အေထြအေထြဗဟုသုတ

အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ဆင်း ဒု ဗိုလ်အောင်မိုး . . .

အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ဆင်း ဒု ဗိုလ်အောင်မိုး

အိန္ဒိယ အရှေ့မြောက်၊ မြန်မာ တမူးနယ်စပ် ပြည်နယ်တခု ဖြစ်တဲ့မဏိပူရ အင်ဖားမြို့က လန်ဖဲဆေးရုံမှာမြန်မာမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ကလေးပါ ၊ နာမည်က အောင်မိုး တဲ့။

ဖခင်က 8888 ဒီမိုကရေစီတိုင်ပွဲဝင်ကျောင်းသား၊ မုံရွာသား နာမည်ကကျော်သူရ။ တမူးနယ်စပ်ရှိ မိုးရေးမြို့မှာနေထိုင်ပြီး ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရင်းတတ်နိုင်သမျှ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ တာဝန်ကျေခဲ့တယ်။

အဲဒီ မိုးရေးမှာဘဲ ဌေးမာနဲ့ မေတ္တာမျှပြီးအိမ်ထောင်ပြုခဲ့တယ်။ သား၊သမီး နှစ်ယောက်ထွန်းကားခဲ့ပြီး မိုးရေးမှာ လုံခြုံရေးမကောင်းတာကြောင့် နယူးဒေလီမြို့တော်ပြောင်းရွှေ့ကာ ဒုက္ခသည်အဖြစ်လျှောက်ထားပြီး နိုင်ငံရေးလှုပ်ရှားမှုတွေဆက်လုပ်ခဲ့တယ်။

ဒုက္ခသည်အထောက်အပံ့တွေကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဖြတ်တောက်လိုက်တာကြောင့် ဒုက္ခသည်တွေ ရပ်တည်ရေးအတွက် အခက်အခဲကြုံကြရတယ်။

လူဦးရေများပြီး ဆင်းရဲသား များပြားလှတဲ့ နယူးဒေလီမြို့တော်မှာ အလုပ်မရနိုင်တာကြောင့် ရှစ်လေးလုံး တိုက်ပွဲဝင်များအနေနဲ့ ကုလသမဂ္ဂက စီစဉ်တဲ့တတိယနိုင်ငံကို အခြေချဖို့ အစီအစဉ်တွေ လက်မခံလိုပေမယ့် လက်ခံလိုက်ကြရတယ်။

ဒီမိုအင်အားစုတွေ ကမ္ဘာ့နိုင်ငံအသီးသီးပြန့်နှံ့ရောက်ရှိသွားကြရာ အောင်မိုးတို့ မိသားစုက အမေရိကားရောက်သွားကြတယ်။အမေရိကားမှာ မိဘတွေက အလုပ်ရှာပြီး အလုပ် လုပ်။ ကလေးတွေက ကျောင်းတက်။

ဒီလိုနဲ့ အထက်တန်းအောင်တော့ဘဝရှေ့ဆက်ဖို့ အရေး စဉ်းစားပြီးအောင်မိုး ရွေးချယ်တာက နယူးယောက်မြို့အနီးရှိတဲ့ ကမ္ဘာကျော် ဝက်စပွိုင့်စစ်တက္ကသိုလ်။

ဒီစစ်တက္ကသိုလ်က မြန်မာနိုင်ငံက မေမြို့ စစ်တက္ကသိုလ်လို မိဘက နိုင်ငံရေးနောက်ခံ ကင်း မကင်း မကြည့်ဘူး။ သူတို့ကြည့်တာက အရည်အချင်း။

ဒါကြောင့် အထက်တန်းပြီးထားတဲ့ ရမှတ်တွေကြည့်တယ်။ နောက် သတ်မှတ်ချက်က နိုင်ငံသားဖြစ်ရမယ်။ ကွန်မြူနစ်မဖြစ်ရဘူး ဒါကတော့ ဒီမိုကရေစီနိုင်ငံတော်ကိုး၊ အသက် (၁၉) နဲ့ (၂၃) နှစ် ကြားဖြစ်ရမယ်။ မြန်မာနိုင်ငံမှာ ဆိုအောင်မိုးအဖို့ စစ်တက္ကသိုလ်တက်ရောက်ဖို့ လုံးဝမဖြစ်နိုင်သလိုလက်ခံမှာလဲ မဟုတ်ဘူး၊ ဖခင်က တော်လှန်ရေးကျောင်းသား ဖြစ်နေတာကိုး။

အောင်မိုး တို့ ဝက်စပွိုင့် မှာ နှစ်စဉ် လျှောက်ထားတဲ့ကျောင်းသားက တသောင်းကျော်ရှိတယ်။

တစ်ထောင်ကျော်လောက်ဘဲရွေးတာ။ အဲဒီအထဲ အောင်မိုး ပါဝင်ပြီး အရွေးခံခဲ့ရတာ။ သူ့ကိုအင်တာဗျူးတော့ တခုလိုနေတာ သူက နိုင်ငံသား လျှောက်ထားဆဲလို့ပြောတော့အင်တာဗျူးတဲ့ပုဂ္ဂိုလ်က သဘောကျလို့ လက်ခံထားပြီး ပြန်လွှတ်လိုက်တယ်။

နောက်တနေ့ နိုင်ငံသားလျှောက်ထား တဲ့ရုံးက ဖုန်းဆက်ခေါ်ပြီး နိုင်ငံသား အသိအမှတ်ပြု လက်မှတ်လာယူပါဆိုပြီး လက်မှတ်ခေါ်ပေးလိုက်တယ်။

သူ့အရည်အချင်းကို ဦးစားပေးလိုက် တာ။ နိုင်ငံသားဖြစ်ခွင့် စာမေးပွဲတောင်မဖြေလိုက်ရဘူး။

ဒီလိုနဲ့ ဝက်စပွိုင့် စစ်တက္ကသိုလ်ကျောင်းသား အောင်မိုး ဖြစ်သွားတယ်။ ကျောင်းက အဆောင်မှာနေ၊ အဆောင်မှာအိပ် သင်တန်းတက်ပေါ့။

မိဘ ကတပြားမှထောက်ပံ့စရာမလိုဘူး။ ယူနီဖောင်း ၊ ကျောင်းဝတ်စုံအမျိုးမျိုးအပြင်စာသင်ဖို့ လက်ပတော့ကွန်ပြူတာ တလုံးနဲ့ အိုင်ပက်တလုံးတောင်ပေးတယ်၊

ပထမနှစ်မှာ ကျောင်းသားတွေကို ပေါ့ကတ်မန်းနီး (စတိုင်ပင်) တလကို (၁၅၀)ထောက်ပံ့တယ်၊ နောက် ဒုတိယနှစ်ရောက် တော့ (250) ။ တတိယနှစ် ရောက်တော့-(၄၅၀) နောက်ဆုံးနှစ်ရောက်တဲ့အခါ တလ (550) ထောက်ပံ့သတဲ့။

ဘရိတ်ဖတ် နေ့လည်စာနဲ့ ညစာ ကျောင်းကကျွေးတာ။ မြန်မာနိုင်ငံ မေမြို့ စစ်တက္ကသိုလ်နဲ့မယှဉ်ချင်ပါဘူး။ မြန်မာနိုင်ငံက ဆင်းရဲလို့မထောက်ပံ့နိုင်တာ နားလည်တယ်။

နားမလည်နိုင်တာက စီနီယာက ဂျူနီယာကို အနိုင်ကျင့် နှိပ်စက်တဲ့ကိစ္စ။ ဝက်စပွိုင့်မှာတော့ ဆရာကကျောင်းသားကို ပါးရိုက်လို့မရဘူး။

ဒဏ်ပေးရင်တောင် လေ့ကျင့်ခန်းပိုလုပ်ခိုင်းတာလောက်ဘဲလို့ဆိုတယ်။ တခါတရံ စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာ အောင်မိုးကတက္ကသိုလ်ကနေ မိဘတွေရှိတဲ့ နယူးယောက်မြို့တော်ကိုပြန်တဲ့အခါ ယူနီဖေါင်းနဲ့ ပြန်မိရာ ရထားပေါ်မှာလူတချို့က အရိုအသေပေးအလေးပြုကြတာနဲ့ ပတ်သတ်လို့ ဘာလို့အလေးပြုတာလဲ၊

အလေးမပြုပါနဲ့ လို့ပြောတော့မင်းက ဒို့ကို အကာအကွယ်ပေးမယ့်လူဖြစ်လို့အလေးပြုတာလို့ ပြောသတဲ့။ ကျနော်က ခင်ဗျားတို့အတွက်ဘာမှမလုပ်ပေးနိုင်သေးဘူး အလေးမပြုပါနဲ့ လို့ မနည်းတောင်းပန်ရသတဲ့။

တခါမှာတော့ စစ်ပြန်တယောက်ကရထားပေါ်မှာ သူ့အိပ်ထဲက ပိုက်ဆံတွေ တထပ်ကြီးဆွဲထုတ်လိုက်ပြီး အောင်မိုး ကိုပေးသတဲ့ ။

ငါလဲ စစ်သားဟောင်းပါ မင်းကိုဂုဏ်ပြုတာ ယူပါလို့ အတင်းထိုးပေးလို့ရိုးသားပြီး အခွင့်အရေး မယူတတ်တဲ့ အောင်မိုး ကအတင်းငြင်းဆိုပြီးမယူပါရစေနဲ့ ။

ကျနော့်မှာ ကျောင်းကလုံလောက်အောင် ထောက်ပံ့ပေးပါတယ်လို့ ပြောပြလိုက်ရတယ်။ အဲဒီအချိန်ကစပြီး နောက်ပိုင်းကျောင်းပိတ်ရက် အိမ်ပြန်ရင် အောင်မိုးက ယူနီဖေါင်းနဲ့ မပြန်တော့ဘဲ အရပ်ဝတ်နဲ့ ပြန်တော့တယ်။

ဂျွန်လ 13 ရက် 2020 မှာတော့ဝက်စပွိုင့်စစ်တက္ကသိုလ်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းပြီးဖြစ်တာကြောင့် အောင်မိုး မှသည် ဒု ဗိုလ်အောင်မိုးဖြစ်လာ ပါကြောင်းဂုဏ်ပြုမှတ်တမ်း ရေးဖွဲ့ပြီး ဂုဏ်ပြုလိုက်ပါတယ်။

Source: Min Nya

အေမရိကန္ ဝက္စ္ပြိဳင့္ စစ္တကၠသိုလ္ဆင္း ဒု ဗိုလ္ေအာင္မိုး

အိႏၵိယ အေရွ႕ေျမာက္၊ ျမန္မာ တမူးနယ္စပ္ ျပည္နယ္တခု ျဖစ္တဲ့မဏိပူရ အင္ဖားၿမိဳ႕က လန္ဖဲေဆး႐ုံမွာျမန္မာမိဘႏွစ္ပါးက ေမြးဖြားခဲ့တဲ့ကေလးပါ ၊ နာမည္က ေအာင္မိုး တဲ့။

ဖခင္က 8888 ဒီမိုကေရစီတိုင္ပြဲဝင္ေက်ာင္းသား၊ မုံရြာသား နာမည္ကေက်ာ္သူရ။ တမူးနယ္စပ္ရွိ မိုးေရးၿမိဳ႕မွာေနထိုင္ၿပီး ဝမ္းေရးအတြက္ လုပ္ကိုင္စားေသာက္ရင္းတတ္နိုင္သမၽွ နိုင္ငံေရးလႈပ္ရွားမႈ ေတြမွာ တာဝန္ေက်ခဲ့တယ္။

အဲဒီ မိုးေရးမွာဘဲ ေဌးမာနဲ႔ ေမတၱာမၽွၿပီးအိမ္ေထာင္ျပဳခဲ့တယ္။ သား၊သမီး ႏွစ္ေယာက္ထြန္းကားခဲ့ၿပီး မိုးေရးမွာ လုံျခဳံေရးမေကာင္းတာေၾကာင့္ နယူးေဒလီၿမိဳ႕ေတာ္ေျပာင္းေရႊ႕ကာ ဒုကၡသည္အျဖစ္ေလၽွာက္ထားၿပီး နိုင္ငံေရးလႈပ္ရွားမႈေတြဆက္လုပ္ခဲ့တယ္။

ဒုကၡသည္အေထာက္အပံ့ေတြကို ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးက ျဖတ္ေတာက္လိုက္တာေၾကာင့္ ဒုကၡသည္ေတြ ရပ္တည္ေရးအတြက္ အခက္အခဲၾကဳံၾကရတယ္။

လူဦးေရမ်ားၿပီး ဆင္းရဲသား မ်ားျပားလွတဲ့ နယူးေဒလီၿမိဳ႕ေတာ္မွာ အလုပ္မရနိုင္တာေၾကာင့္ ရွစ္ေလးလုံး တိုက္ပြဲဝင္မ်ားအေနနဲ႔ ကုလသမဂၢက စီစဥ္တဲ့တတိယနိုင္ငံကို အေျခခ်ဖို႔ အစီအစဥ္ေတြ လက္မခံလိုေပမယ့္ လက္ခံလိုက္ၾကရတယ္။

ဒီမိုအင္အားစုေတြ ကမၻာ့နိုင္ငံအသီးသီးျပန႔္ႏွံ့ေရာက္ရွိသြားၾကရာ ေအာင္မိုးတို႔ မိသားစုက အေမရိကားေရာက္သြားၾကတယ္။အေမရိကားမွာ မိဘေတြက အလုပ္ရွာၿပီး အလုပ္ လုပ္။ ကေလးေတြက ေက်ာင္းတက္။

ဒီလိုနဲ႔ အထက္တန္းေအာင္ေတာ့ဘဝေရွ႕ဆက္ဖို႔ အေရး စဥ္းစားၿပီးေအာင္မိုး ေရြးခ်ယ္တာက နယူးေယာက္ၿမိဳ႕အနီးရွိတဲ့ ကမၻာေက်ာ္ ဝက္စပြိဳင့္စစ္တကၠသိုလ္။

ဒီစစ္တကၠသိုလ္က ျမန္မာနိုင္ငံက ေမၿမိဳ႕ စစ္တကၠသိုလ္လို မိဘက နိုင္ငံေရးေနာက္ခံ ကင္း မကင္း မၾကည့္ဘူး။ သူတို႔ၾကည့္တာက အရည္အခ်င္း။

ဒါေၾကာင့္ အထက္တန္းၿပီးထားတဲ့ ရမွတ္ေတြၾကည့္တယ္။ ေနာက္ သတ္မွတ္ခ်က္က နိုင္ငံသားျဖစ္ရမယ္။ ကြန္ျမဴနစ္မျဖစ္ရဘူး ဒါကေတာ့ ဒီမိုကေရစီနိုင္ငံေတာ္ကိုး၊ အသက္ (၁၉) နဲ႔ (၂၃) ႏွစ္ ၾကားျဖစ္ရမယ္။ ျမန္မာနိုင္ငံမွာ ဆိုေအာင္မိုးအဖို႔ စစ္တကၠသိုလ္တက္ေရာက္ဖို႔ လုံးဝမျဖစ္နိုင္သလိုလက္ခံမွာလဲ မဟုတ္ဘူး၊ ဖခင္က ေတာ္လွန္ေရးေက်ာင္းသား ျဖစ္ေနတာကိုး။

ေအာင္မိုး တို႔ ဝက္စပြိဳင့္ မွာ ႏွစ္စဥ္ ေလၽွာက္ထားတဲ့ေက်ာင္းသားက တေသာင္းေက်ာ္ရွိတယ္။

တစ္ေထာင္ေက်ာ္ေလာက္ဘဲေရြးတာ။ အဲဒီအထဲ ေအာင္မိုး ပါဝင္ၿပီး အေရြးခံခဲ့ရတာ။ သူ႔ကိုအင္တာဗ်ဴးေတာ့ တခုလိုေနတာ သူက နိုင္ငံသား ေလၽွာက္ထားဆဲလို႔ေျပာေတာ့အင္တာဗ်ဴးတဲ့ပုဂၢိဳလ္က သေဘာက်လို႔ လက္ခံထားၿပီး ျပန္လႊတ္လိုက္တယ္။

ေနာက္တေန႔ နိုင္ငံသားေလၽွာက္ထား တဲ့႐ုံးက ဖုန္းဆက္ေခၚၿပီး နိုင္ငံသား အသိအမွတ္ျပဳ လက္မွတ္လာယူပါဆိုၿပီး လက္မွတ္ေခၚေပးလိုက္တယ္။

သူ႔အရည္အခ်င္းကို ဦးစားေပးလိုက္ တာ။ နိုင္ငံသားျဖစ္ခြင့္ စာေမးပြဲေတာင္မေျဖလိုက္ရဘူး။

ဒီလိုနဲ႔ ဝက္စပြိဳင့္ စစ္တကၠသိုလ္ေက်ာင္းသား ေအာင္မိုး ျဖစ္သြားတယ္။ ေက်ာင္းက အေဆာင္မွာေန၊ အေဆာင္မွာအိပ္ သင္တန္းတက္ေပါ့။

မိဘ ကတျပားမွေထာက္ပံ့စရာမလိုဘူး။ ယူနီေဖာင္း ၊ ေက်ာင္းဝတ္စုံအမ်ိဳးမ်ိဳးအျပင္စာသင္ဖို႔ လက္ပေတာ့ကြန္ျပဴတာ တလုံးနဲ႔ အိုင္ပက္တလုံးေတာင္ေပးတယ္၊

ပထမႏွစ္မွာ ေက်ာင္းသားေတြကို ေပါ့ကတ္မန္းနီး (စတိုင္ပင္) တလကို (၁၅၀)ေထာက္ပံ့တယ္၊ ေနာက္ ဒုတိယႏွစ္ေရာက္ ေတာ့ (250) ။ တတိယႏွစ္ ေရာက္ေတာ့-(၄၅၀) ေနာက္ဆုံးႏွစ္ေရာက္တဲ့အခါ တလ (550) ေထာက္ပံ့သတဲ့။

ဘရိတ္ဖတ္ ေန႔လည္စာနဲ႔ ညစာ ေက်ာင္းကေကၽြးတာ။ ျမန္မာနိုင္ငံ ေမၿမိဳ႕ စစ္တကၠသိုလ္နဲ႔မယွဥ္ခ်င္ပါဘူး။ ျမန္မာနိုင္ငံက ဆင္းရဲလို႔မေထာက္ပံ့နိုင္တာ နားလည္တယ္။

နားမလည္နိုင္တာက စီနီယာက ဂ်ဴနီယာကို အနိုင္က်င့္ ႏွိပ္စက္တဲ့ကိစၥ။ ဝက္စပြိဳင့္မွာေတာ့ ဆရာကေက်ာင္းသားကို ပါးရိုက္လို႔မရဘူး။

ဒဏ္ေပးရင္ေတာင္ ေလ့က်င့္ခန္းပိုလုပ္ခိုင္းတာေလာက္ဘဲလို႔ဆိုတယ္။ တခါတရံ စေန၊ တနဂၤေႏြေက်ာင္းပိတ္ရက္ေတြမွာ ေအာင္မိုးကတကၠသိုလ္ကေန မိဘေတြရွိတဲ့ နယူးေယာက္ၿမိဳ႕ေတာ္ကိုျပန္တဲ့အခါ ယူနီေဖါင္းနဲ႔ ျပန္မိရာ ရထားေပၚမွာလူတခ်ိဳ႕က အရိုအေသေပးအေလးျပဳၾကတာနဲ႔ ပတ္သတ္လို႔ ဘာလို႔အေလးျပဳတာလဲ၊

အေလးမျပဳပါနဲ႔ လို႔ေျပာေတာ့မင္းက ဒို႔ကို အကာအကြယ္ေပးမယ့္လူျဖစ္လို႔အေလးျပဳတာလို႔ ေျပာသတဲ့။ က်ေနာ္က ခင္ဗ်ားတို႔အတြက္ဘာမွမလုပ္ေပးနိုင္ေသးဘူး အေလးမျပဳပါနဲ႔ လို႔ မနည္းေတာင္းပန္ရသတဲ့။

တခါမွာေတာ့ စစ္ျပန္တေယာက္ကရထားေပၚမွာ သူ႔အိပ္ထဲက ပိုက္ဆံေတြ တထပ္ႀကီးဆြဲထုတ္လိုက္ၿပီး ေအာင္မိုး ကိုေပးသတဲ့ ။

ငါလဲ စစ္သားေဟာင္းပါ မင္းကိုဂုဏ္ျပဳတာ ယူပါလို႔ အတင္းထိုးေပးလို႔ရိုးသားၿပီး အခြင့္အေရး မယူတတ္တဲ့ ေအာင္မိုး ကအတင္းျငင္းဆိုၿပီးမယူပါရေစနဲ႔ ။

က်ေနာ့္မွာ ေက်ာင္းကလုံေလာက္ေအာင္ ေထာက္ပံ့ေပးပါတယ္လို႔ ေျပာျပလိုက္ရတယ္။ အဲဒီအခ်ိန္ကစၿပီး ေနာက္ပိုင္းေက်ာင္းပိတ္ရက္ အိမ္ျပန္ရင္ ေအာင္မိုးက ယူနီေဖါင္းနဲ႔ မျပန္ေတာ့ဘဲ အရပ္ဝတ္နဲ႔ ျပန္ေတာ့တယ္။

ဂၽြန္လ 13 ရက္ 2020 မွာေတာ့ဝက္စပြိဳင့္စစ္တကၠသိုလ္သင္တန္းဆင္းပြဲမွာ သင္တန္းဆင္းၿပီးျဖစ္တာေၾကာင့္ ေအာင္မိုး မွသည္ ဒု ဗိုလ္ေအာင္မိုးျဖစ္လာ ပါေၾကာင္းဂုဏ္ျပဳမွတ္တမ္း ေရးဖြဲ႕ၿပီး ဂုဏ္ျပဳလိုက္ပါတယ္။

Source: Min Nya