Zawgyi
႐ိုးမခ႐ိုနီကို ေပၚတင္ ေဝဖန္လိုက္တဲ့ ေရနံခ႐ိုနီ (ခရိုနီတိုက္ပြဲ)
ျမန္မာႏိုင္ငံမွ တ႐ုတ္သူေဌးႀကီး Serge Pun ကိုျပည္သူေတြဒုကၡ ပင္လယ္ေဝေနခ်ိန္မွာ Wave Money မွအျမတ္ႀကီးစား ေခါင္းပုံျဖတ္ကာ အျမတ္ထုတ္ခဲ့ေၾကာင္း ေရနံသူေဌးႀကီး Michael Moe Myint ကေဝဖန္ခဲ့ေၾကာင္းသိရသည္။
“ဒီလူက က်ေနာ္တို႔တိုင္းျပည္ကို ခ်စ္တဲ့သူမဟုတ္ဘူး၊စင္ကာပူက Stock မွာသူ႔ profile တက္ဖို႔ပဲ စိတ္ဝင္စားတာ ဘယ္သူေတေတ ငေတမပါရင္ၿပီးေရာ ဆိုတဲ့လူမ်ိဳး” ဟုပ်စ္ပ်စ္ႏွစ္ႏွစ္ေဝဖန္လိုက္သည္။ Serge Pun သည္ တ႐ုတ္လူမ်ိဳးျဖစ္ၿပီး ၁၉၆၅ခုတြင္ျမန္မာျပည္မွ ထြက္ခြာသြားခဲ့သူျဖစ္သည္။

“ျမန္မာမွတ္ပုံတင္ကိုအမႈိက္ျခင္းထဲပစ္ထည့္ၿပီးထြက္သြားတဲ့သူ က်ေနာ္တို႔တိုင္းျပည္အေပၚဘာမွေစတနာရွိတာမဟုတ္ဘူး” Michael Moe Myint ကမၾကာခင္က ခါးခါးသီးသီးေျပာခဲ့၏။
၁၉၈၈ အာဏာသိမ္းၿပီးေနာက္ ျပန္ေရာက္လာၿပီး ျမန္မာႏိုင္ငံသားျပန္ေလွ်ာက္ကာ ေထာက္လွန္းေရးအရာရွိခ်ဳပ္ ဗိုလ္ခ်ဳပ္ခင္ၫြန႔္အဖြဲ႕ႏွင့္ေပါင္းကာ စီးပြားေရးလုပ္ခဲ့သူျဖစ္၏။ ျမန္မာအမည္သစ္မွာ ဦးသိန္းေဝျဖစ္သည္။ သူသည္ F.M.I ႏွင့္ Yoma ကိုတည္ေထာင္ပိုင္ဆိုင္သူသူေဌးတဦးျဖစ္ၿပီး Star City ကိုပိုင္ဆိုင္သူျဖစ္သည္။
Star City မွ CDM ေဒါက္တာဆရာဝန္ေလးမ်ား အသတ္ခံရျခင္း၊အဖမ္းခံျခင္းတို႔သည္ ဦးသိန္းေဝ၏သတင္းေပးမႈေၾကာင့္ဟုဆိုၾကသည္။ Michael Moe Myint အပါအဝင္ျမန္မာျပည္မွ သူေဌးႀကီးမ်ား ကေတာ့ ဂ်င္ေပၚကထုံး Serge Pun ကိုမုန္းတီးေနၾကသည္။ဒီလူက ဖ်ံက်တယ္၊ ဖ်ံေတြထဲမွာ ပိုၿပီးဖ်ံၾကတဲ့သူ” ဟုသူေဌးတဦးျဖစ္သူ ဦးခ်စ္ခိုင္က ေျပာသည္။

ဦးခ်စ္ခိုင္သည္ Eden Group ၏သူေဌးခ႐ိုနီတဦးျဖစ္ၿပီး ဟိုဘက္ဒီဘက္ ၂ ဖက္စလုံးႏွင့္ ေပါင္းတတ္သူ ေခ်ာဆီအထည့္ေကာင္းသူ ျဖစ္၏။ အိပ္ခ်င္ေယာင္ေဆာင္ေနေသာ က်ားႀကီးဟုစီးပြားေရးအသိုင္းအဝန္း က ေခၚေလ့ရွိသည္။
Max ၏သူေဌးႀကီး ဦးေဇာ္ေဇာ္ကေတာ့ “ ဒီလူက႐ြံဖို႔ေကာင္းတယ္။ ဒီမွာလာၿပီး ေခါင္းပုံျဖတ္ ဂုတ္ေသြးစုတ္ေနတာၾကာၿပီ။ တိုင္းရင္းသားသူေဌးေတြကသူ႔ကို အရမ္းမုန္းၾကတယ္ေလ” ဟုမၾကာခင္က ေဂါက္ကြင္းတြင္ကစားရင္း ဦးသိန္းေဝ၏ဂုဏ္ပုဒ္မ်ားကိုထုတ္ေျပာေလ၏။
Serge Pun သည္ ဦးခင္ၫြန႔္ေခတ္မွာႀကီးပြားခဲ့သလို ဦးသိန္းစိန္ေခတ္တြင္လည္းပိုမိုႀကီးပြားခဲ့ၿပီး ငါကခ႐ိုနီ မဟုတ္ဘူး ၁၀၀ ရာႏႈန္းသန႔္ရွင္းပါတယ္ဟု မီဒီယာေတြကိုေျပာခဲ့ဘူးသည္။ ပို၍လူမုန္းမ်ားေလေတာ့ သည္။ ယခုအာဏာ သိမ္းေတာ့လည္း Wave Money မွ ဒုကၡ ေရာက္ေနသာ ျပည္သူမ်ားကိုေခါင္းပုံျဖတ္ခဲ့ေလသည္။

မီဒီယာေတြက သူ႔ကိုတိုက္ခိုက္မည္စိုးေသာေၾကာင့္ျပည္ပမွ ျပန္ဝင္လာေသာ မီဒီယာ အခ်ိဳ႕ႏွင့္ျပည္တြင္းမွ ေထာက္လွန္းေရးေဟာင္း ဗိုလ္မႉးခ်ဳပ္သိန္းေဆြထူေထာင္ခဲ့သည့္ ျမန္မာ တိုင္းမ္ ႏွင့္ Frontier သတင္းစာတို႔ကို ဝယ္ယူထားခဲ့ၿပီး တဖန္ျပန္တိုက္ခိုက္မႈမ်ားလုပ္ခဲ့သည္။
“သူကတ႐ုတ္ရဲ႕ ကိုယ္စားလွယ္ပဲ” Micheal Moe Myint ကေျပာခဲ့သည္။ ခ႐ိုနီထဲမွာေတာ့ဖ်ံပဲ .. ငတက္ျပားအႀကီး စားဟုေျပာခဲ့ေလသည္။
The Raw
Unicode
ရိုးမခရိုနီကို ပေါ်တင် ဝေဖန်လိုက်တဲ့ ရေနံခရိုနီ (ခရိုနီတိုက်ပွဲ)
မြန်မာနိုင်ငံမှ တရုတ်သူဌေးကြီး Serge Pun ကိုပြည်သူတွေဒုက္ခ ပင်လယ်ဝေနေချိန်မှာ Wave Money မှအမြတ်ကြီးစား ခေါင်းပုံဖြတ်ကာ အမြတ်ထုတ်ခဲ့ကြောင်း ရေနံသူဌေးကြီး Michael Moe Myint ကဝေဖန်ခဲ့ကြောင်းသိရသည်။

“ဒီလူက ကျနော်တို့တိုင်းပြည်ကို ချစ်တဲ့သူမဟုတ်ဘူး၊စင်ကာပူက Stock မှာသူ့ profile တက်ဖို့ပဲ စိတ်ဝင်စားတာ ဘယ်သူတေတေ ငတေမပါရင်ပြီးရော ဆိုတဲ့လူမျိုး” ဟုပျစ်ပျစ်နှစ်နှစ်ဝေဖန်လိုက်သည်။ Serge Pun သည် တရုတ်လူမျိုးဖြစ်ပြီး ၁၉၆၅ခုတွင်မြန်မာပြည်မှ ထွက်ခွာသွားခဲ့သူဖြစ်သည်။
“မြန်မာမှတ်ပုံတင်ကိုအမှိုက်ခြင်းထဲပစ်ထည့်ပြီးထွက်သွားတဲ့သူ ကျနော်တို့တိုင်းပြည်အပေါ်ဘာမှစေတနာရှိတာမဟုတ်ဘူး” Michael Moe Myint ကမကြာခင်က ခါးခါးသီးသီးပြောခဲ့၏။
၁၉၈၈ အာဏာသိမ်းပြီးနောက် ပြန်ရောက်လာပြီး မြန်မာနိုင်ငံသားပြန်လျှောက်ကာ ထောက်လှန်းရေးအရာရှိချုပ် ဗိုလ်ချုပ်ခင်ညွန့်အဖွဲ့နှင့်ပေါင်းကာ စီးပွားရေးလုပ်ခဲ့သူဖြစ်၏။ မြန်မာအမည်သစ်မှာ ဦးသိန်းဝေဖြစ်သည်။ သူသည် F.M.I နှင့် Yoma ကိုတည်ထောင်ပိုင်ဆိုင်သူသူဌေးတဦးဖြစ်ပြီး Star City ကိုပိုင်ဆိုင်သူဖြစ်သည်။
Star City မှ CDM ဒေါက်တာဆရာဝန်လေးများ အသတ်ခံရခြင်း၊အဖမ်းခံခြင်းတို့သည် ဦးသိန်းဝေ၏သတင်းပေးမှုကြောင့်ဟုဆိုကြသည်။ Michael Moe Myint အပါအဝင်မြန်မာပြည်မှ သူဌေးကြီးများ ကတော့ ဂျင်ပေါ်ကထုံး Serge Pun ကိုမုန်းတီးနေကြသည်။

ဒီလူက ဖျံကျတယ်၊ ဖျံတွေထဲမှာ ပိုပြီးဖျံကြတဲ့သူ” ဟုသူဌေးတဦးဖြစ်သူ ဦးချစ်ခိုင်က ပြောသည်။
ဦးချစ်ခိုင်သည် Eden Group ၏သူဌေးခရိုနီတဦးဖြစ်ပြီး ဟိုဘက်ဒီဘက် ၂ ဖက်စလုံးနှင့် ပေါင်းတတ်သူ ချောဆီအထည့်ကောင်းသူ ဖြစ်၏။ အိပ်ချင်ယောင်ဆောင်နေသော ကျားကြီးဟုစီးပွားရေးအသိုင်းအဝန်း က ခေါ်လေ့ရှိသည်။
Max ၏သူဌေးကြီး ဦးဇော်ဇော်ကတော့ “ ဒီလူကရွံဖို့ကောင်းတယ်။ ဒီမှာလာပြီး ခေါင်းပုံဖြတ် ဂုတ်သွေးစုတ်နေတာကြာပြီ။ တိုင်းရင်းသားသူဌေးတွေကသူ့ကို အရမ်းမုန်းကြတယ်လေ” ဟုမကြာခင်က ဂေါက်ကွင်းတွင်ကစားရင်း ဦးသိန်းဝေ၏ဂုဏ်ပုဒ်များကိုထုတ်ပြောလေ၏။
Serge Pun သည် ဦးခင်ညွန့်ခေတ်မှာကြီးပွားခဲ့သလို ဦးသိန်းစိန်ခေတ်တွင်လည်းပိုမိုကြီးပွားခဲ့ပြီး ငါကခရိုနီ မဟုတ်ဘူး ၁၀၀ ရာနှုန်းသန့်ရှင်းပါတယ်ဟု မီဒီယာတွေကိုပြောခဲ့ဘူးသည်။ ပို၍လူမုန်းများလေတော့ သည်။ ယခုအာဏာ သိမ်းတော့လည်း Wave Money မှ ဒုက္ခ ရောက်နေသာ ပြည်သူများကိုခေါင်းပုံဖြတ်ခဲ့လေသည်။
မီဒီယာတွေက သူ့ကိုတိုက်ခိုက်မည်စိုးသောကြောင့်ပြည်ပမှ ပြန်ဝင်လာသော မီဒီယာ အချို့နှင့်ပြည်တွင်းမှ ထောက်လှန်းရေးဟောင်း ဗိုလ်မှူးချုပ်သိန်းဆွေထူထောင်ခဲ့သည့် မြန်မာ တိုင်းမ် နှင့် Frontier သတင်းစာတို့ကို ဝယ်ယူထားခဲ့ပြီး တဖန်ပြန်တိုက်ခိုက်မှုများလုပ်ခဲ့သည်။
“သူကတရုတ်ရဲ့ ကိုယ်စားလှယ်ပဲ” Micheal Moe Myint ကပြောခဲ့သည်။ ခရိုနီထဲမှာတော့ဖျံပဲ .. ငတက်ပြားအကြီး စားဟုပြောခဲ့လေသည်။
The Raw



