ၾကားသိရသမွ်

ဆိုင်းဆရာဘဝမှ တော်လှန်ရေးရဲဘော်ဖြစ်လာတဲ့ ရဲဗိုလ်ဟိန်း….

ဆိုင်းဆရာဘဝမှ တော်လှန်ရေးရဲဘော်ဖြစ်လာတဲ့ ရဲဗိုလ်ဟိန်း

အလှူအတွက် ဆိုင်း ငှားချင်လို့ဆိုပြီးဆက်သွယ်လာတာ နှစ်လှူရှိပြီ။

စိတ်ထဲမှာ ဝမ်းနည်းတာလိုလိုဝမ်းသာတာလိုလိုနဲ့ပေါ့၊ ဖုန်းပြောဖြစ်တယ်။ ကျွန်တော့်ကို မမေ့ပဲအခုလိုဆက်သွယ်လာတာကျေးဇူးအများကြီးတင်ပါတယ် ဦးလေးခင်ဗျာ

ဒါပေမယ့် ဘယ်လိုမှမအောင့်မေ့ပါနဲ့၊ကျွန်တော့်အနေနဲ့ ဒီအရေးတော်ပုံအောင်မှ ဆိုင်းပြန်တီးဖြစ်မှာပါ၊ ဆိုတော့ဆိုင်းငှားမယ့် ဦးလေးလည်း

သူများတွေတောင် လက်ခံနေပြီပဲငါတို့ရွာကလည်း မင်းအပေါ်မှာတကယ်ကိုမေတ္တာရှိလို့ပါ တီးပေးပါလားကွယ်၊ တဲ့

အားနာပါတယ် ဦးလေးရယ်သူများတွေလည်း သူတို့အကြောင်းနဲ့သူတို့

ကျွန်တော်လည်း ကျွန်တော့်အကြောင်းနဲ့ကျွန်တော်မို့လို့ပါ၊

တော်လှန်ရေးပြီးလို့ ကျွန်တော် ရဲဗိုလ်ဟိန်းမသေဘူးဆိုရင်တော့ လာခဲ့ဗျာ အားပေးကြပါ

ကျွန်တော် ဆိုင်းပဲတီးမှာပါ၊ လို့ဝမ်းနည်းစွာပဲပြောလိုက်ရတယ်။

ဆိုင်းဆရာရဲဗိုလ်ဟိန်း

unicode









