ကျို့ထိုးတာကို ချက်ချင်းပျောက်စေလိုလျှင်
ကြို့ထိုး တဲ့အခါ အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် နည်းလမ်း
ကြို့ထိုးတာဟာ လူတိုင်းသိတဲ့ အရာတစ်ခု ဖြစ်ပါတယ် ။ ရောဂါကြီး မဟုတ်ပေမယ့် ထိုးတဲ့အခါ နေရထိုင်ရခက် ကသိ ကအောက် ဖြစ်ရပါတယ် ။
အစာတွေခပ်မြန်မြန်စားမိတာ ၊ အစပ်တွေလို ကိုယ်မစားနိုင်တဲ့ ဟာတွေကို စားမိတာ နဲ့ အခြားအကြောင်းအရာတချို့ကြောင့် ကြိုးထိုးတာ ဖြစ်တတ် ပါတယ်။
ဒီလိုဖြစ်တဲ့အခါမှာ နည်းမျိုးစုံ နဲ့ ကုသကြ ပါတယ် ။
ရေများများသောက်ခိုင်းတာ ၊ ထမင်းလုံးဝါးခိုင်းတာ ၊ စိတ်ဆိုးအောင်လန့်အောင် လုပ်တာ ၊ မြေပဲစားခိုင်းစာ စသဖြင့်နည်းမျိုးစုံနဲ့ လုပ်ကြပါတယ်။
တချို့ကြို့တွေက ခဏနေရင် သူ့အလိုလို ပျောက်သွားတတ် ပေမယ့် တချို့တလေကျတော့ ရှားပါးစွာနဲ့ ရက်ချီပြီး ထိုးတာတွေ ဖြစ်တတ် ပါတယ် ။
မိတ်ဆွေများအတွက် တစ်သက်လုံး သုံးလာတဲ့ နည်းလမ်း လွယ်လွယ်လေး တစ်ခုကို ပေးချင် ပါတယ်။ တွေ့သမျှလူတိုင်းလည်း ဒီနည်းနဲ့ ပျောက် ပါတယ်။
မယုံပါဘူးဆိုတဲ့ သူတွေတောင် ချက်ချင်းပျောက်ပါ တယ်။
ကျွန်တော်က အစပ်နည်းနည်းစားမိရင် ကြို့ထိုးတတ် ပါတယ်။ ဒီနည်းနဲ့ လုပ်ရင် ချက်ချင်းပျောက် ပါတယ်။ကျွန်တော့် အဖေသင်ပေးခဲ့တဲ့ နည်းပါ။
ဒီနေရာမှာ ဘာဆေးမှ မလိုပါဘူး။ လွယ်လွန်းလို့တောင်ခက်နေမှာပါ။
နည်းလမ်းကတော့ – “သောက်ရေ တစ်ငုံကို ငုံလိုက်ပါ။ငုံပြီးရင် နားနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ တင်းတင်း ပိတ်ပါ။ မျက်လုံးစုံမှိတ်ထားပါ။
အသက်အောင့်ပြီး ၁ ကနေ ၇ အထိရေ လိုက်ပါ။ရေပြီးတာနဲ့ ငုံထားတဲ့ရေကို မျိုချ လိုက်ပါ။ကြို့ထိုးတာ ချက်ချင်း ပျောက်သွား ပါပြီ လွယ်လွန်းလို့ အထင်တော့ မသေးနဲ့နော် လက်တွေ့နော်.။
အိုကေရသာယနတိုင်းရင်းဆေး