ဗဟုသုတ

စိတ်ဖိစီးမှုဒဏ် ခံနေရတဲ့ ယောကျာ်းများအတွက် စိတ်ဖိစီးမှုများကို ပြေပျောက်စေမယ့် နည်းလမ်းကောင်းများ

စိတ်ဖိစီးမှုဒဏ်သည် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အထိ ဆိုးကျိုးဖြစ်စေပါတယ်။ လူသားတစ်ယောက်ချင်းစီမှာ စိတ်ဖိစီးရတဲ့အကြောင်းအရင်းတွေ မတူညီကြပါဘူး။

ဒီလိုစိတ်ဖိစီးမှုကို ပြေပျောက်ဖို့အတွက် အများကြီး အားစိုက်ထုတ်စရာမလိုပါဘူး။ အခုဖော်ပြမယ့် နည်းလမ်းထဲက မိမိကြိုက်နှစ်သက်ရာနည်းလမ်းအချို့ကို အသုံးပြုကာ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်ပါတယ်။

ရေနွေးနွေးဖြင့် ရေချိုးပါ


man taking a shower; healthy lifestyle

ရေနွေးနွေးဖြင့် ၁၅ မိနစ်ခန့် စိမ်ပြေနပြေရေချိုးလိုက်ခြင်းက အသက်ရှူနှုန်းကို ကောင်းမွန်စေကာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့အပြင် သွေးပေါင်ချိန်ကိုလည်း မျှတစေပါတယ်။

ရေခဲတုံးအသုံးပြုပါ


message with ice cube; healthy lifestyle

သွားကိုက်ခြင်းကို ရေခဲတုံးအသုံးပြုပြီး သက်သာအောင်ပြုလုပ်လို့ရသလို စိတ်ဖိစီးမှုကိုလည်း ရေခဲတုံးဖြင့် နှိပ်နယ်ကာ ဖြေဖျောက်နိုင်ပါတယ်။ ရေခဲတုံးကို လက်မနှင့် လက်ညှိုးကြားနေရာတွင် တင်ထားကာ စက်ဝိုင်းပုံသဏ္ဍာန် ၇ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။

ခြေဖဝါးကို နှိပ်နယ်ပေးလိုက်ပါ


foot message; healthy lifestyle

ခြေဖဝါးပေါ်သို့ ဆီအနည်းငယ် သုတ်လိမ်းလိုက်ပါ။ ထို့နောက် ပုံမှာပြထားတဲ့ ဦးတည်ဘက်အတိုင်း စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးလိုက်ပါ။ ခြေဖဝါးနှစ်ဖက်စလုံးကို မိနစ်အနည်းငယ် ကြာသည်အထိ နှိပ်နယ်ပေးရပါမယ်။

ပီကေဝါးပါ


man chewing gum; healthy lifestyle

ပီကေဝါးခြင်းသည် စိတ်ဖိစီးမှုများကို ပြေပျောက်စေတယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။ လေ့လာစမ်းသပ်ချက်တစ်ခုမှာ လုပ်အားပေးလူငယ် အယောက် ၅၀ ကို ခေါ်ယူကာ အုပ်စု (၂) စု ဖွဲ့စေပါတယ်။ ပထမအဖွဲ့က တစ်နေ့လျှင် ပီကေ ၂ ကြိမ်ခန့် ဝါးစေပြီး ကျန်အဖွဲ့ကိုတော့ ပီကေမစားဘဲ နေခိုင်းထားပါတယ်။ ၂ ပတ်ကြာမြင့်တဲ့အခါ ပီကေဝါးသူများသည် ပီကေမဝါးသူတွေထက် စိတ်ဖိစီးမှု ပြေပျောက်သွားတာကို လေ့လာတွေ့ရှိရပါတယ်။

ကြွက်သားများကို ဖြေလျော့ပါ


breathing exercise for men

အရင်ဦးဆုံး ကြမ်းပြင်ပေါ်တွင် လှဲလျောင်းပါ။ ထို့နောက် အသက်ရှူ လေ့ကျင့်ခန်းကို ၁ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။ ဒီနည်းလမ်းက ကြွက်သားများကို ပြေလျော့စေပြီး စိတ်ဖိစီးမှုများကိုလည်း လျော့ချပေးနိုင်ပါတယ်။

Source: Brightside.me