
မိသားစု လေးယောကျ ရှိတဲ့ အခါ လေးယောကျလုံး အဆငျပွစေခေငြျတဲ့ ဆန်ဒ
ငါးယောကျရှိတဲ့အခါ ငါးယောကျလုံး အဆငျပွစေခေငြျတဲ့ ဆန်ဒပေါ့

Zawgyi ဖြင့်ဖတ်ပါ
မိသားစုတစ်ခုမှာ မိသားစု စိတ်ဓာတ်ပိုပြီး ရှိတဲ့လူက ပိုပြီး ပင်ပန်းရတာပါ
မိသားစုတစ်ခုမှာ အကြီးမို့ အငယ်မို့ ပိုပြီး အနစ်နာခံ ရတယ် ပိုပြီး ပင်ပန်း ရတယ်လို့ မရှိပါဘူး
မိသားစု တစ်ခုမှာ မိသားစု စိတ်ဓာတ် ပိုပြီး ရှိတဲ့လူက ပိုပြီး ပင်ပန်း ရတာပါ ။
မိသားစု စိတ်ဓာတ် ဆိုတာ တာဝန်ယူ တတ်တဲ့ စိတ် တာဝန်သိ တတ်တဲ့ စိတ်ပါပဲ ။
ကိုယ့် တစ်ယောက်တည်း အတွက် အဆင်ပြေမယ့် အရာကို မရွေးပဲ
မိသားစု လေးယောက် ရှိတဲ့ အခါ လေးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒ
ငါးယောက်ရှိတဲ့အခါ ငါးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒပေါ့
အရာရာမှာ ကိုယ်ဖြစ်ချင်နေတာထက် ဖြစ်သင့် ဖြစ်ထိုက် တာကို ပိုပြီးရွေးချယ် တဲ့ အ တွက်
သာမန်ထက်ပိုပြီး စွန့်လွှတ် ရတာတွေ များတတ် ပါတယ် ။
ဥပမာ ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေ မိသားစု အတွက် မေ့ပစ် လိုက်ရတာ မျိုးပေါ့
ကိုယ်ဖြစ်ချင်နေ တဲ့ အရာတွေ ထက် အကြီးမှသည် အငယ်အဆုံး သူတို့ရဲ့ရည်မှန်းချက်တွေကို ပိုပြီးဖြည့်ဆည်းပေး တတ်တယ် ။
နောက်ဆုံး ကိုယ်သာ ဘာမှ မဟုတ်တဲ့ လူတစ်ယောက် အဖြစ် ကျန်ခဲ့ ရတာလေ
အိမ်ကို ပိုပြီး သံယောဇဉ် ကြီးတတ်တဲ့ သူက ရပ်ဝေးမသွားနိုင် နယ်ဝေး မထွက် နိုင်နဲ့ ခြေချုပ် မိနေသလိုမျိုးပေါ့
အိမ်ကို ပိုပြီး တွယ်တာလေလေ ကိုယ့်မှာပိုပြီး ဆင်ခြင် ရလေလေ ပိုပြီး စွန့်လွှတ် ရလေလေ ပါပဲ
ကိုယ့်မှာ လိုချင်တာတွေ ရှိလာခဲ့ ရင်တောင် ငဲ့ကွက်ရင် မလိုချင်ယောင်တွေ ဆောင်လာ တတ်တယ်
မိသားစုတစ်ခုမှာ အကြီး ဖြစ်နေလို့ ပိုပြီး အနစ်နာခံ ရတယ်
အငယ်ဖြစ်နေလို့ ပိုပြီး အနစ်နာခံ ရတယ်လို့ မဟုတ် ပါဘူး
မိသားစု စိတ်ဓာတ်ရှိတဲ့ သူကသာ ပိုပြီး ပင်ပန်း ရတာပါ ။



