နေ့တိုင်းကီလိုမီတာ ၁ဝဝကျော် လမ်းလျှောက်ပီး မိန်းမရဲ့ဆေးကုသစရိတ်အတွက် ဈေးရောင်းနေတဲ့ ဦးလေး
ချစ်ခြင်းမေတ္တာရဲ့ အစစ်အမှန်က Romeo နဲ့ Juliet တို့ရဲ့ ဇာတ်လမ်းပင် မဟုတ်ဘဲ အရာခပ်သိမ်းကို ကျော်လွှားပြီး တစ်ယောက်ကိုတစ်ယောက် အမြဲထာဝရချစ်မြတ်နိုးတဲ့ စုံတွဲတွေလည်း ဖြစ်ပါတယ် ။ မကြာသေးမီက အင်တာနက်သုံးသူများဟာ မိန်းမဖြစ်သူရဲ့ ကျန်းမာရေးလိုအပ်ချက်များအတွက်
ဆားနယ်ငါးကိုရောင်းရန် တစ်ရက်ကို ကီလိုမီတာ ၁၀၀ ကျော်ခရီးသွားတဲ့ အသက် ၆၄ နှစ်အရွယ်အမျိုးသားတစ်ဦးကို ချီးကျူးခဲ့ကြပါတယ် ။ မလေးရှားနိုင်ငံ၊ Johor မြို့၊ Muk Bukit Pasir, Mud မှ အသက် ၆၄ နှစ်အရွယ် Md Zin Ahmad ဟာ အိပ်ရာမှ အစောကြီးထပြီး Malacca မြို့ကို သွားပြီး သူ့ရဲ့ ဆားနယ်ငါးကိုရောင်းရန် သွားခဲ့ပါတယ် ။
သူက မြို့ထဲမှာ ဆိုင်ခန်းမရှိတာကြောင့် သူကတစ်အိမ်တက် တစ်အိမ်ဆင်းပြီး ဆားနယ်ငါးရောင်းရပါတယ် ။ မလေးရှားမိန်းကလေး Aina Wardina က သူ့ရဲ့ဓာတ်ပုံအချို့ကို သူမရဲ့ Twitter အကောင့်မှာ ဝေမျှတဲ့အခါ သူ့ရဲ့အခက်အခဲက ပျံ့နှံ့သွားပြီး Wardina ရဲ့
အဆိုအရ သူမဟာ Dataran Pahlawan အနီးမာရသွန်ပြေးပွဲမှာ သူမ ဒီအမျိုးသားကို တွေ့ဖူးတယ်။ သူမက Malacca မြို့မှာ သူ့ကိုပြန်တွေ့တာ အံ့သြမိတယ် ။ ဒါ့ကြောင့် သူမက သူနဲ့ စကား ပြောတော့လိုက်တယ် လို့ Wardina က ဆိုပါတယ် ။
Ahmad က အသက်ကြီးပေမဲ့ သူထက်အသက်ကြီးတဲ့ ဇနီးသည်ရဲ့ကျန်းမာရေးလိုအပ်ချက်အတွက် ငွေရှာနေတယ်ဆိုတာကို Wardina က သိနေခဲ့ပါတယ် ။ Fatimah Md Said အမည်ရှိ အသက် ၇၃ နှစ်ရှိပြီးဖြစ်တဲ့ Ahmad ရဲ့ဇနီးသည်က အိပ်ယာထဲလဲနေခဲ့တာပါ ။
Ahmad မှာ သားသမီးလေးယောက်ရှိသော်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတာကြောင့် သူက သူ့မိန်းမရဲ့ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များအတွက် ငွေရှာရန် ဆားနယ်ငါးကို ရောင်းခဲ့တာပါ ။ Ahmad က ဇနီးသည်အတွက် ဘာမဆိုလုပ်ပေးနိုင်တာက တကယ့်ကို လေးစားစရာကောင်းတဲ့ ခင်ပွန်းလို့ ဆိုရမာပါဘဲ ။
Credit
ေန႔တိုင္းကီလိုမီတာ ၁၀၀ေက်ာ္ လမ္းေလွ်ာက္ပီး မိန္းမရဲ႕ေဆးကုသစရိတ္အတြက္ ေဈးေရာင္းေနတဲ့ ဦးေလး
ခ်စ္ျခင္းေမတၱာရဲ႕ အစစ္အမွန္က Romeo နဲ႔ Juliet တို႔ရဲ႕ ဇာတ္လမ္းပင္ မဟုတ္ဘဲ အရာခပ္သိမ္းကို ေက်ာ္လႊားၿပီး တစ္ေယာက္ကိုတစ္ေယာက္ အၿမဲထာဝရခ်စ္ျမတ္ႏိုးတဲ့ စုံတြဲေတြလည္း ျဖစ္ပါတယ္ ။ မၾကာေသးမီက အင္တာနက္သုံးသူမ်ားဟာ မိန္းမျဖစ္သူရဲ႕ က်န္းမာေရးလိုအပ္ခ်က္မ်ားအတြက္
ဆားနယ္ငါးကိုေရာင္းရန္ တစ္ရက္ကို ကီလိုမီတာ ၁၀၀ ေက်ာ္ခရီးသြားတဲ့ အသက္ ၆၄ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးကို ခ်ီးက်ဴးခဲ့ၾကပါတယ္ ။ မေလးရွားႏိုင္ငံ၊ Johor ၿမိဳ႕၊ Muk Bukit Pasir, Mud မွ အသက္ ၆၄ ႏွစ္အ႐ြယ္ Md Zin Ahmad ဟာ အိပ္ရာမွ အေစာႀကီးထၿပီး Malacca ၿမိဳ႕ကို သြားၿပီး သူ႔ရဲ႕ ဆားနယ္ငါးကိုေရာင္းရန္ သြားခဲ့ပါတယ္ ။
သူက ၿမိဳ႕ထဲမွာ ဆိုင္ခန္းမရွိတာေၾကာင့္ သူကတစ္အိမ္တက္ တစ္အိမ္ဆင္းၿပီး ဆားနယ္ငါးေရာင္းရပါတယ္ ။ မေလးရွားမိန္းကေလး Aina Wardina က သူ႔ရဲ႕ဓာတ္ပုံအခ်ိဳ႕ကို သူမရဲ႕ Twitter အေကာင့္မွာ ေဝမွ်တဲ့အခါ သူ႔ရဲ႕အခက္အခဲက ပ်ံ႕ႏွံ႔သြားၿပီး Wardina ရဲ႕
အဆိုအရ သူမဟာ Dataran Pahlawan အနီးမာရသြန္ေျပးပြဲမွာ သူမ ဒီအမ်ိဳးသားကို ေတြ႕ဖူးတယ္။ သူမက Malacca ၿမိဳ႕မွာ သူ႔ကိုျပန္ေတြ႕တာ အံ့ၾသမိတယ္ ။ ဒါ့ေၾကာင့္ သူမက သူနဲ႔ စကား ေျပာေတာ့လိုက္တယ္ လို႔ Wardina က ဆိုပါတယ္ ။
Ahmad က အသက္ႀကီးေပမဲ့ သူထက္အသက္ႀကီးတဲ့ ဇနီးသည္ရဲ႕က်န္းမာေရးလိုအပ္ခ်က္အတြက္ ေငြရွာေနတယ္ဆိုတာကို Wardina က သိေနခဲ့ပါတယ္ ။ Fatimah Md Said အမည္ရွိ အသက္ ၇၃ ႏွစ္ရွိၿပီးျဖစ္တဲ့ Ahmad ရဲ႕ဇနီးသည္က အိပ္ယာထဲလဲေနခဲ့တာပါ ။
Ahmad မွာ သားသမီးေလးေယာက္ရွိေသာ္လည္း ဝန္ထုပ္ဝန္ပိုး မျဖစ္ေစလိုတာေၾကာင့္ သူက သူ႔မိန္းမရဲ႕ ေဆးဘက္ဆိုင္ရာလိုအပ္ခ်က္မ်ားအတြက္ ေငြရွာရန္ ဆားနယ္ငါးကို ေရာင္းခဲ့တာပါ ။ Ahmad က ဇနီးသည္အတြက္ ဘာမဆိုလုပ္ေပးႏိုင္တာက တကယ့္ကို ေလးစားစရာေကာင္းတဲ့ ခင္ပြန္းလို႔ ဆိုရမာပါဘဲ ။
Credit