တင်ဘေးဘက် ချိုင့်သူတွေအတွက် လွယ်ကူတဲ့ လေ့ကျင့်ခန်း (၅) ခု
၁။ Fire Hydrant
လက်ထောက်ကာ ဒူးကွေးထားရပါမယ်။
ပြီးနောက် ညာဘက်တင်ကို အပေါ်ဘက် မြှောက်ပေးရပါမယ်။
ညာ ၃၀ ဘယ် ၃၀ လုပ်ပေးရပါမယ်။
၂။ Leg Circle
ခြေတစ်ဘက်ကို အောက်ဘက်ထားကာ ကျန်တစ်ဘက်ကို ဆန့်ကာ ရှေ့နောက် ဝိုက်ပေးရပါမယ်။
တစ်ဘက်ဆီကို အခါ ၂၀ လုပ်ရပါမယ်။
၃။ Squat with leg lift
ထိုင်ထနဲ့ ခြေထောက်ဘေးဘက်ဆန့်တာကို တစ်ခါတည်း လုပ်ပေးရပါမယ်။
ထိုင်ပြီးနောက် ပြန်ထတဲ့အခါ ဘယ်ခြေထောက်ကို ဘေးဘက် ဆန့်ရပါမယ်။
ပြီးနောက် ပြန်ထိုင်ရပါမယ်။
ဒီတစ်ခေါက် ထိုင်ပြီးရင်တော့ ပြန်ထတဲ့အခါ ညာဘက် ခြေ ဆန့်ပေးရပါမယ်။
ဒါကို အခါ ၃၀ လုပ်ပေးရပါမယ်။
၎။ Squat Pick up
ပုံထဲကလို ထိုင်လိုက်ပြီးနောက် ဘယ်ခြေထောက်ကို ဘယ်ဘက် မ ပေးရပါမယ်။
ဘယ်မပြီးနောက် ထိုင်လျက်နဲ့ပဲ ညာခြေထောက်ကို အပေါ် မပေးရပါမယ်။
ဒါကို အခါ ၃၀ လုပ်ရပါမယ်။
၅။ Side Leg Lifts
မတ်တပ်ရပ်ကာ ဘယ်ခြေထောက်ကို ဘယ်ဘက် မြှင့်ပေးရပါမယ်။
ညာဘက်ကိုလည်း ဒီပုံစံအတိုင်း အခါ ၃၀ လုပ်ရပါမယ်။
By MyStyle Myanmar
UNICODE