Local News

ဒိုင်ဗင်ထိုး ကျနေတဲ့ ရွှေဈေး! ဒီနေ့ မနက်မှာတော့ ပြန်လည်ဦးမော့ လာပြန်ပြီ

(မေလ ၂၉ ရက်) နံနက်ခင်းမှာတော့ မနေ့ကညနေပိုင်းအထိ ဒိုင်ဗင်ထိုးကျခဲ့တဲ့ ရွှေဈေးဟာ အတက်ဘက်ကို ပြန်လည်ပြီး အရှိန်ဟုန်ပြင်းပြင်း ဖြင့် တက်လာတာကို တွေ့ရပါတယ်။

♦️အခေါက်ရွှေဈေးဟာ မနေ့ကညနေပိတ်ဈေးထက်စာရင် ဒီနေ့မနက်ပိုင်းမှာ တစ်ကျပ်သားကို ကျပ် (၂ သိန်းတိတိ) အထိ ရုတ်တရက် ပြန်လည်ခုန်တက်လာပါတယ်။

‼️ ယနေ့ နံနက် နောက်ဆုံးရရှိထားတဲ့ ဈေးနှုန်းများ –
🌍 ကမ္ဘာ့ရွှေဈေး (World Gold Market)

♦️ ၁ အောင်စ (1 oz): $4,504.31 (မနေ့ညနေ $4,382.72 ထက် +$121.59 တိတိ ထိုးတက်လာ)
♦️ ၁ ကျပ်သား (1 Kyatthar): $2,402.30 (+$64.85 ပြန်တက်)
🇲🇲 မြန်မာ့ရွှေဈေး (Myanmar Gold Market)

♦️ ပြည်တွင်းဈေးကွက်မှာတော့ မနေ့ညနေက ပိတ်ဈေးနှုန်းနဲ့ယှဉ်ရင် အမျိုးအစားအားလုံး ကျပ် (၂ သိန်း) စီ ထပ်မံမြင့်တက်လာပြီး အခေါက်ရွှေရောင်းဈေးဟာ သိန်း ၁၀၀ ကျော်အထက်ကို ပြန်လည်ရောက်ရှိသွားပါတယ်။
✅ ၁၆ ပဲရည် (အခေါက်ရွှေ):
ဝယ်ဈေး: ၁၀,၁၅၀,၀၀၀ MMK
ရောင်းဈေး: ၁၀,၂၅၀,၀၀၀ MMK (မနေ့ညနေ ၁၀,၀၅၀,၀၀၀ ထက် +၂၀၀,၀၀၀ တက်)
✅ ၁၅ ပဲရည်:
ဝယ်ဈေး: ၉,၅hash၅၀,၀၀၀ MMK
ရောင်းဈေး: ၉,၆၅၀,၀၀၀ MMK (မနေ့ညနေ ၉,၄၆၀,၀၀၀ ထက် +၁၉၀,၀၀၀ တက်)
✅ New ၁၆ ပဲရည်:
ဝယ်ဈေး: ၉,၉၈၀,၀၀၀ MMK
ရောင်းဈေး: ၁၀,၀၈၀,၀၀၀ MMK (မနေ့ညနေ ၉,၈၈၀,၀၀၀ ထက် +၂၀၀,၀၀၀ တက်)
♦️ ဒီနေ့နံနက်ခင်းမှာတော့ ကမ္ဘာ့ရွှေဈေးဟာ ဒေါ်လာ ၁၂၀ ကျော်အထိ တစ်ဟုန်ထိုးပြန်တက်ပြီး $4,500 အထက်ကို ပြန်လည်ကျော်လွန်သွားတာကြောင့် ပြည်တွင်းရွှေဈေးကလည်း အတက်ဘက်ကိုပဲ လိုက်ပါဦးတည်သွားတာ ဖြစ်ပါတယ်။
✅ မနေ့က (မေ ၂၈) ညနေပိုင်း ရောင်းဈေး (၁၀,၀၅၀,၀၀၀) ကျပ်နဲ့ နှိုင်းယှဉ်ရင်တော့ တစ်ညတာအတွင်းမှာတင် တစ်ကျပ်သားကို ကျပ် (၂ သိန်းတိတိ) ပြန်လည်မြင့်တက်သွားတဲ့ အနေအထား ဖြစ်ပါတယ်။
⚠️ သတိပြုရန် – ဤဈေးနှုန်းများသည် ပြင်ပဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။
2026.✍🏾 Lin Aung

Leave a Reply

Your email address will not be published. Required fields are marked *