ၾကားသိရသမွ်

သမီးနှစ်ယောက်ရှိသော်လည်း ထမင်းကို ဆားဖြူးပြီး ရေနှင့်မျှောချကာ အသက်ဆက်နေရသော အသက် ၉၀နှစ်အရွယ် မိခင်အိုကြီး

မိဘတို့သည် သားသမီးဘယ်နှစ်ယောက်ရှိနေပါစေ အကုန်ကျွေးမွေးစောင့်ရှောက်နိုင်သော်လည်း သားသမီးများအလှည့်ကျ မိဘလေးနှစ်ပါးရှိသည်ကို မကျွေးမွေးနိုင် ဖြစ်ကြရသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ Ca Mauပြည်နယ် Thoi Binhရပ်ကွက်တွင် နေထိုင်သော Dang Thi Ngoi အမည်ရှိသော အသက် ၉၀နှစ်အရွယ် အဖွားအိုတစ်ဦးသည် သမီးနှစ်ယောက်ရှိသော်လည်း အရွယ်ရောက်ပြီး၍ အိမ်ထောင်ကျပြီးနောက် ခင်ပွန်းနောက်လိုက်သွားခဲ့ပြီး သတင်းအစအနမှာ ပျောက်ခြင်းမလှ ပျောက်နေလျက်ရှိသည်။

မိခင်အိုကြီးမှာ အသက်အရွယ်အားဖြင့် မျက်စိကမှုန် နားကလေးသည့်အပြင် လမ်းလည်းမလျှောက်နိုင်တော့ပါ။ထို့အပြင် နေ့စဥ်နေ့တိုင်း ထမင်းဖြူကို ဆားဖြူးပြီး ရေနှင့်မနည်းမျိုချနေရသည်။

မိခင်အိုကြီးသည် သမီးနှစ်ယောက်ရှိပါလျက်သားနှင့် ဘားမျှမလုပ်နိုင်မကိုင်သည့်အရွယ်မှာပင် ကျွေးမွေးစောင့်ရှောက်ကာ အနားမှာ ရှိမနေပေးနိုင်ပဲ တစ်ယောက်တည်း အထီးကျန်လွန်းကာ လမ်းဘေးခွေးနှစ်ကောင်ကိုသာ အဖော်ပြုပြီး နေနေရရှာပြီး အလွန်သနားစရာကောင်းလှသည်။
credit
zawgyi




credit