မႏၲေလးတိုင္း အမရပူရၿမိဳ႕မွ ဆုေတာင္းျပည့္လြန္းလို႔ အေစာင့္အေရွာက္နဲ႔ထားရတဲ့ ဆုေတာင္းျပည့္ ကိုယ္ေတာ္ျမတ္ႀကီးရွိတဲ့ ေရႊၾကက္ယက္၊ ေရႊၾကက္က်ဘုရား မ်ား နဲ႔ လြမ္းေမာဘြယ္ … ျမင္းေတာ္ခံငျပည့္ ၊ ေအာင္စြာငယ္ တို႔ရဲ့ လြမ္းေစတီေတြ (ဒုတိယပိုင္း)
အခ်ိန္ကာလဆိုတာ .. ေနာင္တ တရားမ်ားစြာကို ေမြးဖြားေပးတတ္ သလို သံေဝဂတရားေတြကိုလည္း ေပးစြမ္းနိုင္တယ္လို႔ ဆိုစကား ရွိခဲ့ပါတယ္ ။ ေနာင္တဆိုတာမ်ိဳးက လည္း လြန္မွပဲ ရၾကတာမ်ိဳးေလ ။
နရပတိစည္သူဟာ ဘယ္လိုမွ ျပဳျပင္လို႔ မရနိုင္တဲ့ အမွားေတြကို မင္း ပ်ိဳမင္းလြင္ဘဝ၊အိမ္ေရွ႕စံဘဝမွာပဲ က်ဴးလြန္ခဲ့မိပါတယ္ ။ သစၥာရွိတဲ့ ကၽြန္ယုံေတာ္ ငျပည့္ကို ေဒါသမထိမ္းနိုင္ပဲ မိန္းမတစ္ေယာက္အတြက္နဲ႔ အမ်က္မာန္ေစာင္ႀကီးစြာ ကြပ္မ်က္ခဲ့တယ္။
ဒါတင္မကပဲ မိမိအထြတ္အထိပ္ေရာက္ဖို႔အတြက္ အကိုေတာ္ မင္းယဥ္နရသိခၤကို လုပ္ႀကံေပးခဲ့တဲ့ ေအာင္စြာငယ္ကိုလည္း နန္းရင္ျပင္ညီလာခံမွာ မေထမဲ့ျမင္ျပဳသည္ဆိုၿပီး ကြပ္မ်က္ခဲ့ျပန္ပါတယ္ ။
ငယ္ကၽြန္ ေအာင္စြာငယ္ကို ကြပ္မ်က္ခဲ့တာကလည္း မိန္းမတစ္ ေယာက္အတြက္ပါပဲ ။ ျဖစ္စဥ္ေလးကို ျပန္စဥ္းစားၾကည့္မယ္ဆိုရင္ …
အိမ္ေရွ႕မင္း နရပတိစည္သူဟာ သူ႔ရဲ့ မိဖုရားေဝဠဳဝတီကို အကိုေတာ္ဘုရင္ မင္းယဥ္နရသိခၤက သိမ္းပိုက္လိုက္တဲ့အတြက္ နာက်ည္းစြာနဲ႔ ကၽြန္ယုံ လက္႐ုံးတပည့္ ေအာင္စြာငယ္ကို လုပ္ႀကံခိုင္းတယ္။
အေရးေတာ္ပုံ ေအာင္ခဲ့ရင္ ဘုရင့္မိဖုရားသုံးပါး( မရီး ၃ ေယာက္) ထဲက မင္း ႏွစ္သက္တဲ့တစ္ပါးနဲ႔ ငါကိုယ္တိုင္လက္ဆက္ေပးၿပီး သူေကာင္းျပဳမယ္လို႔လည္း ကတိေပးခဲ့တယ္ ။
တကယ္အေရးေတာ္ပုံ ေအာင္ျမင္တဲ့အခါမွာေတာ့ နရပတိစည္သူ ဟာမရီးေတာ္ေတြရဲ့ ေခ်သလုံးဖက္ ငိုယိုေတာင္းပန္မႈေၾကာင့္ သနားငဲ့ ညႇာၿပီး ေအာင္စြာငယ္ကိုေပးထားတဲ့ ကတိဖ်က္လိုက္ပါေတာ့တယ္… ။
ဟဲ့ ေအာင္စြာငယ္ … ငါမင္းကို ခိုင္းေစခဲ့စဥ္က ကတိေပးခဲ့ေပမယ့္အခုေတာ့ ငါ့မွာ အခက္ေတြ႕ေနရတယ္၊ နင့္ကို ငါ့ရဲ့ မရီးေတာ္တစ္ပါးပါးနဲ႔ လက္ဆက္ေပးခ်င္ေပမယ့္ အဲဒီလို လုပ္လိုက္ရင္ ငါ့ရဲ့ ဘိုးေဘး ေတြကို ပစ္မွားသလို ျဖစ္မွာစိုးတဲ့အ တြက္ နင့္ကို တစ္ျခားအမ်ိဳးေကာင္း သမီးတစ္ဦးနဲ႔ လက္ဆက္ေပးၿပီး သူေကာင္းျပဳေပးပါ့မယ္ လို ဘုရင္ ကိုယ္တိုင္ ေခ်ာ့ေမာ့ေျပာဆိုခဲ့ေပမယ့္ … ေအာင္စြာငယ္ကေတာ့ မေၾကနပ္ခဲ့ပါဘူး ။
ကတိမတည္တဲ့ ဘုရင္ပဲ . ထြီ ဆိုၿပီးတံေတြးေထြးလို႔ ထြက္သြားခဲ့တာေၾကာင့္ နရပတိ စည္သူဟာ ေဒါသျဖစ္ၿပီး ညီလာခံ မွာ မေထမဲ့ျမင္ျပဳတဲ့အတြက္ မင္းမ်က္သင့္လို႔ ကြပ္မ်က္ခဲ့ပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ငျပည့္နဲ႔ ေအာင္စြာငယ္ကို ကြပ္မ်က္ျခင္းဟာ ေက်းဇူးမဲ့လြန္းရာ ေရာက္ခဲ့တာမို႔ နရပတိစည္သူဟာ စိတ္ဆင္းရဲျခင္းႀကီးစြာ ျဖစ္ခဲ့ရပါတယ္ ။ တပည့္ေတြ အတြက္ ကုသိုလ္ ေကာင္းမႈ ျပဳေပးဖို႔ သူဘုရင္ျဖစ္ခ်ိန္ မွာ စဥ္းစားေဆာင္ရြက္ေပးခဲ့ပါတယ္…။
အေရးေတာ္ပုံကာလက သူအဓိဌာန္ ျပဳခဲ့တဲ့ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားဆီကို ေရတပ္ အင္အား အျပည့္အဝနဲ႔ ျပန္လာခဲ့ ပါတယ္။ ကၠရာဇ္ ၅၄ရခုႏွစ္ ျဖစ္ပါတယ္။ ဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ထံ သူဆုေတာင္းခဲ့တာက သကၠရာဇ္ ၅၃၆ ခုႏွစ္ျဖစ္တာေၾကာင့္ဘုရင္ျဖစ္ၿပီး ၁၁ ႏွစ္ၾကာမွျပန္လည္ေရာက္ရွိ ခဲ့တာ ျဖစ္ပါတယ္ ။
ထီးေတာ္တင္ဖို႔နဲ႔ တပည့္ေတြအတြက္ ဘုရားတည္ေပးဖို႔ ျပန္လာခဲ့တာပါ ။ ( ေရႊၾကက္ယက္၊ေရႊၾကက္က် ဘုရားေတြဟာ သီရိဓမၼာေသာက မင္းႀကီး တည္ထားခဲ့တဲ့ ဗ်ာဒိတ္ရ ဘုရားေတြ ျဖစ္ပါတယ္။
ျမတ္စြာ ဘုရားရွင္ ၾကက္မင္းဘဝက မိဖုရား ယေသာ္ဓယာအေလာင္း နဲ႔အတူ ေနထိုင္က်က္စားခဲ့တဲ့ ေတာင္ေတာ္ ႏွစ္ဆူေပၚမွာ တည္ထားခဲ့တာပါ ။
မႏၶာဂီရိေတာင္ေတာ္ေပၚမွာ ေရႊၾကက္ယက္ဘုရားတည္ခဲ့ၿပီး ၊နဂၤါးရစ္ေတာင္ေတာ္ေပၚမွာ ေရႊၾကက္က်ဘုရားတည္ခဲ့တာ ျဖစ္ပါတယ္။ ဘုရားရွင္ရဲ့ သရီယဓါတ္ေတာ္ေတြကို ဌာပနာၿပီး တည္ခဲ့တာမို႔ ခုခ်ိန္ထိ တန္ခိုးႀကီးလွတဲ့ ဘုရားညီေနာင္အျဖစ္တည္ရွိေနခဲ့ပါတယ္ … ။
အမရပူရ မွာ တည္ရွိၿပီး ဧရာျမစ္ကမ္းေဘးမွာ တည္ရွိပါတယ္။) ( ဆုေတာင္းျပည့္လြန္းတဲ့ ဆင္းတု ေတာ္ျမတ္ဟာ ေရႊၾကက္ယက္ ဘုရားအတြင္းမွာ တည္ရွိပါတယ္ ။
အိမ္ေရွ႕မင္းဘဝက အဓိဌာန္ျပဳ ဆု ေတာင္းခဲ့တယ္ဆိုတာကလည္း အရိ မဒၵနာပူရ ပုဂံေနျပည္ေတာ္မွာ မင္းဧကရာဇ္ျဖစ္မည္ဆိုပါက ဤပုဝါစကို ဘုရားရွင္မွ ကိုယ္ေတာ္လ်၍ ခံယူေတာ္မူပါေစသတည္းလို႔ ဆုေတာင္းခဲ့တာ ျဖစ္ပါတယ္။
အကိုမင္းယဥ္နရသိခၤကို သတ္ဖို႔ဆုေတာင္းတာမဟုတ္ပါဘူး ။ ပထမအပိုင္းမွာ စာေရးတာ လိုအပ္ခ်က္ရွိသြားတဲ့အတြက္ လူသတ္ဖို႔ ဘုရားက ခြင့္ျပဳသလို ျဖစ္သြားခဲ့ပါတယ္။ )
တပည့္ေတြအေပၚ တင္ရွိခဲ့တဲ့ေနာင္တ တရားေတြနဲ႔အတူ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားႏွစ္ဆူကို ျပဳျပင္ၿပီး ထီးေတာ္အသစ္တင္လႉဖို႔လာခဲ့တဲ့ နရပတိစည္သူရဲ့ေဖာင္ေတာ္ဟာ ေရႊၾကက္က်ဘုရားေရာက္ခါနီးမွာပဲ အတိတ္ဘဝက ရန္ၿငိဳးရွိခဲ့တဲ့မိေခ်ာင္းႀကီး ရဲ့ တိုက္ခိုက္မႈခံရပါေတာ့တယ္။
နတ္မိေခ်ာင္းႀကီးဟာ နရပတိစည္သူရဲ့ ေဖာင္ေတာ္ကို ေအာက္ကေန ထမ္းထားတဲ့အတြက္ ေဖာင္ေတာ္ရပ္သြားၿပီး တစ္ဖက္ေစာင္းသြားခဲ့ပါတယ္ ။
ေဖာင္ေတာ္တိမ္းေမွာက္ေတာ့မယ့္ အေျခအေနမွာ ေဖာင္ေတာ္ေပၚမွာ ပါလာတဲ့ မြန္သူရဲေကာင္း ရမန္ငေထြးဟာ ဘုရင့္သံလ်က္ေတာ္ကို ေတာင္းလို႔ ေရေအာက္မွာ မိေခ်ာင္းႀကီးနဲ႔ သတ္ပုတ္လို႔ အနိုင္ယူခဲ့ပါတယ္။
မင္းႀကီးလည္း မြန္သူရဲေကာင္း ရမန္ငေထြးကို အားရေၾကနပ္ေတာ္မူလို႔ ဆုေတာ္မ်ားစြာေပးတဲ့ အျပင္ အနႏၲသူရိယဘြဲ႕ ခ်ီးျမႇင့္ခဲ့တယ္လို႔ မွတ္သားခဲ့ရဖူးပါတယ္။
ငယ္ငယ္တုန္းက စစ္ကိုင္းတံတားႀကီးေပၚက ျဖတ္ၿပီး ေရႊၾကက္က်ဘုရားကို အေဝးကဖူးေမၽွာ္ၾကည္ညိဳမိတိုင္း ရမန္ငေထြးကို အားက်စိတ္နဲ႔ သတိယမိပါတယ္ ။ နရပတိစည္သူဟာ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားႏွစ္ဆူကိုျပဳျပင္ၿပီး ထီးေတာ္အသစ္တင္လႉခဲ့ပါတယ္ ။
ေရႊၾကက္ယက္ဘုရားရဲ့ေအာက္အဆင့္ရင္ျပင္ေတာ္ေပၚမွာတဝဂူ ၾကာခံဘုရားတစ္ဆူ တည္ထားခဲ့သလို ျမင္းေတာ္ခံငျပည့္အတြက္ ဘုရားတစ္ဆူ ၊ ေအာင္စြာငယ္အတြက္ဘုရားတစ္ဆူ တည္ၿပီး ကုသိုလ္ျပဳလို႔ အမၽွေပးေဝခဲ့ပါတယ္ …။ ( ဘုရားပုံတစ္ခုခ်င္းစီမွာ စာေရးေပးထားပါတယ္)
ေရႊၾကက္ယက္ဘုရားေျခရင္းမွာ ျမင္းေတာ္ခံ ငျပည့္အတြက္ နတ္နန္းတစ္ခုကိုလည္း တည္ေဆာက္ေပးခဲ့ပါတယ္ ။ (လက္ရွိမွာလည္း နတ္နန္းဟာ မူလအတိုင္းတည္ရွိေနပါေသးတယ္။ )
ဘုရားေတြ ထီးတင္ပြဲမွာ နရပတိစည္သူဟာ သူ႔ငယ္ကၽြန္အရင္းေတြကို သတိယ တမ္းတလြန္းလို႔ မအိပ္မစား ျဖစ္ခဲ့တယ္ဆိုတာရယ္ …ဒီအခ်ိန္မွာ သူ႔ငယ္ကၽြန္ေတြရွိရင္အရမ္းဂုဏ္ယူ ဝမ္းေျမာက္ၾကေပ လိမ့္မယ္လို႔ တဖြဖြ ေျပာဆိုခဲ့တယ္လို႔ ဖတ္မွတ္ခဲ့ရပါတယ္။
တခါတရံမွာ သတိထားရမွာက ဆရာ တပည့္သိပ္ရင္းႏွီးတဲ့အခါ တပည့္ဆိုတာဆရာအရင္းကို စိတ္ေကာက္တာႏြဲ႕ဆိုး ဆိုးတာေတြ ျဖစ္တတ္ပါတယ္။ ဒါကို နားလည္မႈ မေပးရင္ ဆရာကို မခန႔္ေလးစားလုပ္တယ္လို႔ နားလည္မႈေတြ လြဲမွားတတ္ၾကပါတယ္။
ဘဝနဲ႔ရင္းရတဲ့ ဆင္ျခင္စရာေတြကိုသမိုင္းေတြက လက္ဆင့္ကမ္း ေပးထားခဲ့ပါၿပီ … ။ ျမင္းေတာ္ခံငျပည့္ကို ကြပ္မ်က္ခဲ့စဥ္တုန္းအခါကလည္း … စိတ္မေကာင္းစရာ အျဖစ္အပ်က္ကေလးတစ္ခု ျဖစ္ခဲ့ပါတယ္… ။
နရပတိစည္သူရဲ့ ေဖာင္ေတာ္ဟာဧရာဝတီျမစ္ေၾကာင္းအတိုင္းစုန္ဆင္းလာရင္း စစ္ကိုင္းရြာသစ္ႀကီးနဲ႔ ငါန္းဇြန္အနား ေရာက္တဲ့အခါ ေဖာင္ေတာ္ ရပ္သြားခဲ့ပါတယ္ ။ ျမင္းေတာ္ခံငျပည့္ရဲ့အေလာင္းဟာေဖာင္ေတာ္နဲ႔ ကပ္ပါလာတာကိုထူးဆန္းစြာ ေတြရွိလိုက္ရတယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္ … ။
နရပတိစည္သူဟာ စိတ္မေကာင္း ႀကီးစြာ ျဖစ္ခဲ့ရၿပီး ‘ မင္းတာဝန္ေၾကပါတယ္ ၊ေနရစ္ပါေတာ့ ငျပည့္ရယ္’လို႔ ေျပာဆိုလို႔အနီးက သဲေသာင္ျပင္မွာ ေဖာင္ေတာ္ကပ္လို႔ ေကာင္းစြာ မီးသၿဂိဳလ္ေပးခဲ့ပါတယ္။
သူ႔တပည့္ကို ခ်ီးေျမႇာက္တဲ့ အေနနဲ႔သဲေသာင္ျပင္ကို အပိုင္စား ေပးခဲ့ပါတယ္။ ေရႊျပည့္ရွင္ ကၽြန္းပိုင္နတ္ျဖစ္သြားခဲ့တယ္လို႔ ဖတ္ခဲ့ရၿပီးေဒသခံမ်ား ကိုးကြယ္လ်က္ရွိေၾကာင္း သိရွိရပါတယ္ ။
သမိုင္းဆိုတာ ေသဆုံးေပ်ာက္ကြယ္သြားတဲ့ လူေတြ… ၿမိဳ႕ရြာေတြအေၾကာင္း သင္ၾကားေလ့လာရတဲ့ဘာသာရပ္ျဖစ္သလို လူေတြ ေဒသေတြ တိမ္ေကာပေပ်ာက္သြားၾကေပမယ့္ မပေပ်ာက္တဲ့ အက်ိဳးဆက္ေတြေၾကာင့္ ယခုလူ႔ေဘာင္ေလာကႀကီးဆက္လက္ ရွင္သန္ေနခဲ့ရတာ ျဖစ္ပါတယ္လို႔ သမိုင္းဆရာမႀကီးရဲ့စကားေလးကို သေဘာက်မိပါတယ္ ။
အတိတ္မရွိခဲ့ရင္ ပစၥဳပၸန္ဆိုတာမရွိနိုင္သလို ပစၥဳပၸန္မရွိရင္ အနာဂတ္လည္း ရွိမွာမဟုတ္ပါဘူး။ အတိတ္ကို သခၤန္းစာယူနိုင္ၿပီး အနာဂတ္ လွပေအာင္ဖန္တည္းေဖာ္ေဆာင္နိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ပါရေစ ။
စာဖတ္သူမ်ားအားလုံး ေဒါသ မာန္မာနေၾကာင့္ ရတဲ့ ေနာင္တ တရားေတြ ကင္းေဝးၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ။
credit orginaluploader
unicode
“ဆုတောင်းပြည့်လွန်းလို့ အစောင့်အရှောက်နဲ့ ထားရတဲ့ မန္တလေး က ဘုရားတစ်ဆူ အကြောင်း”
မန္တလေးတိုင်း အမရပူရမြို့မှ ဆုတောင်းပြည့်လွန်းလို့ အစောင့်အရှောက်နဲ့ထားရတဲ့ ဆုတောင်းပြည့် ကိုယ်တော်မြတ်ကြီးရှိတဲ့ ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရား များ နဲ့ လွမ်းမောဘွယ် … မြင်းတော်ခံငပြည့် ၊ အောင်စွာငယ် တို့ရဲ့ လွမ်းစေတီတွေ (ဒုတိယပိုင်း)
အချိန်ကာလဆိုတာ .. နောင်တ တရားများစွာကို မွေးဖွားပေးတတ် သလို သံဝေဂတရားတွေကိုလည်း ပေးစွမ်းနိုင်တယ်လို့ ဆိုစကား ရှိခဲ့ပါတယ် ။ နောင်တဆိုတာမျိုးက လည်း လွန်မှပဲ ရကြတာမျိုးလေ ။
နရပတိစည်သူဟာ ဘယ်လိုမှ ပြုပြင်လို့ မရနိုင်တဲ့ အမှားတွေကို မင်း ပျိုမင်းလွင်ဘဝ၊အိမ်ရှေ့စံဘဝမှာပဲ ကျူးလွန်ခဲ့မိပါတယ် ။ သစ္စာရှိတဲ့ ကျွန်ယုံတော် ငပြည့်ကို ဒေါသမထိမ်းနိုင်ပဲ မိန်းမတစ်ယောက်အတွက်နဲ့ အမျက်မာန်စောင်ကြီးစွာ ကွပ်မျက်ခဲ့တယ်။
ဒါတင်မကပဲ မိမိအထွတ်အထိပ်ရောက်ဖို့အတွက် အကိုတော် မင်းယဉ်နရသိင်္ခကို လုပ်ကြံပေးခဲ့တဲ့ အောင်စွာငယ်ကိုလည်း နန်းရင်ပြင်ညီလာခံမှာ မထေမဲ့မြင်ပြုသည်ဆိုပြီး ကွပ်မျက်ခဲ့ပြန်ပါတယ် ။
ငယ်ကျွန် အောင်စွာငယ်ကို ကွပ်မျက်ခဲ့တာကလည်း မိန်းမတစ် ယောက်အတွက်ပါပဲ ။ ဖြစ်စဉ်လေးကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် …
အိမ်ရှေ့မင်း နရပတိစည်သူဟာ သူ့ရဲ့ မိဖုရားဝေဠုဝတီကို အကိုတော်ဘုရင် မင်းယဉ်နရသိင်္ခက သိမ်းပိုက်လိုက်တဲ့အတွက် နာကျည်းစွာနဲ့ ကျွန်ယုံ လက်ရုံးတပည့် အောင်စွာငယ်ကို လုပ်ကြံခိုင်းတယ်။
အရေးတော်ပုံ အောင်ခဲ့ရင် ဘုရင့်မိဖုရားသုံးပါး( မရီး ၃ ယောက်) ထဲက မင်း နှစ်သက်တဲ့တစ်ပါးနဲ့ ငါကိုယ်တိုင်လက်ဆက်ပေးပြီး သူကောင်းပြုမယ်လို့လည်း ကတိပေးခဲ့တယ် ။
တကယ်အရေးတော်ပုံ အောင်မြင်တဲ့အခါမှာတော့ နရပတိစည်သူ ဟာမရီးတော်တွေရဲ့ ချေသလုံးဖက် ငိုယိုတောင်းပန်မှုကြောင့် သနားငဲ့ ညှာပြီး အောင်စွာငယ်ကိုပေးထားတဲ့ ကတိဖျက်လိုက်ပါတော့တယ်… ။
ဟဲ့ အောင်စွာငယ် … ငါမင်းကို ခိုင်းစေခဲ့စဉ်က ကတိပေးခဲ့ပေမယ့်အခုတော့ ငါ့မှာ အခက်တွေ့နေရတယ်၊ နင့်ကို ငါ့ရဲ့ မရီးတော်တစ်ပါးပါးနဲ့ လက်ဆက်ပေးချင်ပေမယ့် အဲဒီလို လုပ်လိုက်ရင် ငါ့ရဲ့ ဘိုးဘေး တွေကို ပစ်မှားသလို ဖြစ်မှာစိုးတဲ့အ တွက် နင့်ကို တစ်ခြားအမျိုးကောင်း သမီးတစ်ဦးနဲ့ လက်ဆက်ပေးပြီး သူကောင်းပြုပေးပါ့မယ် လို ဘုရင် ကိုယ်တိုင် ချော့မော့ပြောဆိုခဲ့ပေမယ့် … အောင်စွာငယ်ကတော့ မကြေနပ်ခဲ့ပါဘူး ။
ကတိမတည်တဲ့ ဘုရင်ပဲ . ထွီ ဆိုပြီးတံတွေးထွေးလို့ ထွက်သွားခဲ့တာကြောင့် နရပတိ စည်သူဟာ ဒေါသဖြစ်ပြီး ညီလာခံ မှာ မထေမဲ့မြင်ပြုတဲ့အတွက် မင်းမျက်သင့်လို့ ကွပ်မျက်ခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငပြည့်နဲ့ အောင်စွာငယ်ကို ကွပ်မျက်ခြင်းဟာ ကျေးဇူးမဲ့လွန်းရာ ရောက်ခဲ့တာမို့ နရပတိစည်သူဟာ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ခဲ့ရပါတယ် ။ တပည့်တွေ အတွက် ကုသိုလ် ကောင်းမှု ပြုပေးဖို့ သူဘုရင်ဖြစ်ချိန် မှာ စဉ်းစားဆောင်ရွက်ပေးခဲ့ပါတယ်…။
အရေးတော်ပုံကာလက သူအဓိဌာန် ပြုခဲ့တဲ့ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားဆီကို ရေတပ် အင်အား အပြည့်အဝနဲ့ ပြန်လာခဲ့ ပါတယ်။ က္ကရာဇ် ၅၄ရခုနှစ် ဖြစ်ပါတယ်။ ဆုတောင်းပြည့်ကိုယ်တော်မြတ်ထံ သူဆုတောင်းခဲ့တာက သက္ကရာဇ် ၅၃၆ ခုနှစ်ဖြစ်တာကြောင့်ဘုရင်ဖြစ်ပြီး ၁၁ နှစ်ကြာမှပြန်လည်ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ် ။
ထီးတော်တင်ဖို့နဲ့ တပည့်တွေအတွက် ဘုရားတည်ပေးဖို့ ပြန်လာခဲ့တာပါ ။ ( ရွှေကြက်ယက်၊ရွှေကြက်ကျ ဘုရားတွေဟာ သီရိဓမ္မာသောက မင်းကြီး တည်ထားခဲ့တဲ့ ဗျာဒိတ်ရ ဘုရားတွေ ဖြစ်ပါတယ်။
မြတ်စွာ ဘုရားရှင် ကြက်မင်းဘဝက မိဖုရား ယသော်ဓယာအလောင်း နဲ့အတူ နေထိုင်ကျက်စားခဲ့တဲ့ တောင်တော် နှစ်ဆူပေါ်မှာ တည်ထားခဲ့တာပါ ။
မန္ဓာဂီရိတောင်တော်ပေါ်မှာ ရွှေကြက်ယက်ဘုရားတည်ခဲ့ပြီး ၊နင်္ဂါးရစ်တောင်တော်ပေါ်မှာ ရွှေကြက်ကျဘုရားတည်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ သရီယဓါတ်တော်တွေကို ဌာပနာပြီး တည်ခဲ့တာမို့ ခုချိန်ထိ တန်ခိုးကြီးလှတဲ့ ဘုရားညီနောင်အဖြစ်တည်ရှိနေခဲ့ပါတယ် … ။
အမရပူရ မှာ တည်ရှိပြီး ဧရာမြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။) ( ဆုတောင်းပြည့်လွန်းတဲ့ ဆင်းတု တော်မြတ်ဟာ ရွှေကြက်ယက် ဘုရားအတွင်းမှာ တည်ရှိပါတယ် ။
အိမ်ရှေ့မင်းဘဝက အဓိဌာန်ပြု ဆု တောင်းခဲ့တယ်ဆိုတာကလည်း အရိ မဒ္ဒနာပူရ ပုဂံနေပြည်တော်မှာ မင်းဧကရာဇ်ဖြစ်မည်ဆိုပါက ဤပုဝါစကို ဘုရားရှင်မှ ကိုယ်တော်လျ၍ ခံယူတော်မူပါစေသတည်းလို့ ဆုတောင်းခဲ့တာ ဖြစ်ပါတယ်။
အကိုမင်းယဉ်နရသိင်္ခကို သတ်ဖို့ဆုတောင်းတာမဟုတ်ပါဘူး ။ ပထမအပိုင်းမှာ စာရေးတာ လိုအပ်ချက်ရှိသွားတဲ့အတွက် လူသတ်ဖို့ ဘုရားက ခွင့်ပြုသလို ဖြစ်သွားခဲ့ပါတယ်။ )
တပည့်တွေအပေါ် တင်ရှိခဲ့တဲ့နောင်တ တရားတွေနဲ့အတူ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူကို ပြုပြင်ပြီး ထီးတော်အသစ်တင်လှူဖို့လာခဲ့တဲ့ နရပတိစည်သူရဲ့ဖောင်တော်ဟာ ရွှေကြက်ကျဘုရားရောက်ခါနီးမှာပဲ အတိတ်ဘဝက ရန်ငြိုးရှိခဲ့တဲ့မိချောင်းကြီး ရဲ့ တိုက်ခိုက်မှုခံရပါတော့တယ်။
နတ်မိချောင်းကြီးဟာ နရပတိစည်သူရဲ့ ဖောင်တော်ကို အောက်ကနေ ထမ်းထားတဲ့အတွက် ဖောင်တော်ရပ်သွားပြီး တစ်ဖက်စောင်းသွားခဲ့ပါတယ် ။
ဖောင်တော်တိမ်းမှောက်တော့မယ့် အခြေအနေမှာ ဖောင်တော်ပေါ်မှာ ပါလာတဲ့ မွန်သူရဲကောင်း ရမန်ငထွေးဟာ ဘုရင့်သံလျက်တော်ကို တောင်းလို့ ရေအောက်မှာ မိချောင်းကြီးနဲ့ သတ်ပုတ်လို့ အနိုင်ယူခဲ့ပါတယ်။
မင်းကြီးလည်း မွန်သူရဲကောင်း ရမန်ငထွေးကို အားရကြေနပ်တော်မူလို့ ဆုတော်များစွာပေးတဲ့ အပြင် အနန္တသူရိယဘွဲ့ ချီးမြှင့်ခဲ့တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။
ငယ်ငယ်တုန်းက စစ်ကိုင်းတံတားကြီးပေါ်က ဖြတ်ပြီး ရွှေကြက်ကျဘုရားကို အဝေးကဖူးမျှော်ကြည်ညိုမိတိုင်း ရမန်ငထွေးကို အားကျစိတ်နဲ့ သတိယမိပါတယ် ။ နရပတိစည်သူဟာ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူကိုပြုပြင်ပြီး ထီးတော်အသစ်တင်လှူခဲ့ပါတယ် ။
ရွှေကြက်ယက်ဘုရားရဲ့အောက်အဆင့်ရင်ပြင်တော်ပေါ်မှာတဝဂူ ကြာခံဘုရားတစ်ဆူ တည်ထားခဲ့သလို မြင်းတော်ခံငပြည့်အတွက် ဘုရားတစ်ဆူ ၊ အောင်စွာငယ်အတွက်ဘုရားတစ်ဆူ တည်ပြီး ကုသိုလ်ပြုလို့ အမျှပေးဝေခဲ့ပါတယ် …။ ( ဘုရားပုံတစ်ခုချင်းစီမှာ စာရေးပေးထားပါတယ်)
ရွှေကြက်ယက်ဘုရားခြေရင်းမှာ မြင်းတော်ခံ ငပြည့်အတွက် နတ်နန်းတစ်ခုကိုလည်း တည်ဆောက်ပေးခဲ့ပါတယ် ။ (လက်ရှိမှာလည်း နတ်နန်းဟာ မူလအတိုင်းတည်ရှိနေပါသေးတယ်။ )
ဘုရားတွေ ထီးတင်ပွဲမှာ နရပတိစည်သူဟာ သူ့ငယ်ကျွန်အရင်းတွေကို သတိယ တမ်းတလွန်းလို့ မအိပ်မစား ဖြစ်ခဲ့တယ်ဆိုတာရယ် …ဒီအချိန်မှာ သူ့ငယ်ကျွန်တွေရှိရင်အရမ်းဂုဏ်ယူ ဝမ်းမြောက်ကြပေ လိမ့်မယ်လို့ တဖွဖွ ပြောဆိုခဲ့တယ်လို့ ဖတ်မှတ်ခဲ့ရပါတယ်။
တခါတရံမှာ သတိထားရမှာက ဆရာ တပည့်သိပ်ရင်းနှီးတဲ့အခါ တပည့်ဆိုတာဆရာအရင်းကို စိတ်ကောက်တာနွဲ့ဆိုး ဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကို နားလည်မှု မပေးရင် ဆရာကို မခန့်လေးစားလုပ်တယ်လို့ နားလည်မှုတွေ လွဲမှားတတ်ကြပါတယ်။
ဘဝနဲ့ရင်းရတဲ့ ဆင်ခြင်စရာတွေကိုသမိုင်းတွေက လက်ဆင့်ကမ်း ပေးထားခဲ့ပါပြီ … ။ မြင်းတော်ခံငပြည့်ကို ကွပ်မျက်ခဲ့စဉ်တုန်းအခါကလည်း … စိတ်မကောင်းစရာ အဖြစ်အပျက်ကလေးတစ်ခု ဖြစ်ခဲ့ပါတယ်… ။
နရပတိစည်သူရဲ့ ဖောင်တော်ဟာဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာရင်း စစ်ကိုင်းရွာသစ်ကြီးနဲ့ ငါန်းဇွန်အနား ရောက်တဲ့အခါ ဖောင်တော် ရပ်သွားခဲ့ပါတယ် ။ မြင်းတော်ခံငပြည့်ရဲ့အလောင်းဟာဖောင်တော်နဲ့ ကပ်ပါလာတာကိုထူးဆန်းစွာ တွေရှိလိုက်ရတယ်လို့ ဖတ်ခဲ့ရဖူးပါတယ် … ။
နရပတိစည်သူဟာ စိတ်မကောင်း ကြီးစွာ ဖြစ်ခဲ့ရပြီး ‘ မင်းတာဝန်ကြေပါတယ် ၊နေရစ်ပါတော့ ငပြည့်ရယ်’လို့ ပြောဆိုလို့အနီးက သဲသောင်ပြင်မှာ ဖောင်တော်ကပ်လို့ ကောင်းစွာ မီးသဂြိုလ်ပေးခဲ့ပါတယ်။
သူ့တပည့်ကို ချီးမြှောက်တဲ့ အနေနဲ့သဲသောင်ပြင်ကို အပိုင်စား ပေးခဲ့ပါတယ်။ ရွှေပြည့်ရှင် ကျွန်းပိုင်နတ်ဖြစ်သွားခဲ့တယ်လို့ ဖတ်ခဲ့ရပြီးဒေသခံများ ကိုးကွယ်လျက်ရှိကြောင်း သိရှိရပါတယ် ။
သမိုင်းဆိုတာ သေဆုံးပျောက်ကွယ်သွားတဲ့ လူတွေ… မြို့ရွာတွေအကြောင်း သင်ကြားလေ့လာရတဲ့ဘာသာရပ်ဖြစ်သလို လူတွေ ဒေသတွေ တိမ်ကောပပျောက်သွားကြပေမယ့် မပပျောက်တဲ့ အကျိုးဆက်တွေကြောင့် ယခုလူ့ဘောင်လောကကြီးဆက်လက် ရှင်သန်နေခဲ့ရတာ ဖြစ်ပါတယ်လို့ သမိုင်းဆရာမကြီးရဲ့စကားလေးကို သဘောကျမိပါတယ် ။
အတိတ်မရှိခဲ့ရင် ပစ္စုပ္ပန်ဆိုတာမရှိနိုင်သလို ပစ္စုပ္ပန်မရှိရင် အနာဂတ်လည်း ရှိမှာမဟုတ်ပါဘူး။ အတိတ်ကို သင်္ခန်းစာယူနိုင်ပြီး အနာဂတ် လှပအောင်ဖန်တည်းဖော်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါရစေ ။
စာဖတ်သူများအားလုံး ဒေါသ မာန်မာနကြောင့် ရတဲ့ နောင်တ တရားတွေ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
credit orginaluploader