ၾကားသိရသမွ်

သက်တံ့ရေ. …. ဒီနေ့မင့်သား‌လေးကိုရှင်ပြု ပေးတယ်ကွာတရွာလုံး တနယ်လုံးမျက်ရည်နဲ့မျက်ခွက်ပါ

22.10.2021(FRI) | နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းများကို အကြမ်းဖက်စစ်တပ်က အင်အားသုံး၍ ဝင်ရောက်စီးနင်း စခန်းနှစ်ခုကို

မီးရှို့ဖျက်ဆီးပြီးဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များမိုင်းခွဲတိုက်ခိုက် ပစ်ခတ်ကြရာတွင် ရန်သူ့ကျည်သင့်ပြီးကျဆုံးသွားတဲ့

ရဲဘော်သက်တန့်၏ဖြစ်ချင်ဆုံးအရာလေးမှာ သားလေးကို ရှင်ပြုပေး ဖို့ပါ…

ဒီနေ့ (27.11.2021) ရှင်ပြုပေးလိုက်ပါတယ် အာဇာနီရဲဘော်သက်တန့်ကြားနိုင်ပါစေမြင်နိုင်ပါစေ သာဓုခေါ်ဆိုနိုင်ပါ စေ

သက်တံ့ရေ. ….

ဒီနေ့မင့်သား‌လေးကိုရှင်ပြု ပေးတယ်ကွာတရွာလုံး တနယ်လုံးမျက်ရည်နဲ့မျက်ခွက်နဲ့ပါ

ပစ်ခံရတာက မင်းတစ်ယောက်ထဲပေမဲ့ငါတို့အားလုံးရဲ့ရင်ဘတ်မှာတော့ဒဏ်ရာ ဒဏ်ချက်ကိုယ်စီခံနေရတယ်

ကဲ.. .မကြာခင်တရားနာကြတော့မယ် မင်းလာနိုင်အောင် ငါကိုယ်တိုင်လာခေါ်တာနော်လာဖြစ်အောင်လာခဲ့..။

ငါ့တူ….

မင့်သားလေး ကိုရင်ဖြစ်သွားပါပြီ။

မင်းမြင်တွေ့သွားမှာပါ ဘယ်တုန်းကမှ ငါမယုံကြည်လို့ မလုပ်ခဲ့တဲ့အလုပ်ကိုငါ ယုံယုံကြည်ကြည်နဲ့ မင်းလဲလျောင်းရာနေရာ လေးမှာ

မင့်လုံခြည်အင်္ကျီလေးကို မင့်အုပ်ဂူပေါ်မှာ အကြာကြီးတင်ပြီးမှ ခေါ်ခဲ့တာ နော်။

မင့်သူငယ်ချင်းတွေ မင့်လုပ်ဖေါ်ကိုင်ဘက်တွေမင့် ဆွေမျိုးသားချင်းတွေမင်း ကလွဲလို့ လူစုံတက်စုံပါ။

ငါလည်း အမျှဝေသံကြား (ဂျား)မှ

ပါးစပ်က ..

တောက် တောက် တောက်ခေါက်ရင်းအံကြိတ်ပြီးအမျှဝေလိုက်တယ်ငါ့တူရေ….

မူရင်းရေးသားသူ-ခရက်ဒစ်ပေးပါတယ်

***************

22.10.2021(FRI) | ေန႔က ေဒသခံကာကြယ္ေရးတပ္ဖြဲ႕စခန္းမ်ားကို အၾကမ္းဖက္စစ္တပ္က အင္အားသုံး၍ ဝင္ေရာက္စီးနင္း စခန္းႏွစ္ခုကို

မီးရွို႔ဖ်က္ဆီးၿပီးေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားမိုင္းခြဲတိုက္ခိုက္ ပစ္ခတ္ၾကရာတြင္ ရန္သူ႔က်ည္သင့္ၿပီး

က်ဆုံးသြားတဲ့ ရဲေဘာ္သက္တန႔္၏ျဖစ္ခ်င္ဆုံးအရာေလးမွာ သားေလးကို ရွင္ျပဳေပး ဖို႔ပါ

ဒီေန႔ (27.11.2021) ရွင္ျပဳေပးလိုက္ပါတယ္ အာဇာနီရဲေဘာ္သက္တန႔္ၾကားနိုင္ပါေစျမင္နိုင္ပါေစ သာဓုေခၚဆိုနိုင္ပါ ေစ

သက္တံ့ေရ. ….

ဒီေန႔မင့္သား‌ေလးကိုရွင္ျပဳ ေပးတယ္ကြာတရြာလုံး တနယ္လုံးမ်က္ရည္နဲ႔မ်က္ခြက္နဲ႔ပါ

ပစ္ခံရတာက မင္းတစ္ေယာက္ထဲေပမဲ့ငါတို႔အားလုံးရဲ့ရင္ဘတ္မွာေတာ့ဒဏ္ရာ ဒဏ္ခ်က္ကိုယ္စီခံေနရတယ္

ကဲ.. .မၾကာခင္တရားနာၾကေတာ့မယ္ မင္းလာနိုင္ေအာင္ ငါကိုယ္တိုင္လာေခၚတာေနာ္လာျဖစ္ေအာင္လာခဲ့..။

ငါ့တူ….

မင့္သားေလး ကိုရင္ျဖစ္သြားပါၿပီ။

မင္းျမင္ေတြ႕သြားမွာပါ ဘယ္တုန္းကမွ ငါမယုံၾကည္လို႔ မလုပ္ခဲ့တဲ့အလုပ္ကိုငါ ယုံယုံၾကည္ၾကည္နဲ႔ မင္းလဲေလ်ာင္းရာေနရာ ေလးမွာ

မင့္လုံျခည္အကၤ်ီေလးကို မင့္အုပ္ဂူေပၚမွာ အၾကာႀကီးတင္ၿပီးမွ ေခၚခဲ့တာ ေနာ္။

မင့္သူငယ္ခ်င္းေတြ မင့္လုပ္ေဖၚကိုင္ဘက္ေတြမင့္ ေဆြမ်ိဳးသားခ်င္းေတြမင္း ကလြဲလို႔ လူစုံတက္စုံပါ။

ငါလည္း အမၽွေဝသံၾကား (ဂ်ား)မွ

ပါးစပ္က ..

ေတာက္ ေတာက္ ေတာက္ေခါက္ရင္းအံႀကိတ္ၿပီးအမၽွေဝလိုက္တယ္ငါ့တူေရ….

မူရင္းေရးသားသူ-ခရက္ဒစ္ေပးပါတယ္