အဖွား…အိမ်ပိုင်လေးမှာ…ခေါင်းချနိုင်ပြီပေါ့နော်
အဖွား အသက် (၇၄)နှစ်
စိတ်ဝေဒနာသည် မြေးလေးနှင့် နေပါတယ်
သားသမီး (၈)ယောက်ရှိပါတယ်…တယောက်မှ မကြည့်ပါ

အဖွား အိမ်လစာ တလ (၃)သောင်း နှင့် မီးဖိုး (၁)သောင်း ပေးရပါတယ်တဲ့…..
အကြွေးက (၂)သိန်းလောက်ရှိပါတယ်…(၁)သောင်းကို နေ့ပြန်တိုး (၃၀၀၀)ကျပ်ပေးရပါတယ်တဲ့
တခါတလေ ရောင်းရသမျှ…အကြွေး အိမ်လခ ပေးရတာနဲ့…ထမင်းမစားရတဲ့ ရက်တွေ ရှိပါတယ် သားရယ်
မသေထမင်း မသေဟင်းလေး စားပြီ အသက်ရှင်နေရတာပါ

သွားတုန်းကတော့…. ရေသန့်ဗူး အားပေးမလို့ပါ
ရောက်သွားတော့…..အဖွားက ငိုပြီ ပြောပြရှာတယ်
သားရယ်…အဖွားတို့က သိပ်မကြာခင် လမ်းဘေးရောက်တော့မှာ
အိမ်ရှင်ကလဲ ရောင်းတော့မှာတဲ့…ရောင်းရင် အဖွားတို့ ဆင်းရမှာ
အဖွား ညတ်ိုင်း စိတ်အေးလက်အေး မအိပ်ရဘူး…အဖွားမှာ အကြွေးတွေက မီးလိုတောက်လောက်နေရပါတယ်

အင်း…လာ ထ အဖွား…အဖွား အိမ်သွားကြည့်ချင်တယ် ဗျာ
သားလိုက်လို့ရမလား ??
ရတာပေါ့ သားရယ်….
အိမ်ရှင်နဲ့ တွေ့ စကားပြောပြီ….
အဖွားကို အဖွားနမည်နဲ့ စာချုပ်ချုပ်ပြီ…ဝယ်ပေးလ်ိုက်ပါပြီ

အဖွား မှာ ပျော်လို့ မျက်ရည်တွေနဲ့ ဖက်ပြီ ငိုရှာတယ်
သားရယ်…အဖွား တသက် အိမ်ပိုင်ရမယ်လို့ တခါမှ မမျှော်လင့်ရဲဘူး…အိမ်မက်တောင် မမက်ခဲ့ဘူး
ခု ဒီအိမ်က အဖွား အိမ်ကြီး ဖြစ်သွားပြီဆိုတော့…
အဖွား စိတ်အေးလက်အေး…အိမ်ပိုင်လေးမှာ ခေါင်းချနိုင်ပြီပေါ့နော်

အဖွား လမ်းဘေး မရောက်တော့ဘူး
ဒါပေါ့ အဖွားရဲ့ ဒါ အဖွားအိမ်ဖြစ်သွားပြီ…အိမ်စာချုပ်လေး သေချာ သိမ်းထားနော် အဖွား
ကျေးဇူးတင်ပါတယ် သားရယ်…အဖွားရဲ့ သားမြေးလေး အဖြစ်နေပေးပါနော်

ဒါပေါ့…သားက အဖွားရဲ့သားပဲ…အမြဲ အဖွားရဲ့ သားနော်
(ကျနော်နှင့်အတူ ပူပေါင်းကူညီလှူဒါန်းပေးကြတဲ့ (၇)ရက်သားသမီးများအား…အဖွားကိုယ်စား ကျေးဇူးတင်ရှိပါတယ် 🙏🏻)
•အော…အဖွားရယ်…ခုတော့ လုံခြုံသွားပါပြီ 🙏🏻
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
#ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437



