တ႐ုတ္ႏိုင္ငံမွာ ဗြီဒီယိုဂိမ္းစြဲေနတဲ့ မိဘေတြဟာ ဂိမ္းကစားဖို႔ရန္ပုံေငြအတြက္၊ သို႔မဟုတ္ ဂိမ္းေတြအၾကာႀကီးကစားႏိုင္ဖို႔အတြက္ပိုက္ဆံအေျမာက္အမ်ားလိုအပ္လို႔၎တို႔ရဲ႕ သားသမီးေတြကိုပင္ ေရာင္းခ်ၿပီး.. ေငြရွာမႈေတြ ရွိလာခဲ့တယ္လို႔ သိရပါတယ္။ ဒီကိစၥဟာ ကိုယ္ဂိမ္းကစားဖို႔အတြက္ ေသြးရင္းသားရင္းကို ေရာင္းခ်တယ္ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ယူဆစရာရွိေပမယ့္ တ႐ုတ္ႏိုင္ငံမွာေတာ့ အမွန္တကယ္ကို ျဖစ္ေပၚေနေၾကာင္း သိရပါတယ္။
ဗြီဒီယိုဂိမ္းကို အလြန္အကြၽံကစားၾကတဲ့ Li Lin နဲ႔ Li Juan တို႔ စုံတြဲဟာ မိမိတို႔ ကစားၿပီးသမွ် ဂိမ္းဖိုးေတြ ရွင္းဖို႔ ပိုက္ဆံ အလုံအေလာက္မရွိလို႔ အရင္ဆုံး ကေလးႏွစ္ေယာက္ကို ေဒၚလာ 500 နဲ႔ ေရာင္းခ်ခဲ့ပါတယ္..။ ေနာက္ထပ္ ဂိမ္းဖိုးအေႂကြးေတြ ပိလာခဲ့လို႔ အႀကီးဆုံးကေလးကိုလည္း ေဒၚလာ 4600 နဲ႔ ထပ္မံေရာင္းခ်ခဲ့ေၾကာင္း သိရပါတယ္။
Li Lin နဲ႔ Li Juan တို႔စုံတြဲဟာ ပိုက္ဆံရွင္းဖို႔ အိတ္ထဲမွာ တစ္ျပားမွမရွိတဲ့အျပင္ အျပင္အလုပ္ေတြကိုလည္း လက္ေက်ာတင္းေအာင္ မလုပ္ခဲ့တဲ့အတြက္ ေနာက္ဆုံး ဘယ္လိုမွ ႀကံရာမရတဲ့အဆုံး ရင္ေသြးေတြကို ရက္ရက္စက္စက္ ထုတ္ေရာင္းခဲ့ရတဲ့ အျဖစ္ပါ။ သူတို႔ႏွစ္ေယာက္စလုံး ဗြီဒီယိုဂိမ္းနဲ႔ အင္တာနက္ကေဖး တြဲလ်က္ဖြင့္ထားတဲ့ ဆိုင္ႀကီးမွာ 2007 ခုႏွစ္ကတည္းက စုံဆည္းခဲ့ၾကၿပီး၊ အေၾကာင္းပါခဲ့ၾကတာ ျဖစ္ပါတယ္။
သားဦးေလး ေမြးဖြားခဲ့ၿပီး အဲဒီကေလးေလးကို အိမ္မွာထားခဲ့ကာ 30 ကီလိုမီတာအေဝး(18.6 မိုင္)က ဂိမ္းဆိုင္ကို ေျခလွ်င္သြားၿပီး ဂိမ္းဆက္ၿပီး ေဆာ့ခဲ့ၾကပါတယ္။ ကေလးေတြကို အိမ္နီးနားခ်င္းေတြနဲ႔ Lin ရဲ႕ အေမက ထိန္းသိမ္းေစာင့္ေ
ရွာက္ခဲ့ၾကတာပါ။ ဒါေပမယ့္ အခု ကေလးေတြကို ေရာင္းခ်ေၾကာင္း သိတဲ့အခါမွာေတာ့ Lin ရဲ႕ မိခင္က ရဲစခန္းကို တိုင္ၾကားခဲ့ပါတယ္။ ရဲေတြက စစ္ေမးတဲ့အခါမွာေတာ့ Lin တို႔ စုံတြဲက ေငြလိုလို႔ တမင္ေရာင္းခ်ခဲ့တာလို႔ ဆိုပါတယ္။ အခုအခ်ိန္ထိေတာ့ ဖမ္းဆီးစစ္ေဆးေနဆဲပါ။

crd
တရုတ်နိုင်ငံမှာ ဗွီဒီယိုဂိမ်းစွဲနေတဲ့ မိဘတွေဟာ ဂိမ်းကစားဖို့ရန်ပုံငွေအတွက်၊ သို့မဟုတ် ဂိမ်းတွေအကြာကြီးကစားနိုင်ဖို့အတွက်ပိုက်ဆံအမြောက်အများလိုအပ်လို့၎င်းတို့ရဲ့ သားသမီးတွေကိုပင် ရောင်းချပြီး ငွေရှာမှုတွေ ရှိလာခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စဟာ ကိုယ်ဂိမ်းကစားဖို့အတွက် သွေးရင်းသားရင်းကို ရောင်းချတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆစရာရှိပေမယ့် တရုတ်နိုင်ငံမှာတော့ အမှန်တကယ်ကို ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ဗွီဒီယိုဂိမ်းကို အလွန်အကျွံကစားကြတဲ့ Li Lin နဲ့ Li Juan တို့ စုံတွဲဟာ မိမိတို့ ကစားပြီးသမျှ ဂိမ်းဖိုးတွေ ရှင်းဖို့ ပိုက်ဆံ အလုံအလောက်မရှိလို့ အရင်ဆုံး ကလေးနှစ်ယောက်ကို ဒေါ်လာ 500 နဲ့ ရောင်းချခဲ့ပါတယ်။ နောက်ထပ် ဂိမ်းဖိုးအကြွေးတွေ ပိလာခဲ့လို့ အကြီးဆုံးကလေးကိုလည်း ဒေါ်လာ 4600 နဲ့ ထပ်မံရောင်းချခဲ့ကြောင်း သိရပါတယ်။
Li Lin နဲ့ Li Juan တို့စုံတွဲဟာ ပိုက်ဆံရှင်းဖို့ အိတ်ထဲမှာ တစ်ပြားမှမရှိတဲ့အပြင် အပြင်အလုပ်တွေကိုလည်း လက်ကျောတင်းအောင် မလုပ်ခဲ့တဲ့အတွက် နောက်ဆုံး ဘယ်လိုမှ ကြံရာမရတဲ့အဆုံး ရင်သွေးတွေကို ရက်ရက်စက်စက် ထုတ်ရောင်းခဲ့ရတဲ့ အဖြစ်ပါ။ သူတို့နှစ်ယောက်စလုံး ဗွီဒီယိုဂိမ်းနဲ့ အင်တာနက်ကဖေး တွဲလျက်ဖွင့်ထားတဲ့ ဆိုင်ကြီးမှာ 2007 ခုနှစ်ကတည်းက စုံဆည်းခဲ့ကြပြီး၊ အကြောင်းပါခဲ့ကြတာ ဖြစ်ပါတယ်။
သားဦးလေး မွေးဖွားခဲ့ပြီး အဲဒီကလေးလေးကို အိမ်မှာထားခဲ့ကာ 30 ကီလိုမီတာအဝေး(18.6 မိုင်)က ဂိမ်းဆိုင်ကို ခြေလျှင်သွားပြီး ဂိမ်းဆက်ပြီး ဆော့ခဲ့ကြပါတယ်။ ကလေးတွေကို အိမ်နီးနားချင်းတွေနဲ့ Lin ရဲ့ အမေက ထိန်းသိမ်း
စောင့်ရှောက်ခဲ့ကြတာပါ။ ဒါပေမယ့် အခု ကလေးတွေကို ရောင်းချကြောင်း သိတဲ့အခါမှာတော့ Lin ရဲ့ မိခင်က ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ ရဲတွေက စစ်မေးတဲ့အခါမှာတော့ Lin တို့ စုံတွဲက ငွေလိုလို့ တမင်ရောင်းချခဲ့တာလို့ ဆိုပါတယ်။ အခုအချိန်ထိတော့ ဖမ်းဆီးစစ်ဆေးနေဆဲပါ။
crd



