ယခုအခါ လကဆြေးကနတြှငြ ဆရာတောြဦးကုမာရ(ဂန့ဂြေါ)ကွောငြးထိုငသြီတငြးသုံးတောမြူသည့လြကဆြေးကနတြောငထြိပပြေါတြှငြ
ရှှကေံသာမုနိစတေီတောမြှတကြှီးကိုဖူးမှောကြှညညြိုနိုငပြှီး ဘုရားရငပြှငတြောမြှ ကလေးမှို့နယတြဈခှငလြုံး၏
အလှရှုခငြးမွားကိုကှည့ရြှုခံစားနိုငသြညြ။
လကဆြေးကနသြညြ ယခုတိုငြ တောတောငရြမှေေ မပကွယြှငြးသေးသည့နြရောဖှဈပှီး ဆှမြးဘုဉြးတောငတြှငြ သဈတော၊
ဝါးတောကှီးမွားကနွသြေးသည့အြပှငြ ဆရာတောြဦးကုမာရ၏ အဆိုအမိန့စြကားအရ သဘာဝတောကောငြ၊ သားကောငမြွား၊
ကွား၊ ဝကဝြံ၊ ပှောငစြသည့ြ အကောငကြှီးမွား ကနွသြေးသညဟြုဆိုသညြ။
ယခုအခါ လမြးပနြးဆကသြှယရြေးကောငြးမှနလြာပှီး ဘုရား၊ ကွောငြးကနြ၊ ဇရပတြို့ဖှင့ြ ပှည့စြုံလာသည့အြတှကြ ဘုရားဖူးခရီး၊
လေ့လာရေးခရီးသှားရောကသြူမွားပှားလာပှီး အထူးသဖှင့ြ သီတငြးကွှတခြွိနြ၊ ကထိနခြငြးခွိနနြှင့ြ သငြျကှနကြာလတို့တှငြ
ဘုရားဖူးသှားရောကသြူ၊ လေ့လာရေးခရီးသှားရောကသြူ အမွားဆုံးနရောဖှဈကာ ပှညတြှငြးပှညပြခရီးသှားဧည့သြညမြွားကလညြး
စိတဝြငစြားလကွရြှိကှောငြး သိရသညြ။ဓာတပြုံ…chitzawoo
zawgyi
ပတ်ပတ်လည် အပင်တွေများနေပေမယ့် ရေကန်ထဲမှာ သစ်ရွက်တရွက်မှမရှိတဲ့ မြတ်စွာဘုရားရှင် လက်ဆေးတော်မူခဲ့သော ကလေးမြို့ကလက်ဆေးကန်အကြောင်းလေး ပြန်လည်မျှဝေလိုက်ရပါတယ်…
ကလေးမြို့၏ ထူးဆန်းထွေလာ အံ့သြဖွယ်ရာ လက်ဆေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃ဝ၆၉ ပေ မြင့်သောတောင်ပေါ်တွင်တည်ရှိသည့် ရေကန်ဖြစ်ပြီး မော်လိုက်ခရိုင်နှင့် ကလေးခရိုင် နယ်စပ်နေရာတွင် တည်ရှိကာ ကလေး-တမူး
မြန်မာ-အိန္ဒိယချစ်ကြည်ရေးကားလမ်းမကြီးဘေး ကလေးမြို့နယ် ရန်မျိုးအောင်ကျေးရွာအနီးမှ ပြောင်ဘုတ်-မော်လိုက်လမ်းအတိုင်း
၁၄ မိုင်ခန့်တောင်တက်ခရီးသွားကာ မော်လိုက်မြို့မှ ၁၉ မိုင်ဝေးသည့် နေရာတွင် တည်ရှိသည်။
မြတ်ဗုဒ္ဓငါးဝါအရတွင် ချင်းတွင်းမြစ်အထက်ပိုင်း မော်လိုက်မြို့အနီး နန်းဇလိန်ရွာ၏ အနောက်ဘက် ဆွမ်းဘုဉ်းတောင်သို့ ကြွရောက်ခဲ့သည့်အတွက်ယခုတိုင် “ဆွမ်းဘုဉ်းတောင်”ဟုအမည်တွင်ပြီး ထိုဆွမ်းဘုဉ်းတောင်ပေါ်တွင် ညီတော်အာနန္ဒာက လက်ဆေးရန် ရေခပ်ပေးသည့်ကန်ကို
“လက်ဆေးကန်” ဟု ယနေ့တိုင်ခေါ်တွင်ခဲ့ကာ ဆွမ်းဘုဉ်းဘုရားကိုလည်း ယနေ့တိုင်ဖူးမြော်နိုင်သည်။
လက်ဆေးကန်ရေပြင်သည် အကျယ် ၁၈ ဧကခန့်ရှိပြီး မြတ်ဗုဒ္ဓ၏ လက်ဆေးကန်ဝန်းကျင်တွင် ဝါးခါးရေစိုတောရိြှခင်း၊ နွေ-မိုး-ဆောင်း
ရေပြင်အတက်အကျ မရိြှခင်း၊ အမြဲတမ်းကြည်လင်အေးမြခြင်း၊ ရေကန်အတွင်း အမှိုက်ကင်းစင်ခြင်း၊ ကန်တွင်းရှိ အမှိုက်နှင့်
သစ်ရွက်ခြောက်များကို ငှက်ကောင်အဖွဲ့လိုက်ဖြင့် ကိုက်ချီပြီး သန့်ရှင်းရေးလုပ်ခြင်း၊ ရေအမျိုးအစား PH-7 ရိြှခင်းတို့ကြောင့်
အလွန်ထူးဆန်းသည့် ရေကန်ဖြစ်သည်။
ယင်းအပြင် ကလေးသမိုင်းနှင့်ဆက်စပ်သည့် သမိုင်းတစ်ခုတွင်လည်း အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်မှပြေးလာခဲ့ကြသော အဇာတသတ်မင်း၏
ဆွေတော်မျိုးတော်မြေးတော် မြစ်တော်များတွင် ရဟန္တာအရှင်မြတ် ၅ဝဝလိုက်ပါခဲ့ရာ ယခုလက်ဆေးကန်နေရာတောထဲတွင်ပင်
သီတင်းသုံးခဲ့ကြကြောင်း ကလေးမြို့သမိုင်းအကြောင်း စုဆောင်းသူတို့က ဆိုသည်။
ယခုအခါ လက်ဆေးကန်တွင် ဆရာတော်ဦးကုမာရ(ဂန့်ဂေါ)ကျောင်းထိုင်သီတင်းသုံးတော်မူသည့်လက်ဆေးကန်တောင်ထိပ်ပေါ်တွင်
ရွှေကံသာမုနိစေတီတော်မြတ်ကြီးကိုဖူးမြော်ကြည်ညိုနိုင်ပြီး ဘုရားရင်ပြင်တော်မှ ကလေးမြို့နယ်တစ်ခွင်လုံး၏
အလှရှုခင်းများကိုကြည့်ရှုခံစားနိုင်သည်။
လက်ဆေးကန်သည် ယခုတိုင် တောတောင်ရေမြေ မပျက်ယွင်းသေးသည့်နေရာဖြစ်ပြီး ဆွမ်းဘုဉ်းတောင်တွင် သစ်တော၊
ဝါးတောကြီးများကျန်သေးသည့်အပြင် ဆရာတော်ဦးကုမာရ၏ အဆိုအမိန့်စကားအရ သဘာဝတောကောင်၊ သားကောင်များ၊
ကျား၊ ဝက်ဝံ၊ ပြောင်စသည့် အကောင်ကြီးများ ကျန်သေးသည်ဟုဆိုသည်။
ယခုအခါ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး ဘုရား၊ ကျောင်းကန်၊ ဇရပ်တို့ဖြင့် ပြည့်စုံလာသည့်အတွက် ဘုရားဖူးခရီး၊
လေ့လာရေးခရီးသွားရောက်သူများပြားလာပြီး အထူးသဖြင့် သီတင်းကျွတ်ချိန်၊ ကထိန်ခင်းချိန်နှင့် သြင်္ကန်ကာလတို့တွင်
ဘုရားဖူးသွားရောက်သူ၊ လေ့လာရေးခရီးသွားရောက်သူ အများဆုံးနေရာဖြစ်ကာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကလည်း
စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ဓာတ်ပုံ…chitzawoo