ကျော်အောင်စံထား ဆရာတော် ၏ အလောင်းတော်ကဿပ ခရီးသွားမှတ်တမ်းမှ ဖတ်၍အဆင်ပြေရန်အတိုချုံး၍ ပြန်လည်ကူးယူ ရေးသားခဲ့ပါသည်။
အမရပူရမြို့ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော် အရှင်ဝါယမာဘိဝံသ သည် ၁၃၁၆ ခု တပို့တွဲလဆန်း ၁ ရက်နေ့တွင် အလောင်းတော် ကဿပ လှိုဏ်ဂူရှိရာသို့ စတင်ခ ရီးထွ က်လာ၏။ကပိုင်မှ တဆင့် တောကြီးအတွင်းသို့ခြေလျှင် ကြွခဲ့၏။
ချောင်းမကြီးကို ဖြတ်ကျော်ပြီး လူသွားလမ်းလေး အတိုင်းလာခဲ့ရာ သစ်ပင်ကွယ်မှ ခွေးတစ်ကောင်ထွက်လာပြီး ရှေ့တည့်တည့်မှ လမ်းပြသွား၏။နောက်ကျနေလျှင် စောင့်နေ၏။ ကြေးစည်သံ ကြားရ၍ဘုရားအာရုံရောက်၏။
ရဟန္တာ အရှင်မြတ်ကြီးပရိနိဗ္ဗာန်ပြု နေပုံအာရုံတွင်ကိုဖူးရ၏။ ထိုနေရာမှ အောက်လှိုဏ်ဂူသို့ ကျောက်တုံးများနင်းပြီးဆင်းလာခဲ့၏။မှောင်နေ၍ စမ်းတဝါးဝါးဖြင့်သာ။ အောက်သို့ရောက်လျင်လှိုဏ်ဂူဝကို ကျောက်တုံးကြီးတစ်ခုက လျှာထိုးသကဲ့သို့ ပိတ်နေ၏။
ရေစီးကြောင်းတစ်ခုက ကျောက်တုံးကြီး အောက်ခြေအတွင်းစီးဝင်သွားပြီး တဖက်မှ ပြန်ထွက် လာ၏။ထိုရေစီးကြောင်းများ ကြားတွင် ရေသနုပ် သင်းပိုင် ကိုခင်းပြီး ရှိခိုး၏။ အမျှဝေ၏ ။အ လ င်းတိုင် ၃ တိုင် မီးပူဇော်၏ ။သစ္စာပြု၍ ပုတီး ၂ ပါတ်စိပ်၏။ ဂူအပေါက်ကလှုပ်နေ၏ ။
ဆောင်းတွင်းဖြစ်သော်လည်း ဂူတွင် နွေးနေ၏ ။ခရီးပန်းလာ၍ ခေတ္တအိပ်လိုက်၏။ နိုးလာ သောအခါ ည ၁၂ နာရီ ရှိနေ၏။၊ သုဂတော ငါးချက် ဂါထာကို ယနေ့မှ ၄၅ ရက်အတွင်း ပါတ်ရေ ကိုးထောင် ပြည့်အောင်စိပ်ပါမည်ဟုသစ္စာအဓိဋ္ဌာန်ပြု ၏။ မှန်ကန်သော သစ္စာ စကားဖြစ်ပါက ၇ ရက် အတွင်း ဂူ ပွင့်၍ အထဲ ဝင်ပြီး ပုတီးစိပ်နိုင်ပါစေသား ဟု ပဋ္ဌာနပြလိုက်၏။
ထိုအခါဂူကြီး တဖြစ်ဖြစ်မြည်သွားလေ၏ ။ဂူအမိုးက ကျောက်စက်ရေများ ကျနေ၏။ လင်းနို့ချေး နံ့ ဆိုးရွား လှ၏။ သန်းခေါင်ကျော်၌ အေးစိမ့်လာ၏ ။ နှစ်ထပ် သင်္ခန်းကြီး ခြုံ ထားသဖြင့် ခံနိုငျေ သး၏ ။ ပုတီး ၆ ပါတ်စိတ်အပြီး ဂူအဝတွင် လမ်းလျှောက်၍ စိပ်၏ ။
ဖယောင်းတိုင် ထွန်းထာ၍ မြင်ရ၏ ။ ကျား ဟိန်းသံများ မြွေတွန်သံများ ပီပီသသ ကြားရ၏ ။ ခန္ဓာကိုယ်ကို ဘုရားလှူ ထားပြီ ဖြစ်၍သေရုံအပြင် မပိုနိုင်ဟု စိတ်တင်းထားပြီး ပုတီးကိုသာ တွင်တွင်စိတ်၏။ ပုတီး ၁၀ ပါတ် ရသောအခါ မေတ္တာပို့ အမျှဝေ လိုက်၏ ။
သာဓု ခေါ်သံများ ်တောတောင်တစ်ခုလုံး ဆူညံစွာ ကြားရ၏ ။ ပတ်ဝန်းကျင်မှာ နတ်တွေ ရှိသားပဲဟု အားတက် လာ၏။ နံနက် လေးနာရီတွင် သုဂတော ၅ချက်ထပ်မံစိတ်ပြန်၏ ။နံနက်လ ငျးေ သာ် မေတ္တာပို့ အမျှဝေ၏။ မျက်နှာသစ်ပြီ်း စားစရာ ရှုာ ရ၏ ။ ဂူအထက် မြောက်ဘက်သို့သွားသော် ငှက်ပျော တောကြီး တွှေုရ၏ ငှက်ပျောသီးမှည့် ၂ ဖီးခူလာ၏ ။ ရေဆေးပြီး ဆွမ်းတော်ကပ်၍ ၃ လုံးစားလိုက်၏။
စားပြီးလျှင် ရေချိုး သင်းပိုင်နေလှန်း ဧကသီကို တစ်ပိုင်းဝတ် တစ်ပိုင်းခြုံပြီး နေပူဇာ လှုံရင်း ပုတီးစိတ်၏ည ၁၂ နာရီထိုးသောအခါ ပုတီးအပါတ်ရေ ပေါင်း ၃၆ ပါတ်ရ၏ မေတ္တာပို့ အမျှဝေပြီး အိပ်လိုက်၏။
တစ်ချက်ခွဲသော် နိုးလာပြီးပုတီးဆက်စိပ်၏၃ ပါတ်လောက်ရောက်သောအခါ နောက် ကျောကို တွန်းလိုက်သလိုခံစားရပြီး ရှေ့စိုက်သွား၏။ နဖူးနှင့်မြေမထိအောင် ထိန်းထားရ၏ လှည့်ကြ ည့် ချင်ေသာ်လည်း အဓိဋ္ဌာန်ထားသောကြောင့် သီးခံလိုက်ရ၏။ဆက်စိပ်၏။
ခင်းထိုင်ထားသော သင်းပိုင်နှင့်အတူလူပါကြွတက်လာပြီး အထက်မြောက်နေသည်ဟု ထင်ရ၏ ။ပုတီးပါတ်ရေ မပျက်အောင် အတော် သတိထားရ၏ ။တဖန် ရေသနုပ်သင်းပိုင်က ပူလာ၏ ။ထိုင်ခွင်ဖျက်ချင် လောက်အောင် ပူလာသော်လည်း ဆက်စိပ်၏ ။
ပုတီး ၉ ပါတ်ရ၍ အဓိဋ္ဌာန်ချပြီး မေတ္တာပို့ အမျှဝေလိုက်ရာ ယက်ဟက်ပက်ပက် ရယ်သံများ ကြားရ၏ ။၃ နာရီထိုးခါနီးပြီ ။ဆက်ပြီး ၉ပါတ်စိပ်၏ ။ ၃ ပါတ်လောက် ရောက်သောအခါ ရှေ့တ ည့်တည့်က ဝင်းခနဲဖြစ်သွား၏။
မျက်လုံးဖွင့်ကြည့်မိ၏ ဝင်းလက်တောက်ပပြီး နွားမျက်လုံးလောက် မျက်လုံးနှစ်လုံးကိုတွေ့ရ၏ ။စူးရှသောအလင်းရောင်ကြောင့်မျက်လုံးဖွင့်လိုက်ပိတလိုက်လုပ်ပြီးစိတ်ရ၏ ။ အလင်းရောင်က ရှေ့တိုးလာလိုက် နောက်ဆုတ်လိုက်ဖြင့် များစွာနှောင့်ယှက်နေ၏။ ဖြစ်ချင်ရာဖြစ် ပုတီးတော့အပျက်မခံနိုင်ဆိုပြီး အထူးဂရုစိုက်စိတ်နေ၏ ။
ပုတီး ၉ ပါတ်ပြည့်သောအခါ ထိုင်ခွင်ဖြုတ်၍ ကျောခင်းအညောင်းဆန့်မိ၏ ။ ပက်လက် စောင်းလျှက်ဘာမှမဖြစ်။ မှောက်လိုက် သောအခါ ကျောပေါ် ခွစီးထားသလိုဖြစ်ပြီးမထနိုင်တော့ချေ ။ ပုတီးဆက်စိပ်နေ၏ ။ပုတီး ၃ ပါတ်ရသောအခါ တစ်ကိုယ်လုံး ပေါ့ပါးသွား၏။
အာရုံ လာခါနီးတွင် ပုတီးဆက်စိပ်၏။ မောသလိုဖြစ်လာသော်လည်းဆက်စိပ်နေ၏ ။ ၆ ပါ်တ်ခန် ရနေချီန်တွင် လူဘယ်လိုဖြစ်သွားမှန်း မသိ။ကိုယ်တော် ထ ထ ဟုအသံကြားရ၍ ကြည့်လိုက် သောအခါ ဘုန်းတော်ကြီး တစ်ပါးက ကြှနျုပျ ခေါင်း လက် ရင်ဘတ်တို့ကို ဆေးလူး ပေးနေသည်ကို တွေ့ရ၏။
ဘာဖြစ်လို့ပါလဲ ဘုရား ဟုမေးလိုက် သောအခါ ဒအလောင်းတော်ကဿ တောစိုး နတ် က ကောင်း တာ ကျင့် နေတာကိုမကြိုက်။အရက်သောက်ကာမအကြောင်းပြောသူတွေမှ သဘောကျတာ။ ကိုယ်တော်လေးက မေတ္တာပို့။ အမျှဝေ။
နတ်များက မေတ္တာခံယူကြ ဖူးမျော်ကြတော့ သုတို့မနေနိုင်ဘူး။ နတ်များရှင်းတဲ့အခိုက် မူးမေ့ထုံထိုင်းစေတဲ့ အသီးများကို လေအထက်က အခိုးလွှတ်ပြီး မူးမေ့စေတယ်။ တပည့်တော်သိလို့သာပေါ့။ နို့မို့ မလွယ်ဘူး ။ မှတ် လောက်သားလောက်အောင်ဆုံးမ ရမယ်ဟုပြော၏။
ဘယ်ကကြွလာကြောင်း မေးလျောက်ရာမြောက်ဘက် မိုင် ၃၀ လောက်ဝေးတဲ့ တောမှာ သီတင်းသုံးတဲ့ မဟာမြိုင် ဆရာတော် ဖြစ်ကြောင်သိရ၏။။ ပ ဉ္ဇင်းလေး အဓိဋ္ဌာန်ကြောင့် မနက်ဖြန် အာရုဏ်တက်လောက်မှာ ဂူပေါက်ပွင့် လိမ့်မယ် ။ နမက္ကာရထဲကတဟိ ံ တဟိ ံ ပါရမီ သဉ္စရံ စရံ ၊ သဗ္ဗိသုခ ပဒံ ပဒံ ၊နရာ နရာနံ သုခံ သမ်ဘဝံ ဘဝံ ၊ေနမာ နမာနံ ဇိန ပုံဂံ ဂဝံ ဂါထာ ကိုဂူပေါက်မှာထိုင်ပြီး ၉ ပါတ်စိပပါ ။
ပြီးမှ အဓိဋ္ဌာန် ပုတီးဆက်စိပ်ရန် မှာ၏။က ၁၁ နာရီ ထိုးခါနီးတွင် ပြန် ကြွသွား၏။ ရှေ့မှာတင် ပျောက် သွား၏ ။အံ့သြနေမိ၏။ငှက်ပျောသီး ၂ လုံးစား၏ ရေသောက်ပြီး ရေချိုးလိုက်၏ တောစိုးနတ်ကြီးကို ကျေးဇူးတင်မိ၏ ။ သူကြောင့်သာ မဟာမြိုင် ်ကိုယ်တော်ကြီးနဲ့တွေ့ရ၏။ မောင်မင်းကြီးသားတောဆိုးနတ်ကို ကျေးဇူးတင်မဆုံး ဖြစ်မိ၏ ။
ဂူဝရှေ့ တွင် သုဂတော ၅ ချက် ၁၂ ပါတ်စိပ်၏(တဟိ ံ တဟိ ံ) ၉ ပါတ်စိပ်၏ ။ညနေပိုင်းတွင် ထိုင်လျှက် ထလျှက် ပုတီးစိပ်၏။၁၅ပါတ်ရ၏ ။ညပိုင်းတွင်ဖယောင်းတိုင် ထွန်း၏ ။
နောက်နေ့ နံနက် ဂူပေါက်မှာ ( တဟိ ံတဟိ) ံပုတီး၉ပါတ်စိပ်၏ ပြီးလျှင် သုဂတော ၅ ချက်ဆက်စိပ်၏။အာရုံ ထဲတွင် ဘုရားလေးဆူ ဝန်းရံနေပုံ ဖူးရ၏။
သုဂတော ၁၈ ပါတ်အပြီး ဂူပေါက်ဝမှ လျှပ်စီးလက်သလို ဝင်းခနဲ ဖြစ်သွား၍ ကြှနျုပျ နောက်လန်သွား၏ ။ ည ပိုင်းတွင်ပုတီး ၉ ပါတ်ရ၏ ဂူထိပ်က မြွေဆင်းလာသကဲ့သို့ တဝေါဝေါ အသံကြားရ၏ ။တောင်ထိပ်ကဇရပ်ပြိုလဲသကဲ့သို့ကြားရ၏။ နောက်ကလဲ လူလျှေက်နေသကဲ့သို့ ထင်ရ၏ ။ပုတီး ဆက်စိပ်နေ၏ ။ပုတီးပတ် ၁၅ ပါတ်ပြီးသောအခါနံနက် ၄ နာရီ ခန့် ရှိနေ၏။
ထိုအခိုက်လေတိုက်လာ၍ ဖယောင်းတိုင် ငြီမ်းသွား၏ ဂျိန်း ဂျိန်း မည်သံကြား၍ ကြည့်လိုက်သော်အခါ တစ်ပေ ခန့်တံခါး ဟ ပြီးပွင့်နေသည်ကိုတွေ့လိုက်ရ၏ ။ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ ဂူ အတွင်းမှ အလင်းရောင်ထွက်နေပြီး လင်းထိန်နေ၏။ ဖယောင်းတိုင် ငြိမ်းသွားသော်လည်းဂူ အတွင်းမှထွက်သော အလင်းရောင်ကြောင့် အာလုံးကိုမြင်နေရသည်။
လွယ်အိတ်၊ သင်းပိုင်၊ နှစ်ထပ် သင်္ကန်းကို ယူ၍ ဂူပေါက်ထဲသို့ ဘေးစောင်း ဝင်လိုက်၏။ ချောင်ချောင်ဝင်နိုင်၏။ အပြင်တွင် အေးသလောက် အထဲတွင် နွေးနေ၏။ လျောင်းတော်မူနေသော အရှင်ကဿ ပထံ ချဉ်းကပ်လျှက် အားပါးတရ ဝပ်တွား ၍သက်စေ့ အကြီမ်ပေါင်း ၃၀ ၊ထိခြင်း ငါးဖြာဖြင့် ဝပ်ချ၏။ ပရိကံယူပြီးပုတီး ၂၇ ပါတ် စိတ်၏။
(၁၃၁၆ ခု တပို့တွဲလဆန်း ၅ ရက် သောကြာနေ့ နံက့် ၉:၄၅) အလောင်းတော်မှာ ကျောက်ညိုပြားကြီးပေါ်၌ပက်လက်ရှိ နေ၏။ ထို ထု ၁ တောင်၊ အလျား ၉ တောင်၊အနံ ၄ တောင်၂ မိုက်ရှိ ကျောက်ညိုပြားပေါ်တွင် ပတ္တမြားမြ စိန် ပုလဲစသော ရတနာ အပြည့် ရှိ၏။ ရောင်စဉ်များ တဖြတ်ဖြတ်နှင့်တောက်ပ ဖျာထွက် နေ၏။
ဝတ်ရုံထားသော သင်္ကန်းမှာ သစ်ခေါက်အရောင်ဆိုး ဖြစ်၍ ဆွေးမြေ့နေ၏ ။ ဦးခေါင်းတော်တွင် ဆံအုံက ဆန်ကောဝိုင်း ပမာဏရှိ၍ ရှုပ်ထွေးနေ၏။ နဖူးပေါ်ကျ နေသော ဆံတော်ကို တိုင်းကြည့်ရာ ၅ တောင်နှင့် လက် ၃ လုံးရှိ၏။ မျက်လုံး မှိတ် နေ၏။ နထင်နရင်းများမကျပေ။ လူရှင်တစ်ယောက် အိပ်နေ သကဲ့သို့ ဖြစ်၏။
နှုတ်ခမ်းမွေးများလည်းရှည်ထွက်နေကြ၏။ချေ လက်သည်းများက ရှည်နေ၏။လက်များကလူရှင် သကဲ့သို့ကွေး၍ရ၏။ အသားအရေ ကလည်း ပျော့ပြောင်း နေ၏။လက်သည်း ၂ လက်မခန့် ရှည်နေ၏။ ဘုရားထုရန်လက်သည်းများ ညှပ်ယူခဲ့၏။(နောင်တွင်ခြေသည်းလက်သည်းများကို ဘုးထုရာတွင်ထာပနာထည့်သွင်းခဲ့၏) အလွန်ပီတိဖြစ်၍ ကြည်ညိုလှသဖြင့် နှစ်ထပ် သင်္ကန်ကြီးကို လွှမ်းလှူလိုက်၏။ အလျားလိုက်လွှမ်းက ဒူးဆစ်အောက် ခန့်သာ ရောက်၏။
အနံလိုက် လွှမ်းသောအခါ ခြေသလုံး သုံးချိုးတစ် ချီူး လောက်အထိကျ၏။ အလွန်အံ့သြမိ၏ ။ကိုယျတောျွကီး အရပ် ၆ တောင် ၁ ထွာနှင့် လက် ၃ လုံး ရှိ၏ ။မြေသပိတ်တော်က၊ သပိတ်ဖုံး၊သပိတ်ခြေ မရှိ ။ အဝမှာ ၂ တောင်ပြည့်ရန် လက် ၁ လုံးလျော့၏။ကိုယ်တော် နှင့် ၃ တောင် အကွာတွင် အမြဲလင်းနေသော ကျောက် ်ဖယောင်း တိုင်ကြီး ၃ တိုင်က လူ့တစ်ရပ်ခန့့်် မြင့်၏။
လုံးပတ် ၂ထွာနှင့် လက် ၁ အုပ် ်ရှိ၏။ အောက်ခြေတွင် အင်တုံပက်ကြီးများ ခံထား၏။ ခေါင်းရင်း တွင် လှည်းဘီးခန့် ပန်းဆိုင်းကြီး ၂ ခုကို တွဲလွဲ ဆွဲ ထား၏။ လတ်ဆတ်သော ပန်းနံ့များ လိုဏ်ဂူအတွင်း မွှေးပျံ့နေ၏။ ကြားဖူး ထားသည်မှာ ဂူပေါက်အဝင် ဝ ရေစီးကြောင်းးတွင် သစ်သားပြား အပေါ် လှူ ရန်ရတနာပစ္စည်း တင်ပြီး မျှောပါက ပြန်ထွက်လာ သောအခါ ထိုရတနာပစ္စည်း ပြန်ပါမလာဟု ကြားဖူး၏ ။
နတ်များက ဆောင်ဟန်တူ၏ ။ ဤနည်းဖြင့် လှူ ဒါန်း ထားဟန်ရှိသော ရွှေဆွဲကြိုး လက်ကော် လက်စွပ် ခြေကျင်း နားဋောင်း ရွှေပြား ငွေပြားများမှာ လှည်း ၅ စီးတိုက်ခန့် ရှိမည်ထင်၏ ။ရွှေ ငွေပန်းခိုင် တံခွန် ကုက္ကား များက ငါးဆယ် ခန့် ရှိမည်။ ကြေးစည် အကြီး အသေး အထပ်က လူ့တစ်ရပ်ခန့် ရှိမည်။ ရွှေခွက် ငွေခွက် များလည်း အများအပြားတွေ့ရ၏ ။
မျက်နှာကြက်တွင် ရုပ်သေးရုပ်များ ကျောက်မောင်းများ တွဲလွဲ ကျနေ၏ ။ ရှင်သူငယ် အလင်း အပေါက်မှာ ၂ တောင်ခန့်ကျယ်၍ အမြင့် ပေ ၂၀ ခန့်၌ ရှိ၏။ ထိုအပေါက်မှ နေရောင်ဝင်၏ ။ နံရံများ တွင် ရွှေချထားသော ဘုရားပုံတော်များ ကွက်တိကွက်ကြား ရှိနေသေး၏ ။ ဂူကြီးမှာ အလျား ၄၇ တောင် အနံ ၃၇ တောင် ခန့်ရှိ၏။ ရွှေပုံ ကြီး နေရာတွင် ဆက်တိုင်း၍မရတော့ပါ။
ကြည်ညို စိတ်ဖြင့် တိုင်းထွာချိန် တစ်ရီ နာရီ ကျော်သွား၏ ။ငှက်ပျောတစ်ဖီး ရေဆေး၍ ဆွမ်းကပ်လှုလိုက်၏ ။ပီတိ ထောမနဿ ဖြင့်အဓိဋ္ဌာန် စခန်းကို ဆက်ရပါတော့မည် ။ ကျွနုပ်သညျ အလောင်းတော်ကဿပ လှိူင်ဂူတော်အတွင်း ဝင်ရောက်နိုင်ခဲ့ပြီး ၄၅ ရက်အဓိဌာန် ပုတီးအားလုံးပြီး၍ အဓိဌာန်ချပြီး ကုသိုလ်အဘို့ကို ၃၁ဘုံသားတို့အား စုံစုံလင်လင် အမျှပေးဝေလိုက်သောအခါ တတောလုံးတတောင်လုံး ပဲ့တင်ထပ်အောင် သာဓုခေါ်သံများကြားရတော့၏။
သာဓုသံခေါ်များသည် ၅ မိနစ်ခန့်ကြာသည်အထိ ကြားနေရ၏။အသံများငြိမ်သွားသောအခါ အလောင်တော ်ကဿကိုယ်တော်ကြီး အား လှူ ဒါန်းထား သော နှစ်ထပ်သင်္ကန်းကြီးကိုခါ၍ သေသပ်စွာ ခြုံပေးပြီး ကိုယ် တော်မြတ်ကြီးရှေ့တွင် ပရိတ်များ၊ ဘုရားရှိခိုး ဂါထာ ၁၀၀ ကျော်ဖြင့် အားရအောင် ရှစ်ခိုးပြီး ၅၂၈ သွယ် မေတ္တာပို့ ကောင်းမှု့များကို အမျှဝေပြီး နာရီကြည့်လိုက်ရာ နံနက်၆နာရီထိုးပေပြီ။
အားရစွာကန်တော့ပြီး နောက်လှည့်ကြည့် လိုက်သောအခါ လူတစ်ယောက်ကိုတွေ့ရ၏။ အသင်ဘယ်သူလဲ ဟုမေးတော့ ဤတောင်စောင့်နတ်ပါ ဟုပြော၏။ထိုနတ်က တပည့်တော် အရှင်မြတ်ကို ပြစ်မှားမိသမျှ တောင်းပန်ပါတယ် ဟုပြောပြီး ငိုတော့၏။ ဘာပြုလိုငိုတာလဲ မေးတော့ အရှင်ဘုရားက ဒီနေ့ပြန်မှာ ဆိုတော့ တပည့်တော်တို့မှာ ဝမ်းနည်းလွန်းလို့ပါ ဘုရား ဟုဆိုပြီးငို တော့၏။
ကျွနုပ်က တရားဟောပြီး နှစ်သိမ့်ရ၏။ ကိုယ်က အလောင်းတော်ကဿ ပ ကိုယ်တော်ကြီး နှင့် ခွဲရမှာမို့ စိတ်မကောင်းဖြစ်နေတဲ့အထဲ သူကလာငိုနေပြန်၏။ စိတ်ကိုထိန်းချုပ်ထားရ၏။ စိတ်မကောင်းဖြစ်မိ၏။ အားတင်း၍ ကိုယ်တော ်မြတ်ကြီးကို ကန်တော့ဆုတောင်ပြီး အပေါက်ဝဘက် လှည့်လိုက်၏။
ထိုအခိုက် ဝင်းခနဲဖြစ်သွား၍ ကိုယ်တော် ်မြတ်ကြီး ဘက်လှည့်၍ကြည့်လိုက် သောအခါ ရောင်ခြည်တော်မှာ အလောင်းတော် ကဿ ပ ဦးခေါင်တော်မှ တဖြတ်ဖြတ်လက်ကာ ထွက်ပေါ်နေခြင်း ဖြစ်၏။ ကျွနုပ်က ပြန်လှည့်လာပြီးလက်အုပ်ချီ၍ ဖူးနေမိ၏။
ရောင်ခြည်တော်မှာခေါင်းတော်မှ ရင်ဘတ်တော်၊ ရင်ဘတ်တော်မှ ညာလက်တော်၊ ညာလက်တော်မှဘယ်လက်တော်၊ ဘယ်လက်တော်မှ ဝမ်းတော်၊ ဝမ်းတော်မှ ပေါင်တော်၊ခြေသလုံးတော်၊ ခြေဖျားတော်များ တိုင်အောင် အစဉ်လျှောက်ပြီး လူးလားခေါက်ပျံ ပြုနေ၏။ကျွနုပ်လည်းဖူး၍မဝအောင်ဖြစ်ေနမေိ၏။ အလင်း ရောင်ခြည်တော် ်သည် အစိမ်းရောင်နှင့် အဖြူရောင်များဖြစ်၏။
မီးညွှန့်ကဲ့သို့ တဖြတ်ဖြတ်နှင့် တောက်ပနေ၏။ နောက်ဆုံး ခြေဖျားတော် ရောက်မှ ပျောက်သွားလေ၏။ ပေါ်လာလေဦ းမလား ဟု ုစောင့်ကြည့် နေသေး၏။ နောက်ဆုံးပေါ်မလာတော့မှ အပေါက်ဘက် ထွက်လာတော့၏။ ဂူပေါက်ဝ အပြင်လည်း ရပ်လိုက်ရော အောင်ပြီ အောင်ပြီ အောင်ပြီ ဟူသော အသံကြီး သုံးခွန်း အော်သံကြားရ၏။
ကျွနုပ်မှာကွကျသီးမြား တဖြန်းဖြန်းထနေမိတော့၏။ ဤမှတ်စုကိုဖတ်မိသော သူတော်ကောင်းအပေါင်းတို့ကိုလည်း ကြှနျုပျက အမျှပေးဝေပါ၏။အမျှရ၍ ကျန်းမာ ချမ်းသာခြင်း သည်ဟောတု ဖြစ်ကြပါစေကုန်သတည်း။ ကုသိုလ် အမျှ အမျှ အမျှ ။



