ၾကားသိရသမွ်

တရုတ်မြန်မာနယ်စပ်မှာ ယွမ်ငွေဈေး အဆမတန်ထိုးတက်၊ ကျပ်ငွေကို မည်သူမျှ လက်မခံတော့

တရုတ်မြန်မာနယ်စပ်မှာ ယွမ်ငွေဈေး အဆမတန်ထိုးတက်၊ ကျပ်ငွေကို မည်သူမျှ လက်မခံတော့b

ရှမ်းမြောက် မူဆယ်မြို့ တရုတ်နယ်စပ်တစ်လျှောက်မှာ တရုတ်ယွမ်ငွေဈေးတတ်လွန်းတာကြောင့် တစ်ချို့အရောင်းအဝယ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

တရုတ်ယွမ် (၁၀၀)ကို မြန်မာငွေ (၃၇၀၀၀)ကျပ် ကျော်အထိ ဖြစ်နေပြီး မူဆယ်မြို့မှာဆိုရင် ပစ္စည်းတွေဝယ်ရာမှာ တရုတ်ယွမ်ကိုပဲ အများအားဖြင့် သုံးနေကြတယ်လို့ သိရပါတယ်။

“တရုတ်ယွမ်ငွေက ဈေးတတ်တော့ မြန်မာငွေကိုင်တဲ့သူတွေက အခက်တွေ့နေကြတယ်။ အရောင်းအဝယ်လုပ်တဲ့သူတွေဆိုလဲ တရုတ်ငွေကိုင်တဲ့သူတွေတော့ ဘာမှမဖြစ်ဘူး။ မြန်မာငွေကိုင်တဲ့သူကြတော့ မြန်မာငွေကတအားကျတော့ အခက်တွေ့ပြီး ဆုံးရှုံးမှုများတယ်။

ပစ္စည်းတွေ ဝယ်တဲ့နေရာမှာဆိုလဲ သူတို့တွေက မြန်မာငွေပေးလဲ တရုတ်ငွေတွက်ပြီး ယူကြတာ။ အဲလိုယူတော့ မြန်မာငွေကိုင်တဲ့လူတွေ အခက်တွေ့ပြီလေ”လို့ မူဆယ်မြို့က ကုန်သည်တဦးက ပြောပါတယ်။

တရုတ်ငွေယွမ် ဈေးနှုန်းတစ်ခါတက်ပြီးတိုင်း ပြန်ကျဖို့ ကြန့်ကြာလေ့ရှိတာကြောင့် အချို့ဒေသခံတွေအနေနဲ့ မူလကတည်းက တရုတ်ငွေကိုပဲ ပိုမိုအသုံးပြုလာကြတယ်လို့ ဆိုပါတယ်။ တရုတ်နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ နမ့်ခမ်းမြို့ခံတစ်ဦးကလည်း “ဟုတ်တယ်။

တရုတ်ငွေ အရမ်းဈေးတက်နေတယ်။ ပြီးတော့ ဆိုင်မှာဆိုရင်လဲ မြန်မာငွေတွေမယူတော့ဘူး။ ကိုယ်ကမြန်မာငွေယူလာရင်လဲ တရုတ်ယွမ် ပြန်သွားလဲပြီးမှ လိုချင်တာဝယ်ရတယ်။ တရုတ်ငွေဈေးတတ်တော့ ပစ္စည်းတွေလဲ အရမ်းဈေးတတ်သွားတယ်။ တစ်ခုခု ဝယ်စားမယ်ဆိုရင်လဲ ချင့်ချိန်ပြီးစားနေရတာ။ အဝ မစားရဲဘူး”လို့ပြောပါတယ်။

လက်ရှိနယ်စပ်မြို့တစ်လျှောက်လုံးမှာ အရောင်းအဝယ်ကို တရုတ်ငွေနဲ့သာ ပိုမိုအသုံးပြုလာနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင် ဘာလအတွင်းမှာ တရုတ်ငွေ ယွမ် (၁၀၀)ကို မြန်မာငွေ ကျပ်(၄၀၀၀၀)ထိ မြင့်တက်ခဲ့ဖူးပါတယ်။

တရုတ်ယွမ်ငွေဈေး အဆမတန် ထိုးတက်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသလို ဖြစ်နေပြီး မြန်မာကျပ်ငွေကို မသုံးသလောက် ဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာငွေ တန်ဖိုး ဘယ်လောက်အထိ လျော့ ကျသွားမလဲဆိုတာကို ခန့်မှန်း သုံးသပ်ရ ခက်ခဲနေကြောင်း ပညာရှင်များက မှတ်ချက် ချထားပါတယ်။ crd

zawgyi

တ႐ုတ္ျမန္မာနယ္စပ္မွာ ယြမ္ေငြေဈး အဆမတန္ထိုးတက္၊ က်ပ္ေငြကို မည္သူမွ် လက္မခံေတာ့b

ရွမ္းေျမာက္ မူဆယ္ၿမိဳ႕ တ႐ုတ္နယ္စပ္တစ္ေလွ်ာက္မွာ တ႐ုတ္ယြမ္ေငြေဈးတတ္လြန္းတာေၾကာင့္ တစ္ခ်ိဳ႕အေရာင္းအဝယ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ အခက္ေတြ႕ေနရတယ္လို႔ သိရပါတယ္။

တ႐ုတ္ယြမ္ (၁၀၀)ကို ျမန္မာေငြ (၃၇၀၀၀)က်ပ္ ေက်ာ္အထိ ျဖစ္ေနၿပီး မူဆယ္ၿမိဳ႕မွာဆိုရင္ ပစၥည္းေတြဝယ္ရာမွာ တ႐ုတ္ယြမ္ကိုပဲ အမ်ားအားျဖင့္ သုံးေနၾကတယ္လို႔ သိရပါတယ္။

“တ႐ုတ္ယြမ္ေငြက ေဈးတတ္ေတာ့ ျမန္မာေငြကိုင္တဲ့သူေတြက အခက္ေတြ႕ေနၾကတယ္။ အေရာင္းအဝယ္လုပ္တဲ့သူေတြဆိုလဲ တ႐ုတ္ေငြကိုင္တဲ့သူေတြေတာ့ ဘာမွမျဖစ္ဘူး။ ျမန္မာေငြကိုင္တဲ့သူၾကေတာ့ ျမန္မာေငြကတအားက်ေတာ့ အခက္ေတြ႕ၿပီး ဆုံးရႈံးမႈမ်ားတယ္။

ပစၥည္းေတြ ဝယ္တဲ့ေနရာမွာဆိုလဲ သူတို႔ေတြက ျမန္မာေငြေပးလဲ တ႐ုတ္ေငြတြက္ၿပီး ယူၾကတာ။ အဲလိုယူေတာ့ ျမန္မာေငြကိုင္တဲ့လူေတြ အခက္ေတြ႕ၿပီေလ”လို႔ မူဆယ္ၿမိဳ႕က ကုန္သည္တဦးက ေျပာပါတယ္။

တ႐ုတ္ေငြယြမ္ ေဈးႏႈန္းတစ္ခါတက္ၿပီးတိုင္း ျပန္က်ဖို႔ ၾကန႔္ၾကာေလ့ရွိတာေၾကာင့္ အခ်ိဳ႕ေဒသခံေတြအေနနဲ႔ မူလကတည္းက တ႐ုတ္ေငြကိုပဲ ပိုမိုအသုံးျပဳလာၾကတယ္လို႔ ဆိုပါတယ္။ တ႐ုတ္နယ္စပ္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့ နမ့္ခမ္းၿမိဳ႕ခံတစ္ဦးကလည္း “ဟုတ္တယ္။

တ႐ုတ္ေငြ အရမ္းေဈးတက္ေနတယ္။ ၿပီးေတာ့ ဆိုင္မွာဆိုရင္လဲ ျမန္မာေငြေတြမယူေတာ့ဘူး။ ကိုယ္ကျမန္မာေငြယူလာရင္လဲ တ႐ုတ္ယြမ္ ျပန္သြားလဲၿပီးမွ လိုခ်င္တာဝယ္ရတယ္။ တ႐ုတ္ေငြေဈးတတ္ေတာ့ ပစၥည္းေတြလဲ အရမ္းေဈးတတ္သြားတယ္။ တစ္ခုခု ဝယ္စားမယ္ဆိုရင္လဲ ခ်င့္ခ်ိန္ၿပီးစားေနရတာ။ အဝ မစားရဲဘူး”လို႔ေျပာပါတယ္။

လက္ရွိနယ္စပ္ၿမိဳ႕တစ္ေလွ်ာက္လုံးမွာ အေရာင္းအဝယ္ကို တ႐ုတ္ေငြနဲ႔သာ ပိုမိုအသုံးျပဳလာေနၾကတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ စက္တင္ ဘာလအတြင္းမွာ တ႐ုတ္ေငြ ယြမ္ (၁၀၀)ကို ျမန္မာေငြ က်ပ္(၄၀၀၀၀)ထိ ျမင့္တက္ခဲ့ဖူးပါတယ္။

တ႐ုတ္ယြမ္ေငြေဈး အဆမတန္ ထိုးတက္မႈေၾကာင့္ နယ္စပ္ကုန္သြယ္ေရးမ်ား ရပ္တန႔္ေနသလို ျဖစ္ေနၿပီး ျမန္မာက်ပ္ေငြကို မသုံးသေလာက္ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ျမန္မာေငြ တန္ဖိုး ဘယ္ေလာက္အထိ ေလ်ာ့ က်သြားမလဲဆိုတာကို ခန႔္မွန္း သုံးသပ္ရ ခက္ခဲေနေၾကာင္း ပညာရွင္မ်ားက မွတ္ခ်က္ ခ်ထားပါတယ္။ crd