အချစ်ရေး

ပုရိသတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊ အသဲအယားဆုံး ပျိုပျိုမေတို့ရဲ့ အပြုအမူများ

ယောက်ျားလေးတွေရဲ့စိတ်ကတော့ နားလည်ရခက်ပါတယ်သူတို့ ကြိုက်တာ မကြိုက်တာတွေကို သိပ်ထုတ်ပြောကြလေ့မရှိသလို မိန်းကလေးတွေနဲ့ပတ်သတ်ရင်လည်း သိုသိပ်တတ်ကြပါတယ်။

သူ့ဘက်ကကိုယ့်ကိုသဘောကျနေလား ၊ ကိုယ့်ရဲ့အပြုအမူတွေကရော မှားနေလားဆိုပြီး တွေဝေနေတဲ့ မိန်းကလေးတွေအတွက်၊ယောက်ျားလေးတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊အသဲအယားဆုံး မိန်းကလေးတွေရဲ့အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) ဆံပင်မြင့်မြင့် စည်းတာ

ယောကျာ်းလေးတွေက သူတို့ရှေ့မာ မိန်းကလေးတွေ ဆံပင်စည်းလိုက်တဲ့ပုံစံကို နှစ်သက်ကြပါတယ်တဲ့။အိမ်အလုပ်လုပ်လို့ပဲဖြစ်ဖြစ် ၊ ပူလို့ပဲဖြစ်ဖြစ် ဆံပင်စည်းလိုက်တဲ့အခါ သူတို့မျက်စိထဲ ချစ်စရာကောင်းတယ်လို့မြင်ကြပါတယ်။

(2) နှာခေါင်းရှုံ့တာ

တစ်ခုခုကို အာရုံစိုက်နေတဲ့အခါမျိုး၊ စကားပြောတဲ့အခါမျိုးတွေမှာ နှာခေါင်းလေးရှုံ့သွားတဲ့ မိန်းကလေးတွေရဲ့ အပြုအမူကိုလည်း အရမ်းချစ်စရာကောင်းလို့ နှစ်သက်ကြပါတယ်တဲ့

(3) Hoodie ဌားဝတ္တာ

အေးတဲ့အခါမျိုးမှာ Hoodie ဌားဝတ်တာ၊ အနွေးထည်ဌားဝတ်ထားတဲ့ ပုံစံမျိုးလေးတွေကိုလည်း သဘောကျကြပါတယ်

အင်္ကျီ ပွပွလေးနဲ့ လက်လေးတွေဖုံးပြီး မမြင်ရတဲ့ ပုံစံလေးက အရမ်းကိုချစ်စရာကောင်းနေတတ်လို့ပါတဲ့။

(4) ပခုံးပေါ်မှီတာ

လက်မောင်းလေးကိုင်ပြီး သူတို့ပခုံးပေါ် ခေါင်းမှီလိုက်တဲ့အချိန်မျိုးဆို အရမ်းနှစ်သက်ပြီး ရင်ခုန်ကြပါတယ်။

လမ်းလျာက်ရင်း ဒီလိုအပြုအမူလေးတွေ ပြုလုပ်ပြီဆိုရင် ချစ်စိတ်တွေပါ ပိုတိုးလာပါတယ်တဲ့

(5) ဆံပင်သပ္တာ

ရှေ့ဆံပင်လေးကျနေတဲ့အခါ လေနဲ့မှုတ်ပြီးဆော့တာလေးတွေ ၊ ဆံပင်သပ်တာလေးတွေကိုလည်း သဘောကျကြပါတယ်။(6) လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာ

နှစ်ယောက်လက်တွဲသွားတဲ့အခါ ယောက်ျားလေးတွေက သူတို့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာတဲ့ ပုံစံမျိုးကို ပိုသဘောကျကြတယ်လို့ ဖွင့်ဟထားပါတယ်။

နွေးထွေးမှုကိုခံစားရပြီး သူတို့အနေနဲ့ ကာကွယ်စောင့်ရှောက်ပေးရမယ့် ခံစားချက်မျိုးဝင်မိစေလို့ပါ။

(7) တစ်ခြားသူတွေအပေါ် ဂရုစိုက်တဲ့အခါယောကျာ်းလေးတွေက ယဉ်ကျေးပြီး ကြင်နာတတ်တဲ့ မိန်းကလေးပုံစံမျိုးကို ပိုနှစ်သက်ကြပါတယ်

သူတို့ရှေ့မာ လူကြီးသူမတွေကို ကူညီပေးတာ ၊ ကလေးလေးတွေကို ချီလိုက်တာ စတဲ့အပြုအမူလေးတွေက အရမ်းကိုရင်ခုန်စေပါတယ်တဲ့

(8) ခြေထောက် တင်ပြီးထိုင်တာ

အတူတူထိုင်နေတဲ့အချိန်မှာ ချစ်သူမိန်းကလေးက သူတို့ပေါင်ပေါ် ခြေတစ်ဖက်တင်ပြီး ထိုင်တာမျိုးကိုလည်း ကြိုက်ကြပါတယ်။ပိုပြီး ရင်းနှီးတဲ့ ခံစားမှုမျိုးနဲ့ အသဲယားဖို့လည်းကောင်းပါတယ်တဲ့။

AuntyMay

Credit

Zawgyi

ပုရိသတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊ အသဲအယားဆုံး ပျိုပျိုမေတို့ရဲ့ အပြုအမူများ

ယောက်ျားလေးတွေရဲ့စိတ်ကတော့ နားလည်ရခက်ပါတယ်သူတို့ ကြိုက်တာ မကြိုက်တာတွေကို သိပ်ထုတ်ပြောကြလေ့မရှိသလို မိန်းကလေးတွေနဲ့ပတ်သတ်ရင်လည်း သိုသိပ်တတ်ကြပါတယ်။

သူ့ဘက်ကကိုယ့်ကိုသဘောကျနေလား ၊ ကိုယ့်ရဲ့အပြုအမူတွေကရော မှားနေလားဆိုပြီး တွေဝေနေတဲ့ မိန်းကလေးတွေအတွက်၊ယောက်ျားလေးတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊အသဲအယားဆုံး မိန်းကလေးတွေရဲ့အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) ဆံပင်မြင့်မြင့် စည်းတာ

ယောကျာ်းလေးတွေက သူတို့ရှေ့မာ မိန်းကလေးတွေ ဆံပင်စည်းလိုက်တဲ့ပုံစံကို နှစ်သက်ကြပါတယ်တဲ့။အိမ်အလုပ်လုပ်လို့ပဲဖြစ်ဖြစ် ၊ ပူလို့ပဲဖြစ်ဖြစ် ဆံပင်စည်းလိုက်တဲ့အခါ သူတို့မျက်စိထဲ ချစ်စရာကောင်းတယ်လို့မြင်ကြပါတယ်။

(2) နှာခေါင်းရှုံ့တာ

တစ်ခုခုကို အာရုံစိုက်နေတဲ့အခါမျိုး၊ စကားပြောတဲ့အခါမျိုးတွေမှာ နှာခေါင်းလေးရှုံ့သွားတဲ့ မိန်းကလေးတွေရဲ့ အပြုအမူကိုလည်း အရမ်းချစ်စရာကောင်းလို့ နှစ်သက်ကြပါတယ်တဲ့(3) Hoodie ဌားဝတ္တာ

အေးတဲ့အခါမျိုးမှာ Hoodie ဌားဝတ်တာ၊ အနွေးထည်ဌားဝတ်ထားတဲ့ ပုံစံမျိုးလေးတွေကိုလည်း သဘောကျကြပါတယ်

အင်္ကျီ ပွပွလေးနဲ့ လက်လေးတွေဖုံးပြီး မမြင်ရတဲ့ ပုံစံလေးက အရမ်းကိုချစ်စရာကောင်းနေတတ်လို့ပါတဲ့။(4) ပခုံးပေါ်မှီတာ