ပိုက်ဆံဝင်ခါနီးရင် ပြလေ့ရှိတဲ့ ရှေ့ပြေးနိမိတ်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လင်းယုန်
လင်းယုန်ကို အိပ်မက်တာကလည်း ငွေဝင်မယ့် ရှေ့ပြေးနမိတ်အိမ်မက်ပါ။ လင်းယုန်ကတော့ ရဲရင့်မှု၊ သတ္တိရှိမှုကို ကိုယ်စားပြုတဲ့ တိရစ္ဆာန်ပါ။ ဂရိဒဏ္ဍာရီမှာဆိုရင်လင်းယုန်ကZeus နတ်ဖုရားရဲ့ကူညီပံ့ပိုးသူအဖြစ်လက်ခံယုံကြည်ကြပါတယ်။လင်းယုန်ကိုအိမ်မက်မက်ရင် ငွေဝင်မယ်၊ ကြံစည်သမျှအောင်မြင်မယ်ဆိုတဲ့အယူရတယ်။
နို့ (ဒါမှမဟုတ်) ပျားရည်
အိမ်မက်ထဲမှာ နို့တွေကိုမက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာမျိုးက မကြာခင်မှာငွေဝင်တော့မယ်ဆိုတဲ့နိမိတ်ပါပဲ။ဥပမာ- ပျားအုံကြီးကို ပျားရည်ညှစ်တာမျိုး၊ နွားနို့ ညှစ်တာမျိုး၊ နို့တွေကလမ်းတွေပေါ် မှာ ဖုံးလွှမ်းနေတာမျိုးအစရှိတဲ့အိမ်မက်မျိုးပါ။
နံပါတ်(၈)
ဂဏန်းနံပါတ် (၈) က တရုတ်နဲ့ အာရှနိုင်ငံတွေမှာဆိုရင်ကံကောင်းစေတဲ့ နံပါတ်တွေလို့ သတ်မှတ်ခံထားရတာပါ။ဒါပေမယ့် မြန်မာမှာတော့(၈) ဂဏန်းက မကောင်းဘူးဆိုတဲ့အယူအဆတစ်ချို့တော့ ရှိပါတယ်။ ဒါပေမယ့်လည်း (၈)က ဝင်ငွေခါနီးရင်တွေ့ရတတ်တဲ့ရှေ့ပြေးအရာတွေထဲကတစ်ခုပါ။ (၈) ဂဏန်းကိုမက်ပြီဆိုရင်တော့ သင်မကြာခင်ငွေကံကောင်းတော့မှာဖြစ်ပါတယ်။
ရွှေ နဲ့လက်ဝတ်ရတနာ
ရွှေဆိုတာက ချမ်းသာကြွယ်ဝမှုရဲ့ လက္ခာဏာတစ်ခုပါ။ ကိုယ့်ရဲ့အိမ်မက်ထဲမှာရွှေတွေကိုမြင်မက်ရင် လည်း ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ်ဆိုတဲ့ရှေ့ပြေးနမိတ် ဖြစ်ပါတယ်။နောက်တစ်ခုကတော့ အိမ်မက်ထဲမှာ နားကပ်ပန်ရတယ်၊လက်စွပ်တွေဝတ်ရတယ်ဆိုပြီး မက် တာမျိုးပါ။အဲ့လိုမက်နေပြီဆိုရင်တော့ မကြာခင်မှာသင်ဝင်ငွေရတော့မှာပါ။ဥပမာ- အိမ်မက်ထဲမှာရွှေချောင်းတွေ၊ ရွှေတုံးတွေရှိတဲ့နေရာ တစ်ရာကိုရောက်တာမျိုး၊လက်ဆောင်ရတာမျိုး၊ နားကပ်တွေ ပန်ရတယ်လို့ အိမ်မက်မက်တာ မျိုးပါ။
မစင်နဲ့ ပိုက်ဆံ
မစင်ကရွံ့စရာလို့ ထင်ပေမယ့် သူ့ကိုအိမ်မက်မက်ရင်တော့ ငွေဝင်တတ်ပါတယ်။ မစင်တွင်းထဲကျတာ၊ မစင်နင်းမိတာ မစင်တွေကို တွေ့တာမျိုးတွေမြင်ရင်မကြာခင်မှာငွေဝင်တတ်ပါတယ်။နောက်တစ်ခုကတော့ ပိုက်ဆံပါ။ပိုက်ဆံတွေကို အိမ်မက်ထဲမှာ အပုံလိုက်မက်ရင်လည်း အပြင်မှာပါငွေဝင်တတ်ပါတယ်။
ဂျုံ၊ စပါး
ဒါတွေကတော့ အခြေခံမရှိမဖြစ်စားသောက်ကုန်လို့ ပြောလို့ရပါတယ်။ဂျုံ၊စပါး ဆိုတာမျိုး က ချမ်းသာခြင်း၊ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ အရာတွေပါ။ ဒါကြောင့် သူတို့ကိုအိမ်မက်မက်ရင်လည်း ကံကောင်းတတ်၊ငွေဝင် တတ်ပါတယ်။
အကောင်တွေ
တိရစ္ဆာန်ထဲမှာဆိုရင်တော့နွား၊ ဆင်တွေ၊မြင်းတွေကိုမက်တာကလည်း ငွေဝင်မယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာပဲ ဖြစ်ပါတယ်။ ငှက်ဆိုရင် ကြက်တူရွေး၊ မြွေ၊ ပျား၊ ကင်းမြှီးကောက်၊ကြွက်တို့ကို မက်ရင်လည်းငွေဝင်တတ်ပါတယ်။
ငွေဝင်လာဒ်ရွှင်နိမိတ်တွေကို ဗဟုသုတဖြစ်စေဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။ နှစ်သစ်မှာ ငွေတွေ များများဝင်ပြီး လိုအင်ဆန္ဒများ အမြန်ပြည့်နိုင်ကြပါစေ။
Zawgyi
ေငြဝင္ခါနီး ျပေလ့ရွိတဲ့ ေရွ႕ေျပးနိမိတ္မ်ားအေၾကာင္း
ပိုက္ဆံဝင္ခါနီးရင္ ျပေလ့ရွိတဲ့ ေရွ႕ေျပးနိမိတ္မ်ားအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။
လင္းယုန္
လင္းယုန္ကို အိပ္မက္တာကလည္း ေငြဝင္မယ့္ ေရွ႕ေျပးနမိတ္အိမ္မက္ပါ။ လင္းယုန္ကေတာ့ ရဲရင့္မႈ၊ သတၱိရွိမႈကို ကိုယ္စားျပဳတဲ့ တိရစာၦန္ပါ။ ဂရိဒ႑ာရီမွာဆိုရင္လင္းယုန္ကZeus နတ္ဖုရားရဲ႕ကူညီပံ့ပိုးသူအျဖစ္လက္ခံယုံၾကည္ၾကပါတယ္။လင္းယုန္ကိုအိမ္မက္မက္ရင္ ေငြဝင္မယ္၊ ႀကံစည္သမွ်ေအာင္ျမင္မယ္ဆိုတဲ့အယူရတယ္။
ႏို႔ (ဒါမွမဟုတ္) ပ်ားရည္
အိမ္မက္ထဲမွာ ႏို႔ေတြကိုမက္တာ ဒါမွမဟုတ္ ပ်ားရည္ကို မက္တာမ်ိဳးက မၾကာခင္မွာေငြဝင္ေတာ့မယ္ဆိုတဲ့နိမိတ္ပါပဲ။ဥပမာ- ပ်ားအုံႀကီးကို ပ်ားရည္ညႇစ္တာမ်ိဳး၊ ႏြားႏို႔ ညႇစ္တာမ်ိဳး၊ ႏို႔ေတြကလမ္းေတြေပၚ မွာ ဖုံးလႊမ္းေနတာမ်ိဳးအစရွိတဲ့အိမ္မက္မ်ိဳးပါ။
နံပါတ္(၈)
ဂဏန္းနံပါတ္ (၈) က တ႐ုတ္နဲ႔ အာရွႏိုင္ငံေတြမွာဆိုရင္ကံေကာင္းေစတဲ့ နံပါတ္ေတြလို႔ သတ္မွတ္ခံထားရတာပါ။ဒါေပမယ့္ ျမန္မာမွာေတာ့(၈) ဂဏန္းက မေကာင္းဘူးဆိုတဲ့အယူအဆတစ္ခ်ိဳ႕ေတာ့ ရွိပါတယ္။ ဒါေပမယ့္လည္း (၈)က ဝင္ေငြခါနီးရင္ေတြ႕ရတတ္တဲ့ေရွ႕ေျပးအရာေတြထဲကတစ္ခုပါ။ (၈) ဂဏန္းကိုမက္ၿပီဆိုရင္ေတာ့ သင္မၾကာခင္ေငြကံေကာင္းေတာ့မွာျဖစ္ပါတယ္။
ေ႐ႊ နဲ႔လက္ဝတ္ရတနာ
ေ႐ႊဆိုတာက ခ်မ္းသာႂကြယ္ဝမႈရဲ႕ လကၡာဏာတစ္ခုပါ။ ကိုယ့္ရဲ႕အိမ္မက္ထဲမွာေ႐ႊေတြကိုျမင္မက္ရင္ လည္း ဒါဟာ မၾကာခင္မွာ ခ်မ္းသာေတာ့မယ္ဆိုတဲ့ေရွ႕ေျပးနမိတ္ ျဖစ္ပါတယ္။ေနာက္တစ္ခုကေတာ့ အိမ္မက္ထဲမွာ နားကပ္ပန္ရတယ္၊လက္စြပ္ေတြဝတ္ရတယ္ဆိုၿပီး မက္ တာမ်ိဳးပါ။အဲ့လိုမက္ေနၿပီဆိုရင္ေတာ့ မၾကာခင္မွာသင္ဝင္ေငြရေတာ့မွာပါ။ဥပမာ- အိမ္မက္ထဲမွာေ႐ႊေခ်ာင္းေတြ၊ ေ႐ႊတုံးေတြရွိတဲ့ေနရာ တစ္ရာကိုေရာက္တာမ်ိဳး၊လက္ေဆာင္ရတာမ်ိဳး၊ နားကပ္ေတြ ပန္ရတယ္လို႔ အိမ္မက္မက္တာ မ်ိဳးပါ။
မစင္နဲ႔ ပိုက္ဆံ
မစင္က႐ြံ႕စရာလို႔ ထင္ေပမယ့္ သူ႔ကိုအိမ္မက္မက္ရင္ေတာ့ ေငြဝင္တတ္ပါတယ္။ မစင္တြင္းထဲက်တာ၊ မစင္နင္းမိတာ မစင္ေတြကို ေတြ႕တာမ်ိဳးေတြျမင္ရင္မၾကာခင္မွာေငြဝင္တတ္ပါတယ္။ေနာက္တစ္ခုကေတာ့ ပိုက္ဆံပါ။ပိုက္ဆံေတြကို အိမ္မက္ထဲမွာ အပုံလိုက္မက္ရင္လည္း အျပင္မွာပါေငြဝင္တတ္ပါတယ္။
ဂ်ဳံ၊ စပါး
ဒါေတြကေတာ့ အေျခခံမရွိမျဖစ္စားေသာက္ကုန္လို႔ ေျပာလို႔ရပါတယ္။ဂ်ဳံ၊စပါး ဆိုတာမ်ိဳး က ခ်မ္းသာျခင္း၊ေပ်ာ္႐ႊင္မႈကို ကိုယ္စားျပဳတဲ့ အရာေတြပါ။ ဒါေၾကာင့္ သူတို႔ကိုအိမ္မက္မက္ရင္လည္း ကံေကာင္းတတ္၊ေငြဝင္ တတ္ပါတယ္။
အေကာင္ေတြ
တိရစာၦန္ထဲမွာဆိုရင္ေတာ့ႏြား၊ ဆင္ေတြ၊ျမင္းေတြကိုမက္တာကလည္း ေငြဝင္မယ္ဆိုတဲ့ ေရွ႕ေျပးလကၡဏာပဲ ျဖစ္ပါတယ္။ ငွက္ဆိုရင္ ၾကက္တူေ႐ြး၊ ေႁမြ၊ ပ်ား၊ ကင္းျမႇီးေကာက္၊ႂကြက္တို႔ကို မက္ရင္လည္းေငြဝင္တတ္ပါတယ္။
ေငြဝင္လာဒ္႐ႊင္နိမိတ္ေတြကို ဗဟုသုတျဖစ္ေစဖို႔ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။ ႏွစ္သစ္မွာ ေငြေတြ မ်ားမ်ားဝင္ၿပီး လိုအင္ဆႏၵမ်ား အျမန္ျပည့္ႏိုင္ၾကပါေစ။



