ကိုယ်အရမ်း ချစ်ရတဲ့သူကိုဆုံးရှုံးရမှာကြောက်နေလား မကြောက်ပါနဲ့
ထိုက်တန်ရင် ရောက်လာမှာပါ

ခင်များသာ အကောင်းဆုံးထိုက်တန်သူဖြစ်ပါစေ
ခင်များဆီ ရောက်လာမှာပါ။
အချစ်ဆိုတာ
ဘာဘဲဖြစ်ဖြစ် ဘယ်အရာဘဲနေနေ
ခင်များဘယ်လောက်ဘဲ ပေးဆပ်ပေးဆပ်
ဘယ်လောက်ဘဲ နားလည်ပေးပေး
ဘယ်လောက်ဘဲ ဘဝတစ်ခုလုံးကြီး
စုတ်ပြတ်သတ်အောင် ချစ်ခဲ့ချစ်ခဲ့
ကိုယ့်ရဲ့ချစ်ခြင်းနဲ့ ထိုက်တန်မှသာ
ကိုယ့်ရဲ့အနားမှာ အချစ်ဆိုတဲ့အရာက
ထာဝရရှိနေမှာပါ။

‘ကိုယ်အရမ်းတန်ဖိုးထားရတဲ့သူက’
ကိုယ့်ရဲ့အနားကနေ ရှင်ကွဲ ကွဲထားခဲ့မှာကို
ကြောက်နေလား … မကြောက်ပါနဲ့ … ၊
အရမ်းကြီးမျှော်လင့်ထားရင် အများကြီး
နာကျင်ခံစားရတတ်ပြီး … ၊
ခင်များနဲ့ ထိုက်တန်တဲ့သူဆိုရင် ခင်များက
မောင်းထုတ်ရင်တောင် ခင်များရဲ့အနားက
ထွက်သွားမှာ မဟုတ်ဘူးလေ၊
တစ်ချို့သော အရာတွေရဲ့အပေါ်မှာ
မျှော်လင့်ချက် သိပ်မထားပါနဲ့ … ။

ဘာလို့လည်းဆိုတော့ ကိုယ် မျှော်လင့်တဲ့အတိုင်း
ဖြစ်မလာတာရှိတတ်သလို တစ်ကယ်ထိုက်တန်ပြီ
ဆိုရင် မျှော်လင့်မထားလဲ ဘယ်လောက်ဝေးဝေး
ကိုယ့်ဆီရောက်လာမှာ သေချာပါတယ်။
မျှော်လင့်ချက်ဆိုတာက လူတစ်ယောက်အတွက်
အသက်ဖြစ်တယ်လို့ ဆိုပေမယ့် မဖြစ်နိုင်တာကို
မျှော်လင့်မိရင်လည်း အသက်ပါမက “ဘဝကြီး”
တစ်ခုလုံးပါ စုတ်ပြတ်သတ်သွားနိုင်ပါတယ် … ။
တစ်ချို့သော အရာတွေက လိုက်နေရင်
ပိုဝေးတတ်ပြီး မလိုချင်တော့မှ ကိုယ့်ဆီ
ရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်၊
အရာအားလုံးရဲ့အေပ်ါမွာ …
သင့်တင့်သောမျှော်လင့်ချက် ထားနိုင်မှမဖြစ်နိုင်တဲ့
အခါ ဖြေသိမ့်လို့ရပြီး အေးချမ်းပါလိမ့်မယ် … ။
ချစ်ခြင်းမေတ္တာဆိုတာ …
များများပေးလေ တန်ဖိုးကျလေမဟုတ်ပါဘူး၊
များများပေးလေ ကိုယ်နဲ့ ထိုက်တန်သူ
ဟုတ် ၊ မဟုတ်ကို မြန်မြန်သိရလေပါပဲ

” နေမင်းကြီးနဲ့ လွဲလို့ငိုမနေပါနဲ့လမင်းကြီးကို စောင့်လိုက်ပါ ”
Credit:padaethar
************
Unicode

ကိုယ်အရမ်း ချစ်ရတဲ့သူကိုဆုံးရှုံးရမှာကြောက်နေလား မကြောက်ပါနဲ့
ထိုက်တန်ရင် ရောက်လာမှာပါ
ခင်များသာ အကောင်းဆုံးထိုက်တန်သူဖြစ်ပါစေ
ခင်များဆီ ရောက်လာမှာပါ။
အချစ်ဆိုတာ …
ဘာဘဲဖြစ်ဖြစ် ဘယ်အရာဘဲနေနေ
ခင်များဘယ်လောက်ဘဲ ပေးဆပ်ပေးဆပ်
ဘယ်လောက်ဘဲ နားလည်ပေးပေး
ဘယ်လောက်ဘဲ ဘဝတစ်ခုလုံးကြီး
စုတ်ပြတ်သတ်အောင် ချစ်ခဲ့ချစ်ခဲ့
ကိုယ့်ရဲ့ချစ်ခြင်းနဲ့ ထိုက်တန်မှသာ
ကိုယ့်ရဲ့အနားမှာ အချစ်ဆိုတဲ့အရာက
ထာဝရရှိနေမှာပါ။
‘ကိုယ်အရမ်းတန်ဖိုးထားရတဲ့သူက’
ကိုယ့်ရဲ့အနားကနေ ရှင်ကွဲ ကွဲထားခဲ့မှာကို
ကြောက်နေလား … မကြောက်ပါနဲ့ … ၊
အရမ်းကြီးမျှော်လင့်ထားရင် အများကြီး
နာကျင်ခံစားရတတ်ပြီး … ၊

ခင်များနဲ့ ထိုက်တန်တဲ့သူဆိုရင် ခင်များက
မောင်းထုတ်ရင်တောင် ခင်များရဲ့အနားက
ထွက်သွားမှာ မဟုတ်ဘူးလေ၊
တစ်ချို့သော အရာတွေရဲ့အပေါ်မှာ
မျှော်လင့်ချက် သိပ်မထားပါနဲ့ … ။
ဘာလို့လည်းဆိုတော့ ကိုယ် မျှော်လင့်တဲ့အတိုင်း
ဖြစ်မလာတာရှိတတ်သလို တစ်ကယ်ထိုက်တန်ပြီ
ဆိုရင် မျှော်လင့်မထားလဲ ဘယ်လောက်ဝေးဝေး
ကိုယ့်ဆီရောက်လာမှာ သေချာပါတယ်။
မျှော်လင့်ချက်ဆိုတာက လူတစ်ယောက်အတွက်
အသက်ဖြစ်တယ်လို့ ဆိုပေမယ့် မဖြစ်နိုင်တာကို
မျှော်လင့်မိရင်လည်း အသက်ပါမက “ဘဝကြီး”
တစ်ခုလုံးပါ စုတ်ပြတ်သတ်သွားနိုင်ပါတယ် … ။
တစ်ချို့သော အရာတွေက လိုက်နေရင်
ပိုဝေးတတ်ပြီး မလိုချင်တော့မှ ကိုယ့်ဆီ
ရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်၊
အရာအားလုံးရဲ့အပေါ်မှာ …
သင့်တင့်သောမျှော်လင့်ချက် ထားနိုင်မှမဖြစ်နိုင်တဲ့
အခါ ဖြေသိမ့်လို့ရပြီး အေးချမ်းပါလိမ့်မယ် … ။
ချစ်ခြင်းမေတ္တာဆိုတာ …
များများပေးလေ တန်ဖိုးကျလေမဟုတ်ပါဘူး၊
များများပေးလေ ကိုယ်နဲ့ ထိုက်တန်သူ
ဟုတ် ၊ မဟုတ်ကို မြန်မြန်သိရလေပါပဲ
” နေမင်းကြီးနဲ့ လွဲလို့ငိုမနေပါနဲ့လမင်းကြီးကို စောင့်လိုက်ပါ ”
Credit:padaethar



