သွေးပေါင်ချိန်တာ လူတိုင်းချိန်တတ်တယ်ဆိုလို့
ရေခဲသေတ္တာ – တီဗီ – ဟန်းဖုန်း စတာတွေကိုငွေပေါလို့ ၀ယ်ကိုင်ချင်ကိုင်မယ် ။ အဲဒါတွေနဲ့ပတ်သက်တဲ့စာကိုနဲနဲကလေးမှ ဖတ်ချင်စိတ်မရှိကြပါဘူ း။ ဖတ်လည်း မဖတ်ကြပါဘူး ။
အရေးကြီးတယ် မထင်ကြတာတော်တော် ဆိုးရွားလှပါတယ် ။စာမတတ်တောင် စာရွက်တွေမှာလမ်းညွှန်အရုပ်လေးတွေနဲ့ဖော်ပြထားပေးပါတယ် ။
ဒီလိုပါပဲ သွေးပေါင်ချိန်စက်လေးတွေ သွေးချိုတိုင်းစက်လေးတွေ ၀ယ်ပြီးမှအိမ်လည်းရောက်ရော တခါတိုင်းတမျိုးပြနေလို့….
ဆရာ ဒီစက်တွေက မှန်ရဲ့လားလို့ အမေးခံရတိုင်းကျနော်တို့လူမျိုးတွေ စရိုက်ကို စိတ်ပျက်မိပါတယ် ။
တချို့ကုမ္ပဏီတွေကတော့ သဘောထားမှန်ကြလို့မြန်မာလို ရေးတဲ့ဘာသာပြန်စာရွက်လေးတွေနဲ့သင်ကြားပေးမှူ လမ်းညွှန်မှူပေးကြပါတယ် သာဓု ခေါ်မိပါတယ် ။သူတို့က အမြတ်တခုထဲအတွက် စျေးရောင်းသူတွေ မဟုတ်ကြလို့ပါ ။
အခုတွင်တွင်ကျယ်ကျယ်သုံးနေတဲ့digital သွေးပေါင်ချိန်စက် နဲ ့လက်နဲ့တိုင်းတဲ့ ပြဒါးတိုင်ထောင်သွေးပေါင်ချိန်ဟာဘယ်ဟာက အဖြေမှန်လဲ မေးကြပါတယ် ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့Digital သွေးပေါင်ချိန်စက်ကိုလက်ခံ အတည်ပြုထားပါတယ် ။ ချိန်နည်းမှန်ရင် အဖြေမှန်ပါတယ်
ချိန်နည်း —
(၁) – ကုလားထိုင်မှာထိုင် ချိန်ပါ။ခြေထောကိုကြမ်းပြင်ပေါ်ချထားပါ ။ ခါးမတ်မတ် ထားပါ။ ရှေ့ကုန်းပြီး စက်ကိုငုံ့မကြည့်ပါနဲ့ ။
( ၂ ) စက် ကို စားပွဲပေါ်ထားပါ။လက်ကိုလည်း ငြိမ်နေအောင်စားပွဲပေါ်တင်ထားပေးပါ ။
( ၃ ) မချိန်ခင်၁၀မိနစ် ငြိမ်ငြိမ်ထိုင်နေပါ။အရက် ဆေးလိပ်၊ကွမ်း ၊ကော်ဖီ စတာတွေ စားသောက်မထားပါနဲ့ ။ စကားအချီအချလည်းပြောမထားရ ။
( ၄ ) လက်ပတ်က မတင်းလွန်း မချောင်လွန်းရ ။လက်ပတ် cuff နဲ ့ အရေပြားကြားကို လက်ညှိုးတစ်ချောင်းထိုးကြည့်ရင် ၀င်သာရမယ် ။အနွေးထည်လို အကျီင်္အထူပေါ်က မတိုင်းရ ။
ချောင်နေရင် errorဖြစ်ပြီးကြပ်နေရင် အောက်သွေး diastolic နဲနေတတ်တယ်။
( ၅ ) လက်ပတ်က မကြီးလွန်း မငယ်လွန်းရ ။မိမိလက်မောင်းအရွယ်နဲ့သင့်တဲ့လက်ပတ်ကိုသာ သုံးရပါ့မယ် ။တံတောင်ဆစ် အရစ်အပေါ် လက်တစ်လုံးမှာ ရှိရမယ်။
ဒီနိုင်ငံမှာအသုံးများကြတာက 22 to 32 cm တွေပါဘဲ။လက်မောင်း အလယ်အလတ်medium size အရွယ်ပါ ။ပိန်လွန်းသူ၊ ဝလွန်းသူတွေကို အဲဒီsize နဲ ့ပဲသုံးရင် အဖြေ မှားပါ လိမ့် မယ်။သင့်တော်တဲ့လက်ပတ် size ကိုသာရွေးသုံးရမှာ ဖြစ်ပါတယ် ။
( ၆ ) ဘယ်ဘက်လက်ကိုတိုင်းရင်လေပိုက် ကို လက်ရှေ ့ မှာထားပါ ။ညာဘက်လက်ကိုတိုင်းရင် ပိုက်ကိုလက်ရဲ ့အတွင်းဘက်မှာထားပါ။
( ရ ) သုံး ကြိမ်တိုင်းပြီး ပျမ်းမျှ Average ယူ ပါ။အခု နောက်ပိုင်း စက်တွေမှာ သုံးကြိမ်တိုင်းတာရဲ့ပျှမ်းမျှ အလိုလိုတွက်ပြပါ တယ်။
digital စက်တွေက တစက္ကန် ့ကိုလေထုတ်နှုံး 2 to 4 mmHg လုပ် ပေးပါတယ်။
digilal စက်က လေ ထုတ်နှုံးက 4mm Hg ထက် များနေရင် အဖြေ မှားပါတယ်။မိမိ ဝယ်ထားတဲ့ စက်က ဘယ်လောက်နှံုးလေထုတ်နေလဲဆိုတာသိဘို ့လိုပါတယ်။
စက်ကတိုင်းနေတဲ့အချိန်မှာအသဲပုံလေး မှိတ်တုတ် မှိတ်တုတ်တစ်ခါ ပေါ်ရင် screen ပေါ်ကဂဏန်းကိုကြည့်ပါ ။2mm အောက်လေထုတ်နေရင်လည်းမှားပါတယ်။
digilal စက်တစ်လုံးကပုံမှန်အလုပ်လုပ်နိုင်တာ ၅ နှစ်ပါ ။အခုနောက်ပိုင်းလာတဲ့စက်တွေ မှာ ထုတ်လုပ်တဲ့ ရက်စွဲManufactuerd date ပါ ပါတယ်။
ငါးနှစ်ကျော်ရင်စက်ထဲက rubber valve တွေဟာ ရာသီဥတုကြောင့် ဖြစ်စေ သူ ့အလိုလို ဖြစ်စေ အလုပ်လုပ်တာမမှန်တော့ပါဘူး။အမှား ရှိလာမယ်ဆိုတာ သတိထားပါ။
လက်နဲ ့တိုင်းတဲ့ ပြဒါးတိုင်ထောင်သွေးပေါင်ချိန်ဟာမှန်းပြီး လေ လျော့ ပေးတာပါ ။ဒါကြောင့် တိကျမှူ နဲပါတယ် ။
ပြဒါးအိုးထဲက ပြဒါးတွေဂျီးတက် နေရင်လည်း သွေးပေါင်ချိန်တိုးပြီးပြနေပါလိမ့်မယ် ။servicing ဂျီးဆေးဖို့ လိုအပ်နေပါပြီ ။
ဘာပဲလုပ်လုပ် အတိအကျနဲ့ အကောင်းဆုံးဖြစ်အောင်ကျနော်တို့ မြန်မာတွေ လုပ်ကြပါစို့ ။
ပေါ်မြင့်ဦး
Zawgyi
ေသြးေပါင္ခ်ိန္တာ လူတိုင္းခ်ိန္တတ္တယ္ဆိုလို႔
ေရခဲေသတၱာ – တီဗီ – ဟန္းဖုန္း စတာေတြကိုေငြေပါလို႕ ၀ယ္ကိုင္ခ်င္ကိုင္မယ္ ။ အဲဒါေတြနဲ႔ပတ္သက္တဲ့စာကိုနဲနဲကေလးမွ ဖတ္ခ်င္စိတ္မရွိၾကပါဘူ း။ ဖတ္လည္း မဖတ္ၾကပါဘူး ။
အေရးၾကီးတယ္ မထင္ၾကတာေတာ္ေတာ္ ဆိုးရြားလွပါတယ္ ။စာမတတ္ေတာင္ စာရြက္ေတြမွာလမ္းညႊန္အရုပ္ေလးေတြနဲ႕ေဖာ္ၿပထားေပးပါတယ္ ။
ဒီလိုပါပဲ ေသြးေပါင္ခ်ိန္စက္ေလးေတြ ေသြးခ်ိဳတိုင္းစက္ေလးေတြ ၀ယ္ၿပီးမွအိမ္လည္းေရာက္ေရာ တခါတိုင္းတမ်ိဳးၿပေနလို႕….
ဆရာ ဒီစက္ေတြက မွန္ရဲ႔လားလို႕ အေမးခံရတိုင္းက်ေနာ္တို႕လူမ်ိဳးေတြ စရိုက္ကို စိတ္ပ်က္မိပါတယ္ ။
တခ်ိဳ႔ကုမၸဏီေတြကေတာ့ သေဘာထားမွန္ၾကလို႔ၿမန္မာလို ေရးတဲ့ဘာသာၿပန္စာရြက္ေလးေတြနဲ႔သင္ၾကားေပးမွဴ လမ္းညႊန္မွဴေပးၾကပါတယ္ သာဓု ေခၚမိပါတယ္ ။သူတို႕က အၿမတ္တခုထဲအတြက္ ေစ်းေရာင္းသူေတြ မဟုတ္ၾကလို႔ပါ ။
အခုတြင္တြင္က်ယ္က်ယ္သံုးေနတဲ့digital ေသြးေပါင္ခ်ိန္စက္ နဲ ့လက္နဲ႔တိုင္းတဲ့ ၿပဒါးတိုင္ေထာင္ေသြးေပါင္ခ်ိန္ဟာဘယ္ဟာက အေျဖမွန္လဲ ေမးၾကပါတယ္ ။
ကမၻာ႕က်န္းမာေရးအဖြဲ႕ကေတာ့Digital ေသြးေပါင္ခ်ိန္စက္ကိုလက္ခံ အတည္ၿပဳထားပါတယ္ ။ ခ်ိန္နည္းမွန္ရင္ အေၿဖမွန္ပါတယ္
ခ်ိန္နည္း —
(၁) – ကုလားထိုင္မွာထိုင္ ခ်ိန္ပါ။ေျခေထာကိုၾကမ္းၿပင္ေပၚခ်ထားပါ ။ ခါးမတ္မတ္ ထားပါ။ ေရွ႔ကုန္းၿပီး စက္ကိုငံု႕မၾကည့္ပါနဲ႕ ။
( ၂ ) စက္ ကို စားပြဲေပၚထားပါ။လက္ကိုလည္း ၿငိမ္ေနေအာင္စားပြဲေပၚတင္ထားေပးပါ ။
( ၃ ) မခ်ိန္ခင္၁၀မိနစ္ ျငိမ္ျငိမ္ထိုင္ေနပါ။အရက္ ေဆးလိပ္၊ကြမ္း ၊ေကာ္ဖီ စတာေတြ စားေသာက္မထားပါနဲ႕ ။ စကားအခ်ီအခ်လည္းေၿပာမထားရ ။
( ၄ ) လက္ပတ္က မတင္းလြန္း မေခ်ာင္လြန္းရ ။လက္ပတ္ cuff နဲ ့ အေရျပားၾကားကို လက္ညွိဳးတစ္ေခ်ာင္းထိုးၾကည့္ရင္ ၀င္သာရမယ္ ။အေႏြးထည္လို အက်ီၤအထူေပၚက မတိုင္းရ ။
ေခ်ာင္ေနရင္ errorျဖစ္ျပီးၾကပ္ေနရင္ ေအာက္ေသြး diastolic နဲေနတတ္တယ္။
( ၅ ) လက္ပတ္က မၾကီးလြန္း မငယ္လြန္းရ ။မိမိလက္ေမာင္းအရြယ္နဲ႕သင့္တဲ႕လက္ပတ္ကိုသာ သံုးရပါ့မယ္ ။တံေတာင္ဆစ္ အရစ္အေပၚ လက္တစ္လံုးမွာ ရွိရမယ္။
ဒီႏိုင္ငံမွာအသံုးမ်ားၾကတာက 22 to 32 cm ေတြပါဘဲ။လက္ေမာင္း အလယ္အလတ္medium size အရြယ္ပါ ။ပိန္လြန္းသူ၊ ဝလြန္းသူေတြကို အဲဒီsize နဲ ့ပဲသံုးရင္ အေျဖ မွားပါ လိမ့္ မယ္။သင့္ေတာ္တဲ့လက္ပတ္ size ကိုသာေရြးသံုးရမွာ ၿဖစ္ပါတယ္ ။
( ၆ ) ဘယ္ဘက္လက္ကိုတိုင္းရင္ေလပိုက္ ကို လက္ေရွ ့ မွာထားပါ ။ညာဘက္လက္ကိုတိုင္းရင္ ပိုက္ကိုလက္ရဲ ့အတြင္းဘက္မွာထားပါ။
( ၇ ) သံုး ၾကိမ္တိုင္းျပီး ပ်မ္းမွ် Average ယူ ပါ။အခု ေနာက္ပိုင္း စက္ေတြမွာ သံုးၾကိမ္တိုင္းတာရဲ႔ပွ်မ္းမွ် အလိုလိုတြက္ၿပပါ တယ္။
digital စက္ေတြက တစကၠန္ ့ကိုေလထုတ္ႏွဳံး 2 to 4 mmHg လုပ္ ေပးပါတယ္။
digilal စက္က ေလ ထုတ္ႏွံဳးက 4mm Hg ထက္ မ်ားေနရင္ အေျဖ မွားပါတယ္။မိမိ ဝယ္ထားတဲ့ စက္က ဘယ္ေလာက္ႏွံဳးေလထုတ္ေနလဲဆိုတာသိဘို ့လိုပါတယ္။
စက္ကတိုင္းေနတဲ့အခ်ိန္မွာအသဲပံုေလး မွိတ္တုတ္ မွိတ္တုတ္တစ္ခါ ေပၚရင္ screen ေပၚကဂဏန္းကိုၾကည့္ပါ ။2mm ေအာက္ေလထုတ္ေနရင္လည္းမွားပါတယ္။
digilal စက္တစ္လံုးကပံုမွန္အလုပ္လုပ္ႏိုင္တာ ၅ ႏွစ္ပါ ။အခုေနာက္ပိုင္းလာတဲ့စက္ေတြ မွာ ထုတ္လုပ္တဲ႔ ရက္စြဲManufactuerd date ပါ ပါတယ္။
ငါးႏွစ္ေက်ာ္ရင္စက္ထဲက rubber valve ေတြဟာ ရာသီဥတုေၾကာင့္ ျဖစ္ေစ သူ ့အလိုလို ျဖစ္ေစ အလုပ္လုပ္တာမမွန္ေတာ့ပါဘူး။အမွား ရွိလာမယ္ဆိုတာ သတိထားပါ။
လက္နဲ ့တိုင္းတဲ႔ ၿပဒါးတိုင္ေထာင္ေသြးေပါင္ခ်ိန္ဟာမွန္းျပီး ေလ ေလ်ာ့ ေပးတာပါ ။ဒါေၾကာင့္ တိက်မွဴ နဲပါတယ္ ။
ျပဒါးအိုးထဲက ျပဒါးေတြဂ်ီးတက္ ေနရင္လည္း ေသြးေပါင္ခ်ိန္တိုးၿပီးၿပေနပါလိမ့္မယ္ ။servicing ဂ်ီးေဆးဖို႔ လိုအပ္ေနပါၿပီ ။
ဘာပဲလုပ္လုပ္ အတိအက်နဲ႕ အေကာင္းဆံုးၿဖစ္ေအာင္က်ေနာ္တို႕ ၿမန္မာေတြ လုပ္ၾကပါစို႔ ။
ေပၚၿမင့္ဦး