တစ်ယောက်တည်း ပျော်အောင်နေနေရတဲ့ ခံစားချက်ကို အထီးကျန်ဖူးမှပဲ သိမယ်
တစ်ယောက်တည်း
ပျော်အောင်နေနေရတဲ့ ခံစားချက်ကို
အထီးကျန်ဖူးမှပဲ သိမယ်
ဘာမှမဖြစ်ခဲ့သလိုနဲ့
ရူးချင်ယောင်ဆောင်ရတဲ့ နေ့ရက်တွေကို
ကိုယ်ကိုတိုင် ဟန်ဆောင်ခဲ့ဖူးပဲမှသိမယ်
ကိုယ်ကိုတိုင်ချည်ခဲ့ပေးဖူးမှ
ကိုယ်ကိုတိုင် ဖြည်တဲ့ကြိုးက ဘယ်လောက်
နာကျင်ရမလဲဆိုတာ သိမယ်
ကိုယ်တိုင် ကျန်ရစ်ဖြစ်ရမှ
လက်ပြနှုတ်ဆက်ရတာဟာ
ဘယ်လောက်ခက်ခဲလဲဆိုတာ ကိုယ်ချင်းစာနိုင်မယ်
အဆင်ပြေပါတယ် လို့
ကိုယ့်ကိုကိုယ်ဖြေသိမ့်ရတာလောက်
ဘယ္အရာကမြ ပိုမခကၡဲႏိုင္သလို
ဘာလို့ တစ်ယောက်တည်း မနေနိုင်ရမှာလည်းလို့
ကိုယ့်ကိုကိုယ် အားပေးရတာလောက်
ဘယ်အရာကမှ ပိုမသိမ်ငယ်နိုင်တော့ဘူး
တကယ်တမ်းကျ
ထားသွားနိုင်သူမှာလည်း
အကြောင်းပြချက် အစုံအစီနဲ့
ကျန်ခဲ့သူရင်မှာလည်း
ဒဏ်ရာဒဏ်ချက်တွေက အစုံအညီနဲ့
ပတ်သက်ခဲ့မှုတိုင်းအတွက်
ဝဋ်ကြွေး တွေကလည်း ကိုယ်စီနဲ့
#ပုံရိပ်စစ်
Credit
Unicode
တစ်ယောက်တည်း ပျော်အောင်နေနေရတဲ့ ခံစားချက်ကို အထီးကျန်ဖူးမှပဲ သိမယ်
တစ်ယောက်တည်း
ပျော်အောင်နေနေရတဲ့ ခံစားချက်ကို
အထီးကျန်ဖူးမှပဲ သိမယ်
ဘာမှမဖြစ်ခဲ့သလိုနဲ့
ရူးချင်ယောင်ဆောင်ရတဲ့ နေ့ရက်တွေကို
ကိုယ်ကိုတိုင် ဟန်ဆောင်ခဲ့ဖူးပဲမှသိမယ်
ကိုယ်ကိုတိုင်ချည်ခဲ့ပေးဖူးမှ
ကိုယ်ကိုတိုင် ဖြည်တဲ့ကြိုးက ဘယ်လောက်
နာကျင်ရမလဲဆိုတာ သိမယ်
ကိုယ်တိုင် ကျန်ရစ်ဖြစ်ရမှ
လက်ပြနှုတ်ဆက်ရတာဟာ
ဘယ်လောက်ခက်ခဲလဲဆိုတာ ကိုယ်ချင်းစာနိုင်မယ်
အဆင်ပြေပါတယ် လို့
ကိုယ့်ကိုကိုယ်ဖြေသိမ့်ရတာလောက်
ဘယ်အရာကမွ ပိုမခက္ခဲနိုင်သလို
ဘာလို့ တစ်ယောက်တည်း မနေနိုင်ရမှာလည်းလို့
ကိုယ့်ကိုကိုယ် အားပေးရတာလောက်
ဘယ်အရာကမှ ပိုမသိမ်ငယ်နိုင်တော့ဘူး
တကယ်တမ်းကျ
ထားသွားနိုင်သူမှာလည်း
အကြောင်းပြချက် အစုံအစီနဲ့
ကျန်ခဲ့သူရင်မှာလည်း
ဒဏ်ရာဒဏ်ချက်တွေက အစုံအညီနဲ့
ပတ်သက်ခဲ့မှုတိုင်းအတွက်
ဝဋ်ကြွေး တွေကလည်း ကိုယ်စီနဲ့
#ပုံရိပ်စစ်
Credit



