အရက်ဆိုင်မှာ စားပွဲထိုးလုပ်ခဲ့ရပေမယ့် ဈေးကြီးတဲ့ အိပ်မက်ကို တည်ဆောက် နိုင်ခဲ့တဲ့ မြန်မာလူငယ်တစ်ဦး

ကျွန်တော် ငယ်ငယ်က အိမ်က အတော် ဆင်းရဲတယ်။ ကျွန် တော် ၄တန်း အောင်တော့ အိမ်က စားသောက်ဆိုင်ကလေး စဖွင့်တယ် ။ နယ် ဘက် ဖြစ်လို့ အစားအသောက်ထက် အရက်ဘီယာ ပိုရောင်းရတယ် ။ အဲ့တုန်းက ကျူ ရှင် မနေဘူး။ ဆိုင်မှာပဲ စားပွဲထိုးရတယ် ။
ညနေ ၅ နာရီဆို ဆိုင်ထဲ လူ စစည်ပြီ။ ရွာက အရက်သမားတွေ စစုနေလောက်ပြီလို့ ပြောလို့ရတယ် ။ ဆိုင်ထဲ တဖွဲဖွဲ ဝင်လိုက် ထွက်လိုက် ပါပဲ။ ဂရမ်း၊ rc၊ မန်း လေးရမ် ၊ ဟိုက်ကလက် ၊ မြန်မာ၊ မန်းလေး၊ ဘီယာချမ်း၊ မေမြို့ဝိုင် ၊ မန်ကျည်း၊ ကော်ဝီ အစုံပဲ ( မှတ်မိသလောက် )။ ဆိုင်မှာ စားပွဲထိုးရင်း ကျောင်းတက်ရင်း ပါပဲ။
နွေရာသီ ရောက်တော့ ရွာမှာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တယ် ။ အမေကပို့တော့ တက်ဖြစ်တယ် ။ အဲ့မှာပဲ ကျွန်တော် စ ခွဲခြားဆက်ဆံခံရတာပါပဲ။ ကျွန် တော် တို့ကို စာသင်ပေးတဲ့ ဦးဇင်းက ” မိစ္ဆာဇီဝ အသက် မွေးမှု လုပ်ငန်း ၅ မျိုး ” အကြောင်း စသင်တယ် ။ အဲ့မှာ အချက် ၅ ချက် ရှိတယ် ။

ဒါပေမဲ့ အရက်ရောင်းတာ မကောင်းဆိုးဝါး လုပ်ငန်းဖြစ်ကြောင်းကို တသီချင်း ကျွန်တော့်ကို တည့်တည့်ကြီး ကြည့်ပြီး ပြောတော့တာပါပဲ။ ကျွန်တော် မှတ်မိတယ်။ အဲ့ဦးဇင်းက စသင်ကတည်းက ကျွန်တော့်ကို စိုက်ကြည့် နေတာ။
အတန်းထဲက ကျောင်းသား၊ ကျောင်းသူ ကိုရင် သီလရှင် အကုန် ကျွန်တော့်ကို ရွှံ့ရှာတဲ့ အကြည့်နဲ့ ဝိုင်းကြည့်ကြတော့တာပဲ။ ကျွန်တော် အရမ်းရှက် မိတယ် ။
လူတွေ ကျွန်တော့်ကို သတိမထားမိတဲ့ အချိန် ကျွန်တော် မျက်ရည်ကျတော့တာပါပဲ။ အဲ့သည့်နေ့က ကျွန်တော့်ကို ဘယ်သူမှ စကား မပြော တော့။
ကျွန် တော်လည်း တစ်ယောက်တည်း ကြိတ် ငိုခဲ့တယ် ။ ညနေရောက်တော့ အရက်သမားတွေနဲ့ စကား ပြောရင်း ရယ်မိတာပါပဲ။ နောက်နေ့ ယဉ်ကျေးလိမ္မာသင်တန်း ရောက်တော့ ကျွန်တော့်ကို ဆရာမတစ်ချို့ ခွဲခြားဆက်ဆံတာပါပဲ။
ကွယ်ရာမှာ ကျွန်တော့်ကို ခေါ်တဲ့ နာမည်က “အရက်ဆိုင်က ကောင် ” တဲ့။ ဆရာမတွေ ဘာကြောင့် ကျွန်တော့်ကို ခွဲခြားဆက်ဆံမှန်း ကျွန်တော် နားမလည်ဘူး။
ကျွန်တော်က ဘာတွေများ အမှားလုပ်မိလို့လဲ။ ဘုမသိ ဘမသိ ကိုယ်နဲ့ တခါမှ မသိတဲ့ လူနှစ်ယောက် မွေးလို့ လူလာဖြစ်တယ် ။ သူတို့ကို အ ဖေ အမေလို့ ကျွန်တော် ခေါ်တယ် ။ သူတို့က ကျွန် တော့်ကို ချစ်သလို ကျွန်တော်လည်း သူတို့ကို ချစ်တယ်လေ။

သူတို့က ကျွန်တော့်ကို ကျောင်းထားတယ်။ ကျွန် တော်က လိမ်လိမ် မာမာ နေတယ် ။ စာကြိုးစားခဲ့တယ် ။ မိဘ အလုပ်ကို ဝိုင်းကူလုပ် ပေးခဲ့တာပါပဲ။ ဒီလိုနဲ့ ၅ တန်း တနှစ် ကုန်တယ် ။ နွေရာသီ ရောက်တယ် ။
နေ့လယ်ဆို အားနေတော့ ၇ တန်း ဆရာမတစ်ယောက်ဆီက ရေခဲချောင်း ယူရောင်းတယ် ။ တချောင်း လေးဆယ်နဲ့ယူ ငါးဆယ်နဲ့ ပြန် ရောင်းတာပါပဲ။
ဘာရယ်လို့ မသိဘူး။ အတန်းထဲက ကောင်မလေးတွေ ကျွန်တော်နဲ့ ရေခဲပုန်းကို မြင်တော့ ပြုံးစိစိ လုပ်သွားကြတယ်။ ကျွန် တော်ကတော့ ခက်တည်တည်ပါပဲ။
တနေ့ ကျွန်တော်က PCO ဖုန်းဆိုင် ဘေးမှာ ရေခဲချောင်း ရောင်းနေတာ။ အင်ဂျင်နီယာ တယောက် ကျွန်တော့် ရေခဲချောင်းကို ယူစားပြီး ပိုက်ဆံမပေးဘူး။ ကျွန်တော်လည်း ဇွတ်တောင်းတာပေါ့။ သူက စသလိုလိုနဲ့ ထွက်သွားတယ် ။
ကျွန် တော်က မရမက အင်္ကျီ လိုက်ဆွဲ တောင်းတော့မှ တွန်းလိုက်တယ် ။ ပြီးတော့မှ ဆဲဆိုပြီး ပိုက်ဆံ ပေးသွားတာ။ ဘယ်သူမှ ဒါကို ကောင်းကောင်း မမြင်ပါဘူး။

ပညာတတ်ပေမဲ့ လူတစ်ယောက်ကို စိတ်ဆင်းရဲအောင် လုပ်မှ ပျော်တဲ့သူ တွေရှိပါ့လားလို့ သင်ခန်းစာ ရလိုက်တယ် ။ ညနေရောက်တော့ ထုံးစံအတိုင်းပါပဲ ။ ဆိုင်မှာ စားပွဲထိုးရတာပါပဲ။ အဖေ့အမျိုးတွေက ကျွန်တော့်ကို နှိမ်တယ်ဗျ။
အရက်ခွက်ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ်လာမှာ မို့လို့လဲတဲ့။ အဲ့စကားကတော့ အသည်းနာတယ်ဗျ။ အမျိုးအရင်းကြီး စော် ကားလို့။ ၆တန်းကျတော့လည်း တူတူပါပဲ။ ကျောင်းပိတ်ရင် ရေခဲချောင်း ရောင်း ။
ညကျတော့ စားပွဲထိုး။ ၇တန်းတက် တော့လည်း အင်္ဂလိပ်စာသင်တဲ့ ဆရာက မင်းဘာမှ မတတ် ဘူး။ အဆင့်မရှိဘူးတဲ့။ အဲ့သည့်အချိန် က တော်တော်လေး ကြေကွဲသွားတယ် ။ ရွာကလာတဲ့ ကောင်ဆိုတော့ ရွာကျောင်းမှာ အင်္ဂလိပ်စာ ကောင်းကောင်း မသင်ခဲ့ရဘူ။
မြို့ရောက်တော့ ကျောင်းမှာ grammar မသင်ရတဲ့အပြင် အနှိမ်ခံတော့ ကြေကွဲမိတာပေါ့။ ဒါပေမဲ့ မငိုတော့ပါဘူး။ မရတာ ကိုယ်တစ် ယောက်ထဲမှ မဟုတ်တာ။ ဘေးရွာက ကောင်တွေလည်း ရတာမှ မဟုတ်ဘဲ။
အားမငယ်မိပါဘူး။ အဲ့သည့်တုန်းက အဆင့် ၅၇၊ ၅၈ အမြဲရတယ် ။ လူက တော့ ၅၈ ယောက် ပါပဲ။ ၇တန်း နွေရာသီ ရောက်တော့အဆင့်တက် သွားတယ် ။ ရေခဲချောင်း မရောင်းတော့ဘူး ထော်လာဂျီ စပယ်ယာလိုက်ရတယ်။
အုတ် ၊ သဲ၊ ကျောက် ၊ ထုံး၊ ဘိလပ်မြေ အကုန်လိုက် တင်ဘူးတယ် ။ ညနေ ရောက်ရင်တော့ စားပွဲထိုးပါပဲ။ ၈ တန်းလည်း ထိုနည်းလည်း ကောင်း ပါပဲ။ ကိုးတန်း ရောက်တော့ စားပွဲထိုးတယ် ကျောင်းတက်တယ် ။
ကျူရှင် မနေဘူး။ brighter grammar ကိုယ့်ဘာသာ self-study လုပ်တယ် ။ တစ်နှစ်လုံး အင်္ဂလိပ် စာကောင်းအောင် သေချာလုပ်တယ် ။ ကျူရှင် မနေတော့ လပတ် နှစ်ဝက်ကအစ အဆုံးထိ မေးခွန်းမရပါဘူး။ ကျန်တဲ့ ကျောင်းသားတွေတော့ ရကြတယ် ။
အဲ့ကောင်တွေက ကျွန်တော့ကို အမှတ်ပြည့် ရသွားမှာ ကြောက်လို့ ဘယ်တော့မှ မေးခွန်းကို ပြောမပြခဲ့ကြပါဘူး။

ပြောမပြ ပေးတဲ့ ကောင်တွေကို ကျွန်တော် ပြဿနာ မရှာတဲ့အပြင် ပြုံးပြ နေကျပါ။ ဆယ်တန်း ရောက်တော့ ကျွန်တော် ချစ်တဲ့ ထော်လာဂျီလေးကို အိမ်က ရောင်းတယ် ။ ပြီးတော့ သူရိန်နန်းကို ပို့တယ် ။ Day တက်တာပါ။ ဘော်ဒါလည်း မနေနိုင်ပါဘူး။
သူရိန်နန်း ဘေးက ဘုန်းကြီးကျောင်းမှာ ကပ်နေရတာပါပဲ။ အဆောင်က သူငယ်ချင်းတွေ မနက်စာ စားလို့မကောင်းကြောင်း ညည်းရင် ကျွန်တော်က ပြုံးတယ်။ မနက်တိုင်း မနက်စာ မစားရတာကိုး။ နေ့လယ်စာ ကျောင်းမှာ စားတယ် ။
ညစာတော့ ထမင်းနဲ့ ဟင်းပေါင်းပေါ့။ ငှက် သိုက် ဆိုတာ တော့ တခါမှ စိတ် ကူးမယဉ် မိ။ အဆောင်ကသူငယ်ချင်းတွေ ညစာကြည့်ကြည့်ရလို့ ညည်းတဲ့အခါ ကျွန်တော် ပြုံးတယ် ။
ကျွန် တော်က မီးပျက်ရင် စာကြည့်မီး အိမ်ကလေးက သေးတော့ ကောင်း ကောင်းမမြင်ရဘူး။ ဘဝမှ အဲ့အချိန် သူရိန် နန်းလမ်းကြားက ဇရပ်နားမှာ ထိုင်ကျက်နေကျ။ security ဦးလေးကြီးများကို ကောင်းကောင်း မှတ်မိတယ် ။ ဆယ်တန်း အောင်တော့ 4D။ အမေနဲ့ အဖေ အရက်ဆိုင် ပိတ်ပြီ။ အကြောင်းက သူ့သားကို ဆေးကျောင်း တက်စေချင်လို့။ အထင်တော့မကြီးပါနဲ့ ဆေးကျောင်းကို နောက်ဆုံး အမှတ်နဲ့ မီတာပါ။
ကျွန် တော်က ပြတ်တယ် ၊ ဆေးလိုင်း စိတ် မဝင်စားဘူး။ environmental science စိတ် ဝင်စားတာ။ ဖောင်ဖြည့်ရက် နီးတော့ မိန်းထဲကို အင်္ဂလိပ် စာထူးချွန် လျှောက်တယ် ။ ပြီးမှ es ဘက်ကူးမယ်ပေါ့။
ခွင့်ပြုတဲ့ အဖေနဲ့အမေ ကျေးဇူးကြီးပါတယ် ။ Eng ထူးချွန် တက်ပါတယ် ။ ပထမနှစ် ဝေလေလေ ပါပဲ။ ဒုတိယနှစ် ဒုတိယ semester မှာ zool ဌာနက Dr. ဒေါ်မီမီ ကျော်နဲ့ တွေ့ပြီးတဲ့ နောက်လမ်းစ တွေ့ တယ် ။ environmental science အ ကြောင်း သင်ယူတယ် ။
ပြီးတော့ နိုင် ငံခြား scholarship လျှောက်ဖို့ တိုက် တွန်းတယ် ။ အဲ့ sem မှာပဲ စာသေချာလုပ်တယ် ။ indo ကို ဒီနိုင်ငံက Asean Universities Network ထဲပါတဲ့ MU က ကျောင်းသား နှစ်ယောက် လွှတ်ပေးတယ်။
ကံက ကောင်းတော့ နူတ်ဖြေစာမေးပွဲ အောင်သွားတယ် ( လုံးဝ ကံကောင်းတာပါ ) ရန်ကုန် ကို တောင်တခါမှ မ ရောက်ဖူးတဲ့ကောင် ဘန်ကောက် တောင် transit နဲ့ ရောက်ဖူးသွားတယ် ။ indo မှာ အ တွေ့အကြူံ အများကြီး ရခဲ့တယ် ။
တတိယနှစ် ပထမ semester ရောက်တော့ ၂၀၁၈ နှစ် လပိုင်းက International Conference on Burma/ Myanmar Studies – 2 ( ICBMS 2 ) မှာ penal discussion မှာ panel member တယောက် အနေနဲ့ CSR policy ကဏ္ဍကို ဆွေးနွေးခွင့် ရခဲ့တယ်။
ပြီးတော့ မဲခေါင်မြစ်နဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့ သုတေသန အဖွဲ့ထဲမှာ ပါဝင် ခွင့်ရပြီ။ ဒါကတော့ ကျွန်တော့်အိပ်မက်ပါ။ ငယ်ငယ် ကတည်းက environmental ကို ဝါသနာပါတဲ့ကောင် အိပ်မက်တွေ ဖြစ်လာခဲ့ပြီ။
ဒီနှစ် ၃လပိုင်း ၁၇ က စလို့ ကျွန်တော့ ဇာတိ မြစ်ငယ်က ကလေးတွေကို အင်္ဂလိပ်စာ four skills သင်တန်းအခမဲ့ ဖွင့်ပေးနိုင်ခဲ့တယ် ။ IPA တောင် သင်ပေးခဲ့သေးတယ် ။ ကလေးတွေ ပျော်တယ် ။
ကျွန်တော်လည်း ပျော်တယ် ။အခုတော့ စွယ်တော်က ဆည်မြောင်းရုံးထဲမှာ အဲ့နားက ကလေးတွေ မယ်သီလရှင်တွေကို အခမဲ့ သင်တန်းတစ်ခု ထပ် ပေးနေတယ် ။ မြေဖြူကို အားရပါးရ ကိုင်ရင်း။ ပျော်ပျော် ကြီး စာသင်နေပါတယ် ။
ကျွန်တော့်ကို ငယ်ငယ်က အရက်ခွက် ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ် လာမှာမို့လို့လဲ ” ဆိုတဲ့ အမျိုးတွေ သူတို့သားသမီးကို မြေဖြူ ကိုင်ပြီး စာသင် ပေးဖို့ လာပြောနေကြတယ်။
ကျွန်တော့်တပည့်တွေ ကျွန်တော့်ကို ကန်တော့တာ ဟိုဦးဇင်းမြင်တော့ အံသြ နေလေရဲ့။ ယဉ်ကျေးလိမ္မာသင်တန်းမှာ ကျွန်တော့်ကို ခွဲခြားဆက်ဆံခဲ့တဲ့ ဆရာမ တွေလည်း အခုတော့ အံသြ နေလေရဲ့။
ကိုးတန်းတုန်းက မေးခွန်း တွေ မေးမိလို့ မသိဘူး ပြောတဲ့ သူငယ်ချင်းတွေ ဘကကျောင်းမှာ ပညာဒါန လုပ်နေတဲ့ ကျွန်တော့်ဆီ ၁၀တန်းစာ တွေ လာလာ မေးနေလေရဲ့။ grammar သင်မပေးဘဲ နှိမ်ခဲ့တဲ့ ဆရာကြီး မြေးကို ကျွန်တော် Phonetics ကောင်း ကောင်း သင်ပေးခဲ့တယ် ။

အရက်ခွက်ကိုင် ကြီးလာတဲ့ ကျွန်တော်တောင် အခု ကျွန်တော့် ဒေသအတွက် အကျိုးရှိတဲ့ မြေဖြူကိုင်တဲ့လက် ဖြစ်လာခဲ့ပြီ။ ကိုယ့်ကိုယ် ကို တွေးရင်း ဝမ်းသာမိပါတယ် ။ မကူညီခဲ့တဲ့ လူအားလုံးကို အခု ကျေးဇူးတင် ပါတယ် ။
ခင်ဗျားတို့ မကူညီခဲ့လို့ အခု သူတစ်ပါးကို ကောင်းကောင်း ကူညီတတ်တဲ့လူ ဖြစ်လာပါပြီ။ ဘွဲ့ရပြီးရင်လည်း ကျောင်းဆရာပဲ လုပ်မယ် ။
ကလေးတွေရဲ့ အိပ်မက်တွေကို ပံ့ပိုး ပေးမယ် because ” Every child is special.”ကျွန်တော် တိုက်တွန်းချင်တာက ကလေးသူငယ်တွေ လိင် အကြမ်းဖက်ခ
ရတာ၊ လမ်းဘေးရောက် နေတာတွေကို အမြန်ဆုံး ထိန်းသိမ်းဖို့ လိုလာပါပြီ။ လုံခြုံစိတ်ချရတဲ့ စာသင်ခန်းထဲ ပို့ဖို့ လိုလာပါပြီ။
အခု လမ်းဘေးမှာ ပလပ်စတစ် ကောက်နေတဲ့ ကလေးတွေ နောင်တချိန်မှာ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးတိုင်းကို မှ
န်မှန် ကန်ကန် ပြုစုပျိုးထောင် နိုင်ရင် အနာဂတ်က လှပနေပါပြီ။
Support every child’s dream
Creidt: David Chan



