ရှင်မထီးတန်ဆောင်းမှဟောကိန်းများ အတော်ထူးဆန်းပြီးတော့ အလွန်စိတ်ဝင်စားစရာကောင်းလှပါတယ်
ဤစာကိုရေးရန် ရက်ပေါင်းများစွာ ချီတုံချတုံ ဖြစ်ခဲ့သည်။ အရူးစာရင်း လူယုတ်မာစာရင်း ကြပ်မပြည့်သူစာရင်း တစ်ဖက်ပိတ်စာရင်း သွင်းကာ အလှောင်ခံရမည်ကိုလည်း ကောင်းစွာသိထားပါသည်။ ဤစာကို မြင်တွေ့ကြားသိခဲ့ရသည့် အတိုင်းသာ ရေးပါသည်ဟု ကျိန်ဝံ့ပါသည်
ဘာသာရေးယုံကြည်သက်ဝင်ခြင်း နှင့်လည်း နည်းနည်းမျှမသက်ဆိုင်ကြောင်း ဦးစွာပြောလိုပါသည်။ ၂၀၁၆ တုန်းက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်သည် ငွေကြေးကြပ်တည်း ရည်းစားနှင့်ကွဲနေစဉ် ကြံရာမရဖြစ်ကာ ရွှေတိဂုံဘုရား ညတိုင်းသွားနေချိန်ဖြစ်ပါသည်။ဘာသာမဲ့ သိပ္ပံသမားများအနေဖြင့် ကြည့်သော်
ကျွန်တော်မှာ ဒုက္ခများချိန် ဘုရားရှိခိုးသော ဉာဏ်ပညာနုံနဲ့သူသာဖြစ်ချိမ့်မည်။ ဉာဏ်ပညာကြီးမြင့်သူ အဆင့်မြင့် ဗုဒ္ဓဘာသာများအမြင်အရကြည့်လျှင် လောကဓံကို ကြံ့ကြံ့မခံဘဲ သက်ရှိ ထင်ရှားမရှိတော့သော ဘုရားကို အလကားနေအလကားဂျီတိုက်ပူဆာ နေသူ ဖြစ်ချိမ့်မည်။
သို့သော်မည်သူတွေမည်ကဲ့သို့ မြင်ခြင်း ဆိုသည့်ကိစ္စထက် စိတ်ဆင်းရဲနေချိန်တွင် ရွှေတိဂုံဘုရားကို ဖူးမြင်ရလျှင်ပင် စိတ်ထဲ အနည်းငယ်သက်သာသဖြင့် သွားခြင်းသာဖြစ်ကြောင်း ဝန်ခံပါသည်။
အထက်ဖော်ပြပါ ဘာသာမဲ့များနှင့် ဉာဏ်ရည်မြင့် ဗုဒ္ဓဘာသာဝင်များ နှစ်ဘက်စလုံးက ဝိုင်းဆဲလျှင်လည်း စောဒကတက်စရာမရှိ ငုံ့ခံရမည်သာ ဖြစ်ကြောင်းလည်း ပြောလိုပါသည်။ မိုးတွင်းကာလကြီးလည်း ဖြစ်ပါသည်။ ထုံးစံအတိုင်း ဘုရားရှိခိုး ပုတီးစိတ်မေတ္တာပို့ အမျှဝေပြီးချိန်တွင် မိုးသည်းထန်စွာရွာနေပါသည်။
ရင်ပြင်တော်ရှိကျောက်ပြားများမှာ မိုးရေတို့ဖြင့် စိုရွှဲနေရာ ချော်လဲမည်စိုးသဖြင့် အဘိုးအိုဆီသွားကာ ထီးမိုးပြီးဖေးမပေးပါသည်။ အဘိုးအိုမှာ ရုပ်ရည် အလွန်သန့်ပြီး ဆွေကြီးမျိုးကြီးမှန်း သိသာသည်။ ဘယ်သွားချင်သလဲလိုက်ပို့ပေးပါရစေဟုပြောရာ ရှင်မထီးတန်ဆောင်း သွားချင်သည်ဟု ပြောသဖြင့်လိုက်ပို့ခဲ့ပါသည်။
ရှင်မထီးတန်ဆောင်း အရောက်တွင် မိုးပိုသည်းလာသဖြင့် ခဏနားရပါသည်။ တန်ဆောင်းထဲတွင် ကျွန်တော်တို့ နှစ်ယောက်သာရှိပါသည်။ ကျွန်တော့မှာစိုရွှဲနေသလောက် အဘိုးအို၏ အဝတ်အစားများမှာ ရုတ်တရက်ကြီး ခြောက်သွေ့သွားသည်ကို မြင်ရသည်ဖြစ်ရာ စိတ်ထဲ ခြောက်ခြားမိလာပါသည်။
နှာခေါင်းတွင်လည်း အမည်မတပ် နိုင်သော အမွှေးနံ့တစ်မျိုးကို ရလာသည်ဖြစ်ရာ ကျွန်တော့မှာ အကြောက်လွန်ပြီး နဖူးမှ ချွေးစေးများပါပြန်လာပါသည်။ အဘိုးအိုမှာ ကျွန်တော့်ကို ကြည့်ကာဟက်ဟက်ပက်ပက်ရယ်ပြီး “ငါ့နှယ်ကွာ တစ်သက်နဲ့တစ်ကိုယ် ငါ့ကိုသရဲထင်ပြီးကြောက်တာ မင်းပဲရှိတယ်။ သရဲ မဟုတ်ပါဘူးကွ။ လူစစ်စစ်ပါ။ဒီမှာ အရိပ်ထွက်ပါတယ်ကွ။
လူစစ်စစ်မှဗေဒင်ဆရာပါကွာ။ ကဲမိုးလည်းသည်းနေတော့မင်းမေးချင်ရာမေး။ ငါလည်းသိသလောက်ပြန်ဖြေမယ်”ဟုဆိုပါသည်။ ကွန်တော်လည်း အဘိုးအိုမှာလူဖြစ်သည် ဆိုသည်ကို ဇဝေဇဝါနှင့် လက်ခံရလေသတည်း။ စိတ်ပေါက်ပေါက်နှင့် “ကဲ မေးမယ်အဘိုးရာ။ အတော်ပဲ။ ဒါပေမဲ့ မမေးခင် လာဘ်အရင်တင်မယ်”ဟုဆိုကာ ငါးထောင်တန်တစ်ရွက်ကိုလက်နှစ်ဖက်နှင့်တရိုတသေ ကမ်းပေးပါသည်။
အဘိုးအို “မေးခွန်းငါးခု မေးလို့ရတယ်” ကျွန်တော် “နံပါတ်တစ် ကျွန်တော့် အချစ်ရေးအကြောင်းပြောပါ” အဘိုးအို “မင်းပြတ်သွားတဲ့ရည်းစားနဲ့ရေစက်ကုန်သွားပြီ။ နောက်ဆက်တွဲမမေးနဲ့မဖြေဘူး။ မင်းရမဲ့ မိန်းမကသူမဟုတ်ဘူး။ ဒါပဲမှတ်ထား”ကျွန်တော် “နံပါတ်နှစ် ကျွန်တော် စုထားတာလေးနဲ့အိမ်ဆောက်တာ အကြွေး သိန်းနှစ်ရာတင်နေတယ်။
ရေနံဈေးကျလို့ အလုပ်မရှိဘူးနားနေရတယ်။ ဒီဒုက္ခကနေ ဘယ်တော့လွတ်မှာလဲ” အဘိုးအို “နောက်တစ်ပတ်လောက်ဆိုသီလဝါက ရေနံကုမ္ပဏီက မင်းကိုပြန်ဆက်သွယ်ပြီး အလုပ်အပ်လိမ့်မယ်။ စားဖို့သောက်ဖို့ မပူရဘူး။ ၂၀၁၇ နှစ်လပိုင်းကုန်မှပင်လယ်ထဲက သဘာဝဓာတ်ငွေ့တွင်းမှာမင်းကန်ထရိုက်ပြန်ရမယ်။
အကြွေးအားလုံးက ၂၀၁၇ သီတင်းကျွတ်မှာ ပြေလည်ပြီးစုမိမယ်။ နောက်ထပ် ကန်ထရိုက်အသစ်လည်းထပ်ရမယ်။ ဒါပဲ ထပ်မမေးနဲ့”ကျွန်တော် “နံပါတ်သုံး ကျွန်တော့်အဖေနဲ့အမေရဲ့ကျန်းမာရေး” အဘိုးအို”မင်းအမေ လမ်းမလျှောက်နိုင်အောင်နာကျင်ကိုက်ခဲလိမ့်မယ်။ ၂၀၁၉ ရောက်မှ သက်သာမယ်။ မင်းအဖေက ၂၀၁၈ ဝါဆိုမှာ လေဖြတ်ပြီး ညာတစ်ခြမ်းသေမယ်။
တနင်္လာသားတိုင်းရင်းသမားတော်ဆေးနဲ့ အရှင်းပျောက်မယ်။ သီတင်းကျွတ်ရင်နှလုံးရောဂါဖြစ်လိမ့်မယ်။ အဲဒီ တနင်္လာသားဆရာကိုပဲအပ်။ သူကုမှ ပျောက်မှာ။ သူကမှတကယ့်မင်းတို့မိသားစုကို ကယ်ဆယ်မဲ့ သမားတော်ပဲ။ သူ့ကိုလိုက်ရှာ” ကျွန်တော် “မေးခွန်းနံပါတ်လေး မြန်မာပြည်ဟာဒီအစိုးရသက်တမ်း ငါးနှစ်အတွင်းကြီးပွားဖို့ရှိလား” အဘိုးအို
“ဖြည်းဖြည်းချင်းပဲ တိုးတက်မယ်။ တခါတလေ တန့်နေသလိုတောင်ရှိလိမ့်မယ်။ ၂၀၁၉ နဲ့ ၂၀၂၀ ဟာမြန်မာပြည်နဲ့ တစ်ကမ္ဘာလုံး အတွက်သရောကြီးခိုင်းတဲ့ ကာလပဲ။ ၂၀၁၉ မိုးကာလမှာ အဆစ်အမြစ်တွေ ပြင်းပြင်းထန်ထန် ကိုက်ခဲတဲ့ကူးစက်ရောဂါဖြစ်လိမ့်မယ်။ ဒါဟာရှေ့ပြေးပဲ။
၂၀၁၉ ကုန်လို့ ၂၀၂၀ စတာနဲ့တစ်ကမ္ဘာလုံး နေရာအနှံ့ကူးစက်မြန် ကပ်တစ်ခုဆိုက်လိမ့်မယ်။ အသေအပျောက်လည်းများပြီးကုသဆေးရော ကာကွယ်ဆေးပါလွယ်လွယ်နဲ့ရှာမတွေ့ဘဲမျက်စိလည်အောင်ဖြစ်လိမ့်မယ်။ ကမ္ဘာနဲ့ချီကပ်ဆိုက်လို့ မြန်မာပြည်လည်းမရှောင်နိုင်ပဲ စီးပွားရေးသိပ်ထိခိုက်မယ်” ကျွန်တော် “နံပါတ်ငါး မေးခွန်းပါ။
အဲ့ဒီရောဂါကိုကုစရာဆေး မရှိဘူးလား။” အဘိုးအို”မဖြေသင့်တဲ့ မေးခွန်းပဲ။ အနောက်တိုင်းဆေးပညာကတော့ ဆေးပေါ်ဖို့အချိန်ကြာလိမ့်မယ်။ တိုင်းရင်းသမားတော်တွေကလည်း ဒါကို အပူနာလို့ ကောက်ချက်မှားချကြလိမ့်မယ်။ အပူနာ အအေးနာ အပူအအေးရောထွေးနာသုံးမျိုးအနက် ဒါဟာ အအေးနာဖြစ်တယ်။ အအေးနာမှာမှ ဥတုယှဉ် အအေးနာဖြစ်တယ်။
တိုင်းရင်းဆေးမှာ ဒေသနာနည်းအရကြပ်ခိုးကို အခြေခံပြီးဖော်ထားတဲ့ဆေးကို ကွမ်းရွက်ပြုတ်ရည်ကျကျမှာဆားအရသာပေါ်ရုံခပ်ပြီးသောက်ရောဂါပြင်းရင်တောင် တစ်ပတ်ကျော်ရင် အရှင်းပျောက်လိမ့်မယ်။ မဖြစ်စေချင်ရင် ဂျင်းကို ထန်းလျက်နဲ့ပြုတ်သောက်။ ဆင်ဆင်ခြင်ခြင်နေ။ ဒါပေမဲ့ မင်းဒီဆေးနည်းကို လူတွေကိုပြောပြလိုက်တာနဲ့မင်းကို တစ်လောကလုံးကဲ့ရဲ့ကြလိမ့်မယ်။ ပါးစပ်ပိတ်ထား
ဂန္ဓမာဒနတောင်မှာနေတဲ့ ဆေးဝိဇ္ဇာတွေဖော်ပေးတဲ့ဆေးတောင် ဓာတ်ခွဲခန်းက ထွက်လာတာ မဟုတ်ခဲ့ရင် မြောင်းထဲလွှင့်ပစ်ခံရမဲ့ သိပ္ပံကမ္ဘာကြီးမှာ မင်းလူရူးမဖြစ်စေနဲ့။ မေးခွန်းလည်း ငါးခု ပြည့်ပြီ။ အဘိုးလည်းပြောစရာကုန်ပြီ” ကျွန်တော် “အဘိုး ယတြာလေးမစအုံးလေ” အဘိုးအို (ဟားတိုက်ရယ်လျက်) “လူလည်လေး ယတြာပေးမယ်။
ရော့မင်းပေးခဲ့တဲ့ ငါးထောင်တန် ပြန်ယူသွား။ ဆောင်ထား။ သီတင်းကျွတ်ရင် ကြိုက်တဲ့ဘုရားစေတီမှာ လှူလိုက်။ တစ် လင်ရှိမယား မပြစ်မှားဘဲ ဒုသနသောကိုရှောင်။ နှစ် အရက်သေစာမသောက်စားနဲ့။ သုံး အမဲသားနဲ့ကျွဲသား နှစ်မျိုးရှောင်။ ရယ်ရတဲ့ ကလေး။ တောင်းလို့ရတာအများကြီးရှိရက်နဲ့ ယတြာလေးပဲတောင်းတယ်။
ရွှေတိဂုံဘုရားပေါ်မှာတောင် သရဲခြောက်တယ်လို့ ထင်တဲ့လူမိုက်လေး” ကျွန်တော် “အဘိုးနာမည်နဲ့လိပ်စာလေး” အဘိုးအို”မေးခွန်းငါးခု ပြည့်ပြီလေ။မဖြေတော့ဘူး။ မသိချင်နဲ့တော့။ ကဲ အဘိုးပုတီးစိတ်မယ် ပြန်တော့” ကျွန်တော် အဘိုးအိုကို ကန်တော့ကာနှုတ်ဆက်သည်။ ရှင်မထီးတန်ဆောင်းဝတွင် ထီးဖွင့်ပြီးပြန်လှည့်ကြည့်သော် အဘိုးအိုမှာမရှိတော့။ ပြန်ဝင်ပြီးလိုက်ရှာသည်။
တန်ဆောင်းတစ်ခုလုံးတွင် အရိပ်ပင်မတွေ့။အမွှေးနံ့ကား သင်းပျံ့ပျံ့ ကျွန်တော်တွေ့ခဲ့သည်မှာ လူလော နတ်လော သိုက်ကလော ဝိဇ္ဇာဓိုရ်လောယနေ့အထိမသိ။ မကောင်းဆိုးဝါးတော့မဖြစ်တန်ရာ။ နောက်တစ်ပတ်ကြာသော် PUMA Energy မှ Single Line Diagram များ ဆွဲရန်အလုပ်ရသည်။ ၂၀၁၇ မတ်လဆန်းတွင် TOTAL ၏ရတနာ ကမ်းလွန်တွင် အလုပ်ကန်ထရိုက်တစ်ခု ရခဲ့သည်။
အောက်တိုဘာ လဆန်းတွင် ရှိသမျှအကြွေးအားလုံး ကြေခဲ့သည်။ Offshore Platform များကို 3D ပုံဆွဲပေးရန် ကန်ထရိုက်ထပ်ရချေရာအလွန် ဝမ်းသာလှသည်။ အမေကို ဆေးကုပေးနေသောသမားတော်မှာ နာမည်အရ ဗုဒ္ဓဟူးနာမ်ဖြစ်သည်။ ဆရာနှင့် စကားစပ်မိရာ ဆရာမှနာမည်ပေးမှားလျှင် အကျိုးပေးနည်းတတ်ကြောင်း။ သူ့မှာ တနင်္လာသား ဖြစ်ရက်နှင့် သူမွေးဖွားချိန်တွင်ရွာ၌
ဇာတ်လာကသော ဇာတ်မင်းသားအမည်ကို အလွယ်မှည့်လိုက်ရာနာမည်နှင့်မွေးနေ့လွဲကြောင်းပြောပြမှ ဆရာမှာ တနင်္လာသားမှန်းသိရချေရာ အလွန်ဝမ်းသာလှသည်။ 2018 ဇွန်လ ပထမဝါဆိုလပြည့် အဖိတ်နေ့ညတွင် အဖေလေဖြတ်ရာ ကိုယ်တစ်ခြမ်းသေသွားသည်။ စကားမပြောနိုင် ပါးရွဲ့သွားသည်။ အချိန်ကား ညသန်းခေါင်ကျော်တစ်နာရီ။ ဘာလုပ်ရမှန်းမသိ။
လက်ထဲတွင် ဆရာဖော်စပ်ထားသောသွေးကျဆေးရှိသည်။ “ဒီဆေးက ပုံမှန်လေးပြားသောက်ရတယ်ကွ။ လေဖြတ်ရင် အမြန်ဆုံး ဆယ့်နှစ်ပြားအထိတိုက် ပကတိ ပြန်ကောင်းတယ်” ဟူသောစကား ပြန်သတိရလျက်ခြောက်ပြား တိုက်ချလိုက်သည်။ ဘယ် Taxi သမားဖုန်းမျှ ဆက်မရသဖြင့်သောကပွေချိန်တွင် အဖေမှ “ဟ ငါပြန်ကောင်းသွားပြီ” ဆိုလျက်လမ်းထလျှောက်ပြရာ ဝမ်းသာသည်မှာဆိုဖွယ်ရာမရှိ။
ဆေးသောက်အပြီးဆယ်မိနစ်အတွင်း လေဖြတ်ညာခြမ်းသေရာမှ ပြန်ကောင်းသည်မှာ ယုံစရာမရှိ။ သီတင်းကျွတ်တွင် အဖေမှာ နှလုံးရောဂါထဖြစ်သည်။ 2016 မှ ဟောကိန်းများကား မှန်နေပြီတည်း။ တနင်္လာသား ဆရာကိုပင် ယုံကြည်စွာအပ်နှံရာ သုံးလကျော်တွင် သက်သာပျောက်ကင်းလေသတည်း။ ၂၀၁၉ သို့ရောက်လာသည်။ မိုးရာသီတွင်ဆင်တုပ်ကွေး ဖြစ်လေသော် လွန်စွာဒုက္ခများကြလေသည်။
အဖျားပျောက်လျှင်သော်မှ ရက်သတ္တပတ်နှင့်ချီ အချို့မှာ လနှင့်ချီအောင် အဆစ်အမြစ်များကိုက်ကြရာ ထော့နဲ့ထော့နဲ့နှင့်အလွန်ဆိုးလှသည်။ တစ်ည ကျောင်းတက်ရင်းမှ ကျောရိုးထဲ စိမ့်ပြီးချမ်းကာ အဆစ်အမြစ်မျာမှတူဖြင့်ထုထားသလို ကိုက်ခဲလာချေရာငါတော့ ဆင်နင်းခံရပဟ ဟု ချက်ချင်းရိပ်မိသည် ။ ကျောင်းမှအပြန် ဆရာ့ဆီပြေးချေရာဆရာမှ “ကွမ်းရွက်ကို လေးညှင်းနဲ့ခပ်ကျကျပြုတ်ထားတဲ့ အရည်ပူ့ပူလေးနဲ့
ငန်းနက်ဆေး မန်ကျည်းစေ့သုံးစေ့ကို တစ်နေ့သုံးခါသောက်နှစ်ရက်ဆိုပျောက်ပြီ” ဟုဆိုကာဆေးပေးသည်။ ဆရာပြောသည့်အတိုင်း ဆေးခြောက်ခါသောက်အပြီး အရှင်းပျောက်သည်။ ငန်းနက်ဆေးအရသာမှာ ပြာများကိုလျက်နေရသကဲ့သို့ရှိသည်။ နေကောင်းသွားမှ “ဆရာ ငန်းနက်ဆေးက ပြာတွေကို မျိုချနေရသလိုကြီးဘာတွေနဲ့ ဖော်ထားတာတုန်း” ဟုမေးမိရာ “ပဲလှော်ဖိုက ကြပ်ခိုးကိုအခြေခံပြီးဖော်တာလေကွာ။
ကြပ်ခိုးကကူးစက်ပိုးကြောင့်ဖြစ်တဲ့ အဖျားရောဂါနဲ့နောက်ဆက်တွဲ အဆုတ်နဲ့နှလုံးကိုထိခိုက်တာတွေကို ကုတဲ့နေရာမှာဝိဇ္ဇာကိုးကွ”ဆရာ ဒါဆို တုပ်ကွေးမိရင် ကြပ်ခိုးစားလို့ပျောက်သလား”အေး အသက်ပဲ ပျောက်လိမ့်မယ်။ ဆေးဖော်တဲ့အခါမှာ သုံးရတဲ့အမယ်တိုင်းမှာ ဒေါသရှိတယ်။ အဲ့ဒီဒေါသကို အင်္ဂလိပ်လို Side Effect ဘေးထွက်ဆိုးကျိုးလို့ခေါ်တယ်။ဆေးဖေါ်တဲ့အခါ ဆေးဟာ
အဆိပ်မဖြစ်ရအောင် ဒေါသကို သတ်ရတယ်။ ဒေါသသတ်တာကို ကျွမ်းကျင်မှသာဆေးဆိုတာ ဥပါဒ်ကင်းတယ်။ ဗိဇပ်ရွက်တွေ လောက်သေရွက်တွေကြားဖူးနားဝနဲ့ပြုတ်သောက်တာဟာလည်း သိပ်အန္တရာယ်များတယ်။ ဒေါသမသတ်ထားတော့ ဆိုးကျိုးရှိတယ်။ လွန်ရင်အဆိပ်ဖြစ်တာချည်းပဲ။ တစ်ခါ ကာလ ဒေသ ပယောဂ အားလုံးကို နှိုင်းချိန်ပြီး တွက်ဆရပြန်တယ်။
မချိန်ဆတတ်ရင် လျက်ဆားမှားပေးတောင် သေပြီး လူသတ်သလို ဖြစ်တတ်တယ် ဆိုတာမှတ်ထား။ ဒါကြောင့် ငါကလူနာကို ကိုယ်တွေ့မစစ်ကြည့်ဘဲဆေးတစ်မှုန်တောင် မပေးချင်တာ။ ဆေးလာဝယ်တိုင်း လူနာမပါဘဲရောင်းရရင် ငါတို့တိုင်းရင်းဆေးဆရာဆိုတာ လမ်းဘေးက စပ်ဆေးရောင်းသမားနဲ့ ဘာများထူးတော့မှာလဲကွ”ဟု ဆုံးမချေရာ မြန်မာလူမျိုးတို့ထင်ရာပြုတ်သောက်သောအလေ့ကိုအလွန်တုန်လှုပ်မိလေသည်။ ၂၀၁၉
ဒီဇင်ဘာတွင် ဝူဟန်မြို့ကပ်ဆိုက်သည်။ ဇန်နဝါရီတွင်ဆရာမှ “မင်းတို့ ဂျင်းပါးပါးလေးကိုနှစ်ရှပ် ဝတဲ့လူဆို သုံးရှပ် လှီးဂျင်းနဲ့မုန့်လုပ်ထန်းလျက်အနီခဲတစ်ခဲကို ဖန်ခွက်ထဲထည့် ရေနွေးပွက်ပွက်ဆူလောင်းထည့် ပြီးအုပ်ထား။ထန်းလျက်ပျော်ရင် လျှာအပူ မလောင်လောက်တော့တဲ့ အပူချိန်လေးမှာသောက်ချလိုက်။ မနက်စောစော နိုးတာနဲ့သောက်။ ဆေးဆိုတာ သူ့အချိန်နဲ့သူ သောက်မှစွမ်းတာမျိုး။
ဒါကအကောင်းဆုံး ကာကွယ်ဆေးပဲ။” ဟု သတိပေးရာရှင်မထီးတန်ဆောင်းမှ ဟောကိန်းကိုသတိရလျက်မင်သက်မိလေသည်။ “ဆရာ ရောဂါဖြစ်ရင်ကော ဘယ်လိုကုမလဲ။” ဟု မေးရာ ဆရာကရယ်လျက် “ဒေသနာနည်းအရ တွေးဆရင်လွယ်လွယ်လေးပဲကွာဆေးချက်က။ တောင်သာသမားတိုင်းလက်ထဲရှိတဲ့ဆေးပါပဲ။ ငန်းနက်ဆေးပေါ့ကွ။
ရုတ်တရက်ဆုံးဖြတ်ရင် အပူနာလို့ထင်အောင် ကပ်ရောဂါဖြစ်စေတဲ့လမိုင်းတွေက မျက်စိလှည့်ထားတယ်။ စဖြစ်တဲ့ဥတုကို ကြည့်ရင် အအေးကဲတဲ့ဆောင်းရာသီ။ မြစ်ဖျားခံတဲ့ဒေသကိုကြည့် အအေးပိုင်းဒေသ။ ဒါမင်းတို့နားလည်အောင် လူပြိန်းနည်းနဲ့ပြောတာ။ ဥတုယှဉ် အအေးနာ။ အဆုတ်နဲ့ နှလုံးကို ထိခိုက်ပြီး သေစေတယ်။ ငါဆိုရင်ငန်းနက်ဆေး နဲ့ သုံးမယ်။ ကွမ်းရွက်ကို ဆားအရသာပေါ်ရုံထည့် ခပ်ကျကျပြုတ်တာနဲ့သောက်ရင် ပျောက်ပြီ။
မှန်းပြောတာလေ။ ငါမှလူနာ မတွေ့ဖူးဘဲ။ ငါတို့မြန်မာသမားတော်တွေဆီဒီရောဂါသည် တစ်ယောက်မှ မလာဘူး။စိတ်ချ လက်ခံကုရင် အစိုးရမင်းများက ထောင်ချလိမ့်မယ်။ ဒီတော့တိုင်းရင်းဆေးနဲ့ ကုခွင့်မရှိဘူး။ ငါမှမဟုတ် ဂန္ဓမာဒနတောင်မှာနေတဲ့ ဆေးဝိဇ္ဇာတွေ ဆင်းကုလည်း ကုခွင့်မရှိဘဲ ကုတယ်ဆိုပြီးအဖမ်းခံရမှာပဲ။ ကံတွေပေါ့ကွာ ” ဟု ရယ်လျက်ပြောချေရာ ရှင်မထီးတန်ဆောင်းမှ အဖိုးအိုကိုသာပြန်မြင်ယောင်မိကာကြက်သီးထမိလေသတည်း။ ကျွန်တော်ကား ငန်းနက်ဆေး
နှစ်ဘူးကိုဆောင်လျက် ခြံတွင် ကွမ်းရွက်များကိုရေလောင်းလျက် မနက်တိုင်းဂျင်းပြုတ်ရည် သောက်ကာ ခြံပြင်မထွက်ဘဲ နေ့ရက်များကို ဖြတ်သန်းနေရလေသတည်း။ COVID 19 လွန်သော် မည်သူနှင့်ပြန်အတွေ့ချင်ဆုံးနည်းဟု မေးလျှင်၂၀၁၆ ဇွန်လ မိုးလေကြီးသောညတွင်ရွှေတိဂုံဘုရား တနင်္ဂနွေထောင့်တွင်ဆုံဆည်းခဲ့ပြီး ရှင်မထီးတန်ဆောင်းတွင်စကားပြောခွင့်ရခဲ့သော အဖိုးနှင့်ပြန်ဆုံချင်ပါသည်ဟုသာ။
ကြုံသိကြားတွေ့သမျှက ဒါအကုန်ပဲ။ ကဲ ဝိုင်းဆဲလို့ရပြီ။ ဘာမှမမေးနဲ့။ ဘာမှမဖြေဘူး။ဘာမှလည်းမသိဘူး။ မှတ်ချက်။ ဂျင်းထန်းလျက်ပြုတ်ရည်သည် ကိုယ်ဝန်ဆောင်များနှင့်လုံးဝလုံးဝမတည့်ပါ။
အခုလိုအချိန်ပေးပြီး ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး ဘေးအန္တရာယ် များ ကင်းဝေးကြပြီး မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက် ရပါတယ်။
ခရက်ဒစ် Min Aung Khant Zaw