ဒီတိုက်ပွဲမှာ တောင်ပေါ်-မြေပြန့် ဒေသအားလုံး၊ လူမျိုးဘာသာ အားလုံး၊ လူထုလူတန်းစားအားလုံးက တစ်သွေးတည်း တစ်သားတည်းပဲလေ။
စစ်ကောင်စီ သက်ဆိုးရှည်နေသရွေ့ တစ်နိုင်ငံလုံးက မြို့ရွာဒေသအားလုံးဟာ အချိန်မရွေး “ထန်တလန်” ဖြစ်နိုင်ပါတယ်။ အာဏာရူး ဖက်ဆစ်ဘီလူးတွေ လက်အောက်မှာ ဘယ်နေရာ၊ ဘယ်သူတစ်ဦးတစ်ယောက်မှ လုံခြုံ၊ အေးချမ်း၊ သာယာလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။
သေချာတာကတော့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ အထွေထွေ ချွတ်ခြုံကျ ဆိုးရွားနိမ့်ပါးမှုတွေ၊ အနိဋ္ဌာရုံတွေအားလုံးအတွက် ပင်မရင်းမြစ် လက်သည်တရားခံအဖြစ် တာဝန်ရှိ၊ တာဝန်ခံကာ ပစ္စုပ္ပန်မှာကော သမိုင်းမှာပါ ကဗ္ဗည်းတင်ခံရမှာပဲ ဖြစ်ပါတယ်။
ကျနော်တို့အနေနဲ့ ဒင်းတို့ရဲ့ ဖိနှိပ်၊ ရက်စက်၊ ရိုင်းစိုင်း၊ ယုတ်မာမှုတွေ၊ နာစရာတွေကို တော်လှန်ရေးအတွက် လောင်စာ၊ ခွန်အားအဖြစ် ပြောင်းလဲမှတ်ယူကာ ရည်ရွယ်ရာ ခရီးပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိဖို့ အားကုန်ရုန်း တိုက်ပွဲဝင်ကြဖို့ပါပဲ။
Unicode
ဒီတိုက္ပြဲမွာ ေတာင္ေပၚ-ေျမျပန႔္ ေဒသအားလုံး၊ လူမ်ိဳးဘာသာ အားလုံး၊ လူထုလူတန္းစားအားလုံးက တစ္ေသြးတည္း တစ္သားတည္းပဲေလ။
စစ္ေကာင္စီ သက္ဆိုးရွည္ေနသေ႐ြ႕ တစ္ႏိုင္ငံလုံးက ၿမိဳ႕႐ြာေဒသအားလုံးဟာ အခ်ိန္မေ႐ြး “ထန္တလန္” ျဖစ္ႏိုင္ပါတယ္။ အာဏာ႐ူး ဖက္ဆစ္ဘီလူးေတြ လက္ေအာက္မွာ ဘယ္ေနရာ၊ ဘယ္သူတစ္ဦးတစ္ေယာက္မွ လုံၿခဳံ၊ ေအးခ်မ္း၊ သာယာလိမ့္မယ္လို႔ မေမွ်ာ္လင့္ပါနဲ႔။
ေသခ်ာတာကေတာ့ အၾကမ္းဖက္စစ္ေကာင္စီအေနနဲ႔ အာဏာသိမ္းၿပီးေနာက္ပိုင္း တိုင္းျပည္ရဲ႕ အေထြေထြ ခြၽတ္ၿခဳံက် ဆိုး႐ြားနိမ့္ပါးမႈေတြ၊ အနိ႒ာ႐ုံေတြအားလုံးအတြက္ ပင္မရင္းျမစ္ လက္သည္တရားခံအျဖစ္ တာဝန္ရွိ၊ တာဝန္ခံကာ ပစၥဳပၸန္မွာေကာ သမိုင္းမွာပါ ကဗၺည္းတင္ခံရမွာပဲ ျဖစ္ပါတယ္။
က်ေနာ္တို႔အေနနဲ႔ ဒင္းတို႔ရဲ႕ ဖိႏွိပ္၊ ရက္စက္၊ ႐ိုင္းစိုင္း၊ ယုတ္မာမႈေတြ၊ နာစရာေတြကို ေတာ္လွန္ေရးအတြက္ ေလာင္စာ၊ ခြန္အားအျဖစ္ ေျပာင္းလဲမွတ္ယူကာ ရည္႐ြယ္ရာ ခရီးပန္းတိုင္ကို အျမန္ဆုံး ေရာက္ရွိဖို႔ အားကုန္႐ုန္း တိုက္ပြဲဝင္ၾကဖို႔ပါပဲ။



