အသက်အန္တရာယ်မရှိပါဘူး။ ကြိုတင်ကာကွယ်မှုအနေနဲ့ အိမ်အောက်ထပ်မှာ အိပ်ကြပါတယ်။ အပေါ်ထပ်ဆိုလက်နက်ကြီးမှန်နိုင်လို့ပါ။
ရွာထဲကို ပစ်ပြီဆိုတာနဲ့ အထုတ်အပိုးပြင်ပြီး ဘယ်အရပ်ကိုပြေးကြဆိုပြီး အားလုံးဟာ ညီညီညွတ်ညွတ်အစီအစဉ်ဆွဲထားပြီးသားပါ။ ဒီရွာကို ထိရင် ဘေးရွာက ချက်ချင်းကူသလို၊ ဘေးရွာကို ထိရင် ဒီရွာကနေ ချက်ချင်းဒုက္ခသည်တွေကို အပြေးအလွှားသွားကြိုကြပါတယ်။ အိမ်ပေါ်တင်ကျွေးထားပါတယ်။ ကိုယ့်အိမ်မှာ စောင်၂စောင်ရှိရင် တစောင်ကို စစ်ရှောင်စခန်းပို့ထားပြီး စောင်တထည်အောက် တမိသားစုလုံး တိုးဝှေ့ခြုံကြပါတယ်။

ကုန်ကုန်ပြောရင် ဖုန်းအားသွင်းဖို့ Extensionကြိုးတောင်မှ စစ်ဘေးရှောင်ညီနောင်တွေ အားသွင်းဖို့ မီးပလပ်ပေါက်ကို မျှဝေပြီး ချန်ထားကြပါတယ်။ ဈေးသည်တွေဟာ ဈေးရောင်းပြီးအပြန် ကျန်တဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ရှောင်စခန်းတွေဆီဝင်ပြီး ဝေမျှသလို သူဌေးတွေကလည်း သူတို့ ဆိုင်ကယ်တွေကို သွားလာရေးအတွက် သုံးချင်ရာသုံးဆိုပြီး လှူပါတယ်။
“ချစ်ခြင်းမေတ္တာတွေနဲ့ ကိုယ်ချင်းစာတရားဟာ စစ်ပွဲအတွင်းမှာတောင် တော်တော်လေး စိမ်းစိမ်းလန်းလန်းရှင်သန်ပေါက်ရောက်ပါတယ်” အဲ…အထူးဆန်းဆုံးကတော့ ဘယ်သူမှအာမချောင်ကြပါဘူး။ ကိုယ်အာချောင်လို့ ကူညီနေတယ်ဆိုတာသိရင် ကိုယ့်ရွာကနေပါ ပြေးရမှာဆိုတာသေချာသိတဲ့အတွက် ဘယ်သူမှအာမချောင်ကြပါဘူး။ အားလုံးကို လျှို့လျှို့ဝှက်ဝှက်နဲ့ ကိုယ့်အဆက်အသွယ်နဲ့ ကူညီကြပါတယ်။
နယ်ခံအစ်ကိုတယောက်ကပြောတယ်။ “လူတိုင်း တခုခုလုပ်နေရင် နိုင်မှာပဲနော့၊ ဒီဖက်ဆစ်ကောင်တွေကို ဒီနိုင်ငံက အမြစ်ဖြုတ်ဖို့ ကိုယ်စီ တခုခုကို နေ့တိုင်းလုပ်နေရင် ပြုတ်ကျမှာပဲနော့၊ ကျွန်တော်ကတော့ အဲ့လိုပဲယုံပြီး CDMလုပ်၊ အလုပ်ထွက်ပြီး တောထဲက ဒုက္ခသည်တွေဆီ စားနပ်ရိက္ခာတွေ ပို့ပေးနေတာပဲ” တဲ့။ ကဲ….အဲ့အတွက် ကျွန်တော့်ကို ဒီမှာ စိတ်ချကြတော့နော့”
crd-တော်လှန်ရေး သတင်းအမှန်ပြန်ကြားရေး



