ပြည်ခိုင်ဖြိုးပါတီက လိုအပ်လျင် တပ်မတော်နှင့်အတူ တိုက်ပွဲဝင်ရန် တစ်ပါတီလုံးအသင့်ရှိဟုဆိုထားခဲ့သည့်သက်သေ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီသည် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ပေါ်ပေါက်လာသော ပါတီဖြစ်သည့်အတွက် လိုအပ်လာလျင် တပ်မတော်နှင့်အတူ တိုက်ပွဲဝင်ရန် တစ်ပါတီလုံးနှင့်ပါတီဝင်တိုင်းအသင့် ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း)ဦးဝဏ္ဏမောင်လွင်က ပြောသည်။
“ ပြည်ခိုင်ဖြိုးပါတီကရော ဘယ်လောက်အသင့်ဖြစ်နေပြီလဲ။ပြည်ခိုင်ဖြိုးပါတီသည် ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်ဖို့ ပေါ်ပေါက်လာတဲ့ ပါတီဖြစ်တယ်။
ပါတီဝင်အင်အားဘယ်လောက်ရှိလဲ။ အရေးပေါ်လို့ တပ်မတော်ကလိုအပ်လာရင် ပါတီဝင်တွေအကုန်လုံးတပ်မတော်ထဲဝင်မှာလား။
ဒီထဲမှာ ပါတီဝင်တွေပါလား (ပါပါတယ်)ဝင်နိုင်လား (ဝင်နိုင်ပါတယ်) ဒါကျွန်တော်တို့အင်အားပါပဲ”ဟု ပြောသည်။
ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာဖိအားများနှင့်ပတ်သက်၍ တပ်မတော်သည် အစိုးရ၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နိုင်ငံကို ကာကွယ်နိုင်ရန် အခြေခံဥပဒေတွင် အမျိုးသားကာကွယ်ရေး
လုံခြုံရေးကောင်စီရေးထားကြောင်း မိမိနိုင်ငံ ကာကွယ်ရေးအတွက် ပြတ်သားစွာ ဆုံးဖြတ်ရန်လိုကြောင်းလည်း ဆက်လက်ပြောသည် ။
“ကုလသမဂ္ဂ အတင်းဝင်လာကြရင် ဘယ်လိုလုပ်ကြမလဲ။ကျွန်တော်တို့နိုင်ငံမှာ အဲလိုအကြောင်းတရားေတွပေါ်လာရင် ဆုံးဖြတ်နိုင်အောင် ကာကွယ်နိုင်အောင်ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ
အမျိုးသားကာကွယ်ရေးလုံခြုံရေးကောင်စီဆိုပြီး ရေးထားတယ်။ဒီကနေ ပြတ်ပြတ်သားသား ဆုံးဖြတ်၊ဒါမိမိနိုင်ငံကာကွယ်ရေးဖြစ်တယ်။သံတမန်နည်းလမ်းနဲ့ ရအောင်ကာကွယ်ရမယ် ။
ကုလသမဂ္ဂလို့ပြောရင် လုံခြုံရေးကောင်စီကိုပြောရမယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဒီလိုဆုံးဖြတ်ချက် ချမှတ်လို့မရအောင်ဘာလုပ်ကြမလဲ။ကိုဆိုဗိုမှာ နေတိုးတပ်ဖွဲ့ဝင်တွေ ဝင်တိုက်ခဲ့တဲ့ သာဓကရှိခဲ့ဖူးတယ်။
မိမိတို့ကြိုတင်ပြင်ဆင်မှုနဲ့ စစ်ရေးအသင့် ပြင်ဆင်မှုဆိုတာရှိရပါမယ်။ကာကွယ်နိုင်တဲ့ အင်အားရှိ၏၊မရှိ၏ဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ စစ်ရေးအရာဖြစ်လို့ဘယ်လောက်ရှိတယ်ဆိုတာမပြောနိုင်ဘူး။
သို့သော် တပ်မတော်သားတွေရဲ့ စိတ်ဓာတ်ကတော့အားလုံးမှတ်ကျောက်တင်ခံနိုင်တဲ့ စိတ်ဓာတ်တွေဖြစ်ပါတယ်”ဟုဆိုသည်။
ဇန်နဝါရီ(၁၁)Gandanmar Grand Ballroomတွင်ကျင်းပပြုလုပ်ခဲ့သည့် Past, Present And2020စကားဝိုင်းတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါစကားဝိုင်းတွင် ဒေါက်တာနေဇင်လတ်ကဦးဆောင်ဆွေးနွေးခဲ့ပြီး ၊နိုင်ငံခြားရေးဝန်ကြီး(ငြိမ်း)ဦးဝဏ္ဏမောင်လွင်၊ဒေါက်တာဆလိုင်းငွေကျုန်းလျန်
၊ပြည်သူ့အင်အားနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး(ငြိမ်း)ဦးခင်ရီတို့ ဝင်ရောက်ဆွေးနွေးခဲ့ကြသည်။
Zawgyi
ျပည္ခိုင္ၿဖိဳးပါတီက လိုအပ္လ်င္ တပ္မေတာ္ႏွင့္အတူ တိုက္ပြဲဝင္ရန္ တစ္ပါတီလုံးအသင့္႐ွိဟုဆိုထားခဲ့သည့္သက္ေသ
ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြင့္ၿဖိဳးေရးပါတီသည္ ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ရန္ေပၚေပါက္လာေသာ ပါတီျဖစ္သည့္အတြက္ လိုအပ္လာလ်င္ တပ္မေတာ္ႏွင့္အတူ တိုက္ပြဲဝင္ရန္ တစ္ပါတီလုံးႏွင့္ပါတီဝင္တိုင္းအသင့္ ႐ွိသည္ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး (ၿငိမ္း)ဦးဝဏၰေမာင္လြင္က ေျပာသည္။
“ ျပည္ခိုင္ၿဖိဳးပါတီကေရာ ဘယ္ေလာက္အသင့္ျဖစ္ေနၿပီလဲ။ျပည္ခိုင္ၿဖိဳးပါတီသည္ ဒို႔တာဝန္အေရးသုံးပါးကိုကာကြယ္ဖို႔ ေပၚေပါက္လာတဲ့ ပါတီျဖစ္တယ္။
ပါတီဝင္အင္အားဘယ္ေလာက္႐ွိလဲ။ အေရးေပၚလို႔ တပ္မေတာ္ကလိုအပ္လာရင္ ပါတီဝင္ေတြအကုန္လုံးတပ္မေတာ္ထဲဝင္မွာလား။
ဒီထဲမွာ ပါတီဝင္ေတြပါလား (ပါပါတယ္)ဝင္ႏိုင္လား (ဝင္ႏိုင္ပါတယ္) ဒါကြၽန္ေတာ္တို႔အင္အားပါပဲ”ဟု ေျပာသည္။
ဦးဝဏၰေမာင္လြင္က ႏိုင္ငံတကာဖိအားမ်ားႏွင့္ပတ္သက္၍ တပ္မေတာ္သည္ အစိုးရ၏အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း ႏိုင္ငံကို ကာကြယ္ႏိုင္ရန္ အေျခခံဥပေဒတြင္ အမ်ိဳးသားကာကြယ္ေရး
လုံျခဳံေရးေကာင္စီေရးထားေၾကာင္း မိမိႏိုင္ငံ ကာကြယ္ေရးအတြက္ ျပတ္သားစြာ ဆုံးျဖတ္ရန္လိုေၾကာင္းလည္း ဆက္လက္ေျပာသည္ ။
“ကုလသမဂၢ အတင္းဝင္လာၾကရင္ ဘယ္လိုလုပ္ၾကမလဲ။ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အဲလိုအေၾကာင္းတရားေတြေပၚလာရင္ ဆုံးျဖတ္ႏိုင္ေအာင္ ကာကြယ္ႏိုင္ေအာင္ဆိုၿပီး ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ
အမ်ိဳးသားကာကြယ္ေရးလုံျခဳံေရးေကာင္စီဆိုၿပီး ေရးထားတယ္။ဒီကေန ျပတ္ျပတ္သားသား ဆုံးျဖတ္၊ဒါမိမိႏိုင္ငံကာကြယ္ေရးျဖစ္တယ္။သံတမန္နည္းလမ္းနဲ႔ ရေအာင္ကာကြယ္ရမယ္ ။
ကုလသမဂၢလို႔ေျပာရင္ လုံျခဳံေရးေကာင္စီကိုေျပာရမယ္။ကုလသမဂၢလုံျခဳံေရးေကာင္စီမွာဒီလိုဆုံးျဖတ္ခ်က္ ခ်မွတ္လို႔မရေအာင္ဘာလုပ္ၾကမလဲ။ကိုဆိုဗိုမွာ ေနတိုးတပ္ဖြဲ႕ဝင္ေတြ ဝင္တိုက္ခဲ့တဲ့ သာဓက႐ွိခဲ့ဖူးတယ္။
မိမိတို႔ႀကိဳတင္ျပင္ဆင္မႈနဲ႔ စစ္ေရးအသင့္ ျပင္ဆင္မႈဆိုတာ႐ွိရပါမယ္။ကာကြယ္ႏိုင္တဲ့ အင္အား႐ွိ၏၊မ႐ွိ၏ဆိုတာ တိုင္းျပည္တစ္ျပည္ရဲ႕ စစ္ေရးအရာျဖစ္လို႔ဘယ္ေလာက္႐ွိတယ္ဆိုတာမေျပာႏိုင္ဘူး။
သို႔ေသာ္ တပ္မေတာ္သားေတြရဲ႕ စိတ္ဓာတ္ကေတာ့အားလုံးမွတ္ေက်ာက္တင္ခံႏိုင္တဲ့ စိတ္ဓာတ္ေတြျဖစ္ပါတယ္”ဟုဆိုသည္။
ဇန္နဝါရီ(၁၁)Gandanmar Grand Ballroomတြင္က်င္းပျပဳလုပ္ခဲ့သည့္ Past, Present And2020စကားဝိုင္းတြင္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါစကားဝိုင္းတြင္ ေဒါက္တာေနဇင္လတ္ကဦးေဆာင္ေဆြးေႏြးခဲ့ၿပီး ၊ႏိုင္ငံျခားေရးဝန္ႀကီး(ၿငိမ္း)ဦးဝဏၰေမာင္လြင္၊ေဒါက္တာဆလိုင္းေငြက်ဳန္းလ်န္
၊ျပည္သူ႕အင္အားႏွင့္ လူမႈေရးဝန္ႀကီးဌာနဝန္ႀကီး(ၿငိမ္း)ဦးခင္ရီတို႔ ဝင္ေရာက္ေဆြးေႏြးခဲ့ၾကသည္။



