အချစ်ရေး

ဖောက်ပြန်တတ်တဲ့ သူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက်(၅)မျိုး

လူတစ်ယောက်ဟာ သစ္စာရှိမယ့်သူလား၊ သစ္စာမရှိလိမ်ညာတတ်တဲ့သူလားဆိုတာ သူ့ရဲ့ အပြုအမူ၊ အပြောအဆိုတွေကို ကြည့်ရုံနဲ့ ခန့်မှန်းလို့ရပါတယ်

သစ္စာမရှိတဲ့သူအများစုမှာ အခုလို လက္ခဏာတွေကို သိသိသာသာတွေ့မြင်နိုင်ပါတယ်

(၁) ကိုယ့်ဖို့ပဲကြည့်တတ်တဲ့အတ္တသမားဖြစ်နေခြင်း

သစ္စာမရှိတဲ့သူအများစုဟာ ကိုယ်တစ်ယောက်အတွက်ပဲကြည့်တတ်ပြီး သူများဘက်ကိုလုံးဝထည့်မစဉ်းစားတတ်တဲ့ အတ္တကြီးသူတွေဖြစ်ပါတယ်

ကိုယ့်ဖို့ပဲကြည့်လွန်းပြီး သူများဘက်ကိုမကြည့်ပေး၊မတွေးပေးတတ်တော့သစ္စာဖောက်ဖို့လည်း ဝန်မလေးတော့ပါဘူး

(၂) ကိုယ့်ချစ်သူ၊ လက်တွဲဖော်ကို မလေးစားတတ်ခြင်း

ချစ်သူတွေ၊လက်တွဲဖော်တွေအချင်းချင်း အပြန်အလှန်လေးစားတတ်ဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်

ချစ်သူ၊ အိမ်ထောင်ဖက်ကို မလေးစားတဲ့သူတွေဟာ သစ္စာဖောက်ဖို့ဝန်မလေးသူတွေဖြစ်ပါတယ်

(၃) လျှို့ဝှက်ချက်တွေ များလွန်းခြင်း

လက်တွဲဖော်တွေဟာတစ်ယောက်နဲ့ တစ်ယောက် လျှို့ဝှက်ချက်တွေထားလွန်းတာဟာ မကောင်းတဲ့အကျိုးဆက်ကိုပဲဖြစ်စေပါတယ်

ကိုယ်ပိုင်လွတ်လပ်ခွင့်အရ မဖြစ်မနေလျှို့ဝှက်ထားတဲ့အရာတချို့ကလွဲပြီး မိသားစုနဲ့ပတ်သက်တာ နှစ်ယောက်လုံးနဲ့ပတ်သက်တာတွေကို အချင်းချင်းပွင့်လင်းဖို့လိုပါတယ်

စိတ်ပညာရှင်တွေရဲ့ သုတေသနတွေအရ လျှို့ဝှက်ချက်တွေများလွန်းတဲ့သူတွေဟာ

ဖောက်ပြန်သူဖြစ်ဖို့ အခွင့်အလမ်းများတဲ့သူတွေဖြစ်တယ်ဆိုတာ သိနိုင်ပါတယ် Crd