ဦးဆင္မကို လာဖမ္းစဥ္က ျဖစ္ပ်က္ခဲ့ပုံေတြကို ျပည့္စုံစြာေျပာျပလာတဲ့ ဦးဆင္မရဲ႕ဇနီး
ၿပီးခဲ့တဲ့ ၾသဂုတ္ လ ၂၄ ရက္ေန႔ ညပိုင္းမွာ ေနအိမ္မွာ ဖမ္းဆီး ထိန္းသိမ္းခ လိုက္ရတဲ့ သ႐ုပ္ေဆာင္ ဆင္မကို ဘယ္မွာ ဖမ္း
ဆီးထား တယ္ဆိုတာ မသိေရသးသလို အဆက္အ သြယ္လ ည္း မရေသး ဘူးလို႔မိသားစုဝင္ေတြကေျပာပါတယ္။
” လာဖမ္းတုန္းကေတာ့ အင္အားေတာ္ေတာ္ မ်ားမ်ားတယ္။ ကိုဗစ္ကာလ ဆိုေတာ့ဘယ္မွ လည္း ေျပာင္းေနလို႔မရဘူးေ
လ။ ညဘက္ႀကီးစစ္ကားေတြလာတာေတာင္ကို ဆင္မက ဘယ္ သူေတြကို လာဖမ္းျပန္ၿပီလဲ မသိဘူးဆို ၿပီးစိုးရိမ္ေန တာ။
သူ႔ကိုလာ ဖမ္းတယ္ လို႔ကိုမထင္ တာ။ တို က္ကိုအေရွ႕ေအ နာက္ဝိုင္းၿပီး ဖမ္းတာပါ။ ဧည့္စာရင္း စစ္တယ္ဆိုျပီး ဝင္လာေပ
မယ့္ အိမ္ထဲကို ေနရာအနွံ႔ရွာတယ္။ ေခြးေတြအူလုိ႔ ပစ္ဖုိးထားတဲ့ ေလးခြတစ္ခု သိမ္းတယ္။ ေဝါယာႀကိဳးေသးေသးေလး
လၫ္း သိမ္းတယ္။

ဧည့္စာရင္းတုိင္ထားလားေမးျပီး အဝတ္စားနည္းနည္းထည့္ျပီး လုိက္ခဲ့ဆိုျပီးေခၚသြားတာပဲ။ အခုထိ္ဘယ္မွာထားတယ္ဆို
တာ အဆက္အသြယ္ မရပါဘူး။ ဘာလုပ္လုိ႔ လုပ္ရမွန္းလည္း မသိဘူး လုိ႔ သရုပ္ေဆာင္ ဆင္မရဲ႕ ဇနီးက ဘီဘီစီကို ေျပာ
ပါတယ္။
သရုပ္ေဆာင္ ဆင္မက ေဖေဖာ္ဝါရီလမွ စတင္ျပီး ဆန္႔က်င္ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အိမ္မွာပဲေ
နထုိင္ကာ လႈပ္ရွားမႈေတြမွာ ပါဝင္တာ မရွိဘူးလုိ႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ဒါ့အျပင္ေနာက္ပိုင္း ရုပ္ရွင္အစညး္အရံုးက အမႈေဆာင္ေရြးခ်ယ္ပြဲမွာ ျပည္သူေတြ စိတ္ဆင္းရဲေနခ်ိန္နဲ႔ အႏုပညာရွင္ေတြ ဖ
မ္းဆီးခံရခ်ိန္မွာ အစည္းအရံုးမွာ မပါဝင္ႏိုင္ဘူး ဆုိတဲ့ ခံယူခ်က္နဲ႔ အစည္းအရံုးကေန ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္ လုိ႔
မိသားစုဝင္ေတြက ေျပာပါတယ္။
CRD
ဦးဆင်မကို လာဖမ်းစဉ်က ဖြစ်ပျက်ခဲ့ပုံတွေကို ပြည့်စုံစွာပြောပြလာတဲ့ ဦးဆင်မရဲ့ဇနီး
ပြီးခဲ့တဲ့ သြဂုတ် လ ၂၄ ရက်နေ့ ညပိုင်းမှာ နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းခ လိုက်ရတဲ့ သရုပ်ဆောင် ဆင်မကို ဘယ်မှာ
ဖမ်းဆီးထား တယ်ဆိုတာ မသိရေသးသလို အဆက်အ သွယ်လ ည်း မရသေး ဘူးလို့မိသားစုဝင်တွေကပြောပါတယ်။
” လာဖမ်းတုန်းကတော့ အင်အားတော်တော် များများတယ်။ ကိုဗစ်ကာလ ဆိုတော့ဘယ်မှ လည်း ပြောင်းနေလို့မရဘူး
လေ။ ညဘက်ကြီးစစ်ကားတွေလာတာတောင်ကို ဆင်မက ဘယ် သူတွေကို လာဖမ်းပြန်ပြီလဲ မသိဘူးဆို ပြီးစိုးရိမ်နေ
တာ။
သူ့ကိုလာ ဖမ်းတယ် လို့ကိုမထင် တာ။ တို က်ကိုအရှေ့အေ နာက်ဝိုင်းပြီး ဖမ်းတာပါ။ ဧည့်စာရင်း စစ်တယ်ဆိုပြီး ဝင်လာ
ပေမယ့် အိမ်ထဲကို နေရာအနှံ့ရှာတယ်။ ခွေးတွေအူလို့ ပစ်ဖိုးထားတဲ့ လေးခွတစ်ခု သိမ်းတယ်။ ဝေါယာကြိုးသေးသေး
လေးလည်း သိမ်းတယ်။
ဧည့်စာရင်းတိုင်ထားလားမေးပြီး အဝတ်စားနည်းနည်းထည့်ပြီး လိုက်ခဲ့ဆိုပြီးခေါ်သွားတာပဲ။ အခုထိ်ဘယ်မှာထားတယ်
ဆိုတာ အဆက်အသွယ် မရပါဘူး။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး လို့ သရုပ်ဆောင် ဆင်မရဲ့ ဇနီးက ဘီဘီစီကို
ပြောပါတယ်။
သရုပ်ဆောင် ဆင်မက ဖေဖော်ဝါရီလမှ စတင်ပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိမ်
မှာပဲနေထိုင်ကာ လှုပ်ရှားမှုတွေမှာ ပါဝင်တာ မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒါ့အပြင်နောက်ပိုင်း ရုပ်ရှင်အစညး်အရုံးက အမှုဆောင်ရွေးချယ်ပွဲမှာ ပြည်သူတွေ စိတ်ဆင်းရဲနေချိန်နဲ့ အနုပညာရှင်
တွေ ဖမ်းဆီးခံရချိန်မှာ အစည်းအရုံးမှာ မပါဝင်နိုင်ဘူး ဆိုတဲ့ ခံယူချက်နဲ့ အစည်းအရုံးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်
လို့ မိသားစုဝင်တွေက ပြောပါတယ်။
CRD



