သေသွားတဲ့ ကောင်မလေးပဲ လှတယ်ထင်နေတာ…ရေးထားတဲ့ အကြောင်းအရာတွေက ပိုလှနေတယ်
နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ..မိန်းကလေးတစ်ယောက် သေဆုံးသွားသည်။
သူ … ဒါကို သတိထားမိတဲ့အချိန် သေမင်းဟုယူဆရသည့် ဝတ်ရုံနက်ခြုံထားသောလူကြီးက သူ့ဘေးရောက်နှင့်နေပြီ။
လက်ထဲမှာလည်း တစ်ဖက်က သူကိုင်နေကျ တူရွှင်းအရှည်ကြီးနှင့်။ နောက်တစ်ဖက်မှာ လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။
သေမင်းက …ထိုမိန်းကလေးကိုပြောသည်၊”လာ … ကလေးမလေး သွားဖို့ အချိန်တန်ပြီ”
မိန်းကလေး —“ဟင် … မြန်လိုက်တာ …သမီးမှာ လုပ်စရာ အစီအစဉ်တွေ အများကြီးကျန်သေးတယ်”
သေမင်း —“တကယ်စိတ်မကောင်းပါဘူး။အချိန်မရှိတော့လို့ပါ …”
မိန်းကလေး —“ဦးလက်ထဲက သေတ္တာထဲမှာ …ဘာတွေထည့်ထားတာလဲ?”
သေမင်း -“မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ”
မိန်းကလေး –“သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ? ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေကိုလား …”
သေမင်း —“အဲဒီဥစ္စာတွေက မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး … အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ”
မိန်းကလေး —“ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား”
သေမင်း —“မှတ်ဉာဏ်က …အချိန်နဲ့ပဲဆိုင်တာ”
မိန်းကလေး —“ဒါဆို သမီးရဲ့ ပညာလား”
သေမင်း —“ပညာက…ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ”
မိန်းကလေး —“ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား”
သေမင်း —“မဟုတ်ဘူး… မိတ်ဆွေတွေက မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့ ဧည့်သည်တွေ”
မိန်းကလေး —-“ဒါဆို သမီးရဲ့ ချစ်သူ လား”
သေမင်း —-“မဟုတ်ဘူး … သူက–မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ”
မိန်းကလေး —“ဒါဆို ကျိန်းသေပြီ၊ အထဲထဲမှာ သမီးရဲ့ ခန္ဓာကိုယ်ပဲဖြစ်ရမယ်”
သေမင်း —-“ဟင့်အင်း …ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ”
မိန်းကလေး —“ဒါဆို နောက်ဆုံးဖြစ်တဲ့ သမီးရဲ့ဝိညဉ်လား”
သေမင်း —-“သနားစရာကောင်းတဲ့ မိန်းကလေးရယ် … မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ”
မိန်းကလေး မျက်နှာမှာ အကြောက်တရားတွေနဲ့ ပြည့်လာနေခဲ့ပြီး ဇောချွေးပြန်လာသည်။
သူ မစောင့်နိုင်တော့ဘဲ သေမင်းလက်ထဲက သေတ္တာလေးကို ဆွဲယူဖွင့်လိုက်သည်။
အထဲမှာ ဘာမှ မပါ၊ ဗလာနတ္တိဖြစ်နေသည်။
သူ အသည်းကွဲသွားသည်။ မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည်။
မိန်းကလေး —“သမီး ဘယ်တုန်းကမှ …ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေ ဟုတ်သလား …”
သေမင်း —“ဟုတ်တယ် … မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး”
မိန်းကလေး —“ဒါဆို ဘယ်အရာက …သမီးနဲ့ ဆိုင်ခဲ့သလဲ …”
သေမင်း —“မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊
မင်း အသက်ရှိစဉ်အခါက မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မင်းပိုင်ဆိုင်ခဲ့တယ်၊
လူဘဝဆိုတာ မျက်တောင် တစ်ချက်ခတ်တိုင်းမှာ ဖြစ်ပျက်သွားကြတာပဲလေ”တဲ့ …။
မှတ်ချက် ။ ။သေမင်းသည် သင်တို့ထင်ခဲ့သလို ကြောက်မက်ဖွယ်ရာ ကောင်းသောသူမဟုတ်ပါ၊
သင့်ရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ဖို့ လာကြိုသည့် သူသာပင်။
သင့်ရဲ့ …စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းကောင်း တန်ဖိုးထားပါ။
အသက်ကို တန်ဖိုးထားပါ။ အသက်မှာ ပျော်ရွှင်ပါ။ အသက်ကို ရှင်သန်ပါ။
သေမင်းသေတ္တာထဲမှာ ထည့်သွားနိုင်တဲ့ …ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။
orginal writer
===============
unicode

သူ မစောင့ျနိုငျတော့ဘဲ သမေငျးလကျထဲက သတေ်တာလေးကျို ဆှဲယူဖှင့ျလိုကျသညျ။