” မိန်းကလေး တိုင်း ဖတ်ဖို့ ”
ယောကျ်ားတစ်ယောက် ထား သွားခံရလို့…… မိန်ကလေး တစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး။
အဲ့ဒီ ယောကျ်ားကို ချစ်နေသေး တဲ့…… စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ။
မိန်းကလေးတစ်ယောက် အယုံကြည် လွယ်တယ်……ခံစားရလွယ်တယ် အားနာလွယ်တယ်……
အစွဲလမ်းကြီးတတ်တယ် ဆိုရင် နောင်တတွေနဲ့…… အလိမ်အညာတွေပဲ ခဏခဏ ခံနေရမှာပေါ့။
ဖောက်ပြန်တတ်တဲ့ ယောကျ်ား တစ်ယောက်ကို…… ဘယ်တော့မှ ခွင့်လွှတ်ပြီး ရှေ့ဆက်လက်မတွဲပါနဲ့။
အနေနီးမှုကို မလွန်ဆန်နိုင်ပဲ ဖောက်ပြန် တာဟာ…… အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး။
မွေးရာပါ ဆင်ခြင်တုံတရား အားနည်းတာ.……စာရိတ္တ သက်လုံ မကောင်းခဲ့တာပါ။
ပြောချင်တာက……ဆန္ဒ နဲ့ သိက္ခာကို ရွေးချယ်ရတဲ့အခါ……သိက္ခာကိုသာ ဦးစားပေးပါ။
လိုချင်တာနဲ့လိုအပ်တာကို ရွေးချယ် တဲ့အခါ……လိုအပ်တာကိုသာ ဦးစားပေးပါ။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တဲ့အခါ…… ဖြစ်သင့်တာ ကိုသာ ဦးစားပေးပါ။
လက်တလော အဆင်မပြေဘူး ထင်ရပေမယ့်……နောင်တချိန် နောင်တ ကင်းလိမ့်မယ် ဆိုတာ……သိလာ ပါလိမ့်မယ်။
ကိုယ့်ကစပြီး ခွင့်လွှတ်ပေးတတ်တဲ့ သူဟာ……ဘဝမှာ စိတ်ဓာတ်အခိုင်မာဆုံးသူ။
ကိုယ်ကစပြီး တောင်းပန်တတ်တဲ့ သူဟာ……ဘဝမှာ အရဲရင့်ဆုံးသူ။
ကိုယ်ကစပြီး မေ့နိုင်တဲ့သူကတော့…… ဘဝမှာ အပျော်ရွှင် ရဆုံးသူပဲပေါ့။
နောက်ဆုံး မှာလိုက် ပါရစေ..… မိန်းကလေးဆိုတာ စကားနည်းပြီး ယဉ်ကျေး ရမယ်……
အလှထက် ဘဝအတွက်ပဲ ဦးစားပေး တတ်ရမယ်…… ဂုဏ်သိက္ခာကိုတော့ အသက်ထက်တန်ဖိုးထားပါ။
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေဟာ ကိုယ့်ဘဝထဲက……အလိုလို ထွက်ခွာသွား ပါလိမ့်မယ်…။
ထိုက်တန်မှု ရှိတဲ့ မိဖုရားအတွက်……ပလ္လင်ဟာ ရှိပြီးသားပါ။
Thi Ha