ဆန်ပြားမုန့်လုပ်နည်း မေးထားတဲ့မိတ်ဆွေများအတွက်
ပါဝင်သော ပစ္စည်းများ
ဆန်မုန့် ၁၀၀.ဂရမ်
ကော်မုန့် (သို့) ပီလောပီနန် မူန့် ၅ဝဂရမ်
ရေ ၃၀၀ ml
ပုဇွန်ခြောက်သေးသေး ၁ ထထင်းစားဇွန်း
ဆား ၁.လက်ဘက်ဇွန်း
တရုတ် နံနံ ၁၀.ပင်
ဗန်းနဲ့မုန့်သုတ်ဖို့ ဆီ အနည်းငယ်
ကြိုက်ရာဗန်း ၂.ခု
ပြုလုပ်ပုံ….
(၁ )ဆန် ကော်ဆားအားလုံးကိုရေရောပြီးသမအောင်မွေပေးပြီးနာရီဝက်ထားထားပါ။
(၂)နှစ်ထပ်ပေါင်းအိုးကိုရေဆူအောင်တည်ထားပါ
(၃)မုန့်နစ်ထဲသို့တရုတ်နံနံထည့်မွေပါ။
(၄)ဗန်းနှစ်ခုလုံးကိုဆီပါးပါးသုတ်ပြီးမုန့်သားပါးပါးလေးခပ်ထည့်၍မုန့်သားများနေရာအနံ့ဖြစ်အောင်ဗန်းလှည့်ပေးပါ ပုဇွန်ခြောက်အနည်းငယ်ထည့်ပါ။
(၅)ရေပွက်ပွက်ဆူလာရင်မုန့်ဗန်းထည့်ပေါင်းပါ။
(၆) ကြာချိန် ၂မိနစ်မှ၃မိနစ်
(၇) ပထမဗန်းကျက်လျင် ထုတ်ပြီးဒု တိယဗန်းထည့်ပေါင်းပါ မုန့်နစ်ကုန်တဲ့အထိဒီအတိုင်းလုပ်ပါ။
(၈)ထုတ်ထားသောမုန့်ဗန်းကိုဘေးနာကနေကော်ထုတ်ပြီးခွာလိုက်ပါတဝက်ရလျင်ခေါက်၍ဆက်ခွာပြီး၊
ပန်းက န်ထဲထည့်ပြီးမုန့်သားပေါ်တွင်ဆီပါးပါးသုတ်ပေးပြီး ကျ န်မုန့်တွေလည်းဒီအတိုင်းပဲလုပ်ပြီးရပါပြီရှင့်။
Crd: #AyeNangAyeHlaing



