ၾကားသိရသမွ်

ဖခင္ျဖစ္သူရဲ႕ အုတ္ဂူေရွ႕သို႔ သြားေရာက္ကာ စာေမးပြဲေအာင္လက္မွတ္ကိုကိုင္ၿပီး ရရွိသည့္အမွတ္ေလးေတြကို မ်က္ရည္မ်ားက်ရင္း ဖတ္ျပခဲ့သည့္ ေကာင္ေလး

တ႐ုတ္ႏိုင္ငံမွ အသက္၁၉ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ ငယ္စဥ္ေလးတည္းက မိခင္ျဖစ္သူမွာ ဆုံးပါးသြားၿပီး ဖခင္ႏွင့္ ဦးေလးလက္ထဲတြင္ ႀကီးျပင္းလာခဲ့ရၿပီး အခက္အခဲမ်ားစြာကိုလည္း ႀကဳံေတြ႕ခဲ့ရသည္။

ေကာင္ေလးသည္ မိသားစုရဲ႕ အေျခအေနကို နားလည္ကာ စာႀကိဳးစားခဲ့ၿပီး ဖခင္ျဖစ္သူမွ ၿခံထဲတြင္ အာလူးစိုက္ပ်ိဳးရင္းနဲ႔ ေက်ာင္းထားေပးခဲ့စဥ္ ကံမေကာင္းစြာပဲ ဆယ္တန္းစာေမးပြဲေျဖဆိုေနဆဲ အေတာအတြင္းကို ဖ်ားနာၿပီးေနာက္ ဆုံးပါးသြားခဲ့သည္။

ေကာင္ေလးသည္ ခင္တြယ္စရာ ဖခင္ျဖစ္သူကပါ သူ႔အနားတြင္ မရွိေတာ့၍ အလြန္းဝမ္းနည္းေနခဲ့ေသာ္လည္း ေနာက္ဆုံးစာေမးပြဲကို ၅၄၅မွတ္ရရွိၿပီးေအာင္ျမင္ခဲ့ရာ ေပ်ာ္႐ႊင္ေနမည့္အစား ဖခင္ျဖစ္သူရဲ႕ အုတ္ဂူေရွ႕သို႔အေျပးလႊားသြားခဲ့ၿပီး အေဖတို႔အေမတို႔ တက္ေစခ်င္သည့္ အင္ဂ်င္နီယာေက်ာင္းသားေလးျဖစ္ေတာ့မည့္အေၾကာင္းႏွင့္ ေအာင္လက္မွတ္ေလးကို ထုတ္ျပကာ ရမွတ္တို႔ကို မ်က္ရည္ေလးေတြက်ရင္း ဖတ္ျပေနခဲ့သည္။

Rain (For Ialinks)

Unicode

ဖခင်ဖြစ်သူရဲ့ အုတ်ဂူရှေ့သို့ သွားရောက်ကာ စာမေးပွဲအောင်လက်မှတ်ကိုကိုင်ပြီး ရရှိသည့်အမှတ်လေးတွေကို မျက်ရည်များကျရင်း ဖတ်ပြခဲ့သည့် ကောင်လေး

တရုတ်နိုင်ငံမှ အသက်၁၉နှစ်အရွယ် ကောင်လေးတစ်ဦးသည် ငယ်စဥ်လေးတည်းက မိခင်ဖြစ်သူမှာ ဆုံးပါးသွားပြီး ဖခင်နှင့် ဦးလေးလက်ထဲတွင် ကြီးပြင်းလာခဲ့ရပြီး အခက်အခဲများစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။

ကောင်လေးသည် မိသားစုရဲ့ အခြေအနေကို နားလည်ကာ စာကြိုးစားခဲ့ပြီး ဖခင်ဖြစ်သူမှ ခြံထဲတွင် အာလူးစိုက်ပျိုးရင်းနဲ့ ကျောင်းထားပေးခဲ့စဥ် ကံမကောင်းစွာပဲ ဆယ်တန်းစာမေးပွဲဖြေဆိုနေဆဲ အတောအတွင်းကို ဖျားနာပြီးနောက် ဆုံးပါးသွားခဲ့သည်။

ကောင်လေးသည် ခင်တွယ်စရာ ဖခင်ဖြစ်သူကပါ သူ့အနားတွင် မရှိတော့၍ အလွန်းဝမ်းနည်းနေခဲ့သော်လည်း နောက်ဆုံးစာမေးပွဲကို ၅၄၅မှတ်ရရှိပြီးအောင်မြင်ခဲ့ရာ ပျော်ရွှင်နေမည့်အစား ဖခင်ဖြစ်သူရဲ့ အုတ်ဂူရှေ့သို့အပြေးလွှားသွားခဲ့ပြီး အဖေတို့အမေတို့ တက်စေချင်သည့် အင်ဂျင်နီယာကျောင်းသားလေးဖြစ်တော့မည့်အကြောင်းနှင့် အောင်လက်မှတ်လေးကို ထုတ်ပြကာ ရမှတ်တို့ကို မျက်ရည်လေးတွေကျရင်း ဖတ်ပြနေခဲ့သည်။

Rain (For Ialinks)