မိန္းကေလးေတြမွ မဟုတ္ပါဘူး။ ေယာက်္ားေလးေတြလည္း အရမ္းကို မာယာၾကြယ္တတ္ၾကပါတယ္။ မိန္းကေလးတစ္ေယာက္ကုိ တကယ္မခ်စ္ပဲ အပ်င္းေျပသေဘာမ်ိဳး ကစားတတ္ၾကပါတယ္။
ဒါကို မိန္းကေလးဖက္က မသိတဲ့အခါ ကိုယ့္ကိုတကယ္ပဲ ခ်စ္သလိုလို၊ ဟိုလိုလို ဒီလိုလိုနဲ႔ မေသခ်ာမေရရာႀကီး ဆန္႔ငင္ဆန္႔ငင္ ခံစားရတတ္ၾကပါတယ္။ တကယ္လို႔ သင္နဲ႔ပတ္သက္တဲ့ ေယာက်္ားေလးမွာ ဒီလိုအခ်က္ေတြရွိေနရင္ေတာ့ အခ်ိန္ကုန္ခံ မေနပါနဲ႔။ သင့္ကို ကစားေနတာပါ။
(၁) ပံုမွန္အဆက္အသြယ္မလုပ္ဘူး
သင့္ကို တကယ္ခ်စ္တဲ့ ေယာက်္ားေလးတစ္ေယာက္က သင့္ကို ဖုန္းဆက္တာေတြ၊ စာပို႔တာေတြ၊ chatting ေတြ ေန႔တိုင္း လုပ္မွာပါ။
ဒီလိုမွမဟုတ္ဘဲ စိတ္ပါတဲ့အခ်ိန္က်ရင္ အသည္းအသန္လြမ္းျပၿပီး စိတ္မပါရင္ အဖက္ေတာင္ မလုပ္ဘဲ (၃၊ ၄) ရက္ေလာက္ အဆက္အသြယ္ မလုပ္ဘူးဆိုရင္ေတာ့ ေသခ်ာပါတယ္၊ သင့္ကို အပ်င္းေျပ႐ံု ကစားေနတဲ့သူပါ။ ဒီလိုလူမ်ိဳးရဲ႕ ေတာ္ကီေတြမွာ မေမ်ာမိပါေစနဲ႔။
(၂) မိန္းကေလးေတြနဲ႔ တ႐ုန္း႐ုန္း ေနတယ္
သင့္ကို တကယ္ခ်စ္တဲ့သူဟာ အထူးသျဖင့္ မိန္းကေလးကိစၥေတြမွာ သင္ အထင္လြဲမွာကို အရမး္စိုးရိမ္ပါတယ္
ဒါေၾကာင့္ အထင္လြဲေစႏိုင္တဲ့ အျပဳအမူေတြကို သူေရွာင္မွာပါ။ ဒီလိုမွမဟုတ္ဘဲ သင့္အေရွ႕မွာေရာ၊ ေနာက္ကြယ္မွာေရာ သင့္အျပင္ တျခားမိန္းကေလးေတြနဲ႔ တ႐ုန္း႐ုန္းနဲ႔အၿမဲေနတတ္တယ္ ဆိုရင္ေတာ႔ အဲဒီ့မိန္းကေလးေတြဟာလည္း သင့္လိုပဲ သူကစားေနတဲ့သူေတြ ျဖစ္ႏိုင္ပါတယ္။
(၃) ထူးျခားတဲ့ ဆက္ဆံမႈမ်ိဳးမရွိဘူး
သင့္ကို ဖုန္းထဲ၊ chatting ထဲမွာ အသည္းအသန္ေၾကြျပေနေပမယ့္ တကယ္အျပင္ေရာက္လို႔ လူေတြေရွ႕မွာ သင့္ကို ထူးထူးျခားျခား ဆက္ဆံမႈမ်ိဳးမလုပ္တာ၊ သူလိုငါလိုပဲ ပံုမွန္ဆက္ဆံတာ၊ သင့္အနားမွာလည္း ရွိမေနတာမ်ိဳးဆိုရင္ေတာ့ သင္သိလိုက္ပါေတာ့၊ သင့္ကိုသူကစားေနတာပါ။
သင့္ကိုတကယ္ခ်စ္တဲ့သူက သင္နဲ႔အတူ ရွိမေနရင္ေတာင္ သင့္အနားမွာပဲ တဝဲလည္လည္လုပ္ေနမွာပါ။
(၄) သူ႔သူငယ္ခ်င္းေတြနဲ႔သင့္ကုိမိတ္မဆက္ေပးဖူးဘူး
သင့္ကိုတကယ္ခ်စ္တဲ့ ေယာက်္ားေလးဟာ သူ႔သူငယ္ခ်င္းေတြနဲ႔ သင့္ကို မိတ္ဆက္ေပးမွာပါ။ အေၾကာင္းကေတာ့ သင့္ကုိ လက္တြဲဖို႔ ရည္ရြယ္ထားၿပီး သင့္ကို သူတကယ္အတည္ႀကံေၾကာင္း ေဖာ္ျပခ်င္လို႔ပါ။ ဒီလိုမွမဟုတ္ပဲ သင့္ကိုခ်စ္သလုိလုိလည္းေျပာေသး သူ႔သူငယ္ခ်င္းေတြနဲ႔ သင့္ကိုတစ္ခါမွ မိတ္မဆက္ေပးဖူးရင္ေတာ့ သင့္ကို သူကစားေနတာပါ။
(၅) သင္ေျပာတာေတြကိုမမွတ္မိဘူး
သင့္ကုိ တကယ္ခ်စ္တဲ့သူဟာ သင္အမွတ္တမဲ့ေျပာလုိက္တဲ့ စကားေလးေတြကအစ စြဲစြဲၿမဲၿမဲ မွတ္ထားတတ္ၾကပါတယ္။ အေၾကာင္းကေတာ့ သင့္ကိုတန္ဖိုးထားလို႔ပါ။ တကယ္လို႔ သင့္ကိုခ်စ္တယ္လည္းေျပာေသး၊ သင္ေျပာထားတာေတြကိုလည္း ေမ့ေနတယ္၊ သင္ေလးေ
လးနက္နက္ ေျပာခဲ့တဲ့ စကားေတြကိုေတာင္ ေမ့ေနတတ္တယ္ဆိုရင္ေတာ့ သင့္ကုိ သူကစား႐ံု ကစားေနတယ္ဆိုတာ သေဘာေပါက္သင့္ပါၿပီေနာ္။
Em Em(Auntymay)
————————
မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ယောကျ်ားလေးတွေလည်း အရမ်းကို မာယာကြွယ်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ကို တကယ်မချစ်ပဲ အပျင်းပြေသဘောမျိုး ကစားတတ်ကြပါတယ်။
ဒါကို မိန်းကလေးဖက်က မသိတဲ့အခါ ကိုယ့်ကိုတကယ်ပဲ ချစ်သလိုလို၊ ဟိုလိုလို ဒီလိုလိုနဲ့ မသေချာမရေရာကြီး ဆန့်ငင်ဆန့်ငင် ခံစားရတတ်ကြပါတယ်။ တကယ်လို့ သင်နဲ့ပတ်သက်တဲ့ ယောကျ်ားလေးမှာ ဒီလိုအချက်တွေရှိနေရင်တော့ အချိန်ကုန်ခံ မနေပါနဲ့။ သင့်ကို ကစားနေတာပါ။
(၁) ပုံမှန်အဆက်အသွယ်မလုပ်ဘူး
သင့်ကို တကယ်ချစ်တဲ့ ယောကျ်ားလေးတစ်ယောက်က သင့်ကို ဖုန်းဆက်တာတွေ၊ စာပို့တာတွေ၊ chatting တွေ နေ့တိုင်း လုပ်မှာပါ။
ဒီလိုမှမဟုတ်ဘဲ စိတ်ပါတဲ့အချိန်ကျရင် အသည်းအသန်လွမ်းပြပြီး စိတ်မပါရင် အဖက်တောင် မလုပ်ဘဲ (၃၊ ၄) ရက်လောက် အဆက်အသွယ် မလုပ်ဘူးဆိုရင်တော့ သေချာပါတယ်၊ သင့်ကို အပျင်းပြေရုံ ကစားနေတဲ့သူပါ။ ဒီလိုလူမျိုးရဲ့ တော်ကီတွေမှာ မမျောမိပါစေနဲ့။
(၂) မိန်းကလေးတွေနဲ့ တရုန်းရုန်း နေတယ်
သင့်ကို တကယ်ချစ်တဲ့သူဟာ အထူးသဖြင့် မိန်းကလေးကိစ္စတွေမှာ သင် အထင်လွဲမှာကို အရမး်စိုးရိမ်ပါတယ်။
ဒါကြောင့် အထင်လွဲစေနိုင်တဲ့ အပြုအမူတွေကို သူရှောင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သင့်အရှေ့မှာရော၊ နောက်ကွယ်မှာရော သင့်အပြင် တခြားမိန်းကလေးတွေနဲ့ တရုန်းရုန်းနဲ့အမြဲနေတတ်တယ် ဆိုရင်တော့ အဲဒီ့မိန်းကလေးတွေဟာလည်း သင့်လိုပဲ သူကစားနေတဲ့သူတွေ ဖြစ်နိုင်ပါတယ်။
(၃) ထူးခြားတဲ့ ဆက်ဆံမှုမျိုးမရှိဘူး
သင့်ကို ဖုန်းထဲ၊ chatting ထဲမှာ အသည်းအသန်ကြွေပြနေပေမယ့် တကယ်အပြင်ရောက်လို့ လူတွေရှေ့မှာ သင့်ကို ထူးထူးခြားခြား ဆက်ဆံမှုမျိုးမလုပ်တာ၊ သူလိုငါလိုပဲ ပုံမှန်ဆက်ဆံတာ၊ သင့်အနားမှာလည်း ရှိမနေတာမျိုးဆိုရင်တော့ သင်သိလိုက်ပါတော့၊ သင့်ကိုသူကစားနေတာပါ။
သင့်ကိုတကယ်ချစ်တဲ့သူက သင်နဲ့အတူ ရှိမနေရင်တောင် သင့်အနားမှာပဲ တဝဲလည်လည်လုပ်နေမှာပါ
(၄) သူ့သူငယ်ချင်းတွေနဲ့သင့်ကိုမိတ်မဆက်ပေးဖူးဘူး
သင့်ကိုတကယ်ချစ်တဲ့ ယောကျ်ားလေးဟာ သူ့သူငယ်ချင်းတွေနဲ့ သင့်ကို မိတ်ဆက်ပေးမှာပါ။ အကြောင်းကတော့ သင့်ကို လက်တွဲဖို့ ရည်ရွယ်ထားပြီး သင့်ကို သူတကယ်အတည်ကြံကြောင်း ဖော်ပြချင်လို့ပါ။ ဒီလိုမှမဟုတ်ပဲ သင့်ကိုချစ်သလိုလိုလည်းပြောသေး သူ့သူငယ်ချင်းတွေနဲ့ သင့်ကိုတစ်ခါမှ မိတ်မဆက်ပေးဖူးရင်တော့ သင့်ကို သူကစားနေတာပါ။
(၅) သင်ပြောတာတွေကိုမမှတ်မိဘူး
သင့်ကို တကယ်ချစ်တဲ့သူဟာ သင်အမှတ်တမဲ့ပြောလိုက်တဲ့ စကားလေးတွေကအစ စွဲစွဲမြဲမြဲ မှတ်ထားတတ်ကြပါတယ်။ အကြောင်းကတော့ သင့်ကိုတန်ဖိုးထားလို့ပါ။ တကယ်လို့ သင့်ကိုချစ်တယ်လည်းပြောသေး၊ သင်ပြောထားတာတွေကိုလည်း မေ့နေတယ်၊ သင်လေးလေးနက်နက် ပြောခဲ့တဲ့ စကားတွေကိုတောင် မေ့နေတတ်တယ်ဆိုရင်တော့ သင့်ကို သူကစားရုံ ကစားနေတယ်ဆိုတာ သဘောပေါက်သင့်ပါပြီနော်။
Em Em(Auntymay)