ဗဟုသုတ

အသက် ၃၀ အရွယ်မှာ စတင်ကျင့်သုံးသင့်တဲ့ ချွေတာရေးနည်းလမ်းများ…

အသက် ၃၀ အရွယ်မှာ စတင်ကျင့်သုံးသင့်တဲ့ ချွေတာရေးနည်းလမ်းများ

Unicode

အသက် ၃၀ ဆိုတာ လူငယ် တစ်ယောက် လူကြီးဖြစ်လာတဲ့ အချိန်ပါပဲ။ ဒါပေမယ့် တစ်ချို့သော သူတွေဟာ အသက် ၃၀ အရွယ်မှာတောင် စုမိဆောင်းမိ မရှိသေးတာကို တွေ့ရပါတယ်။ ဒါတွေဟာ မှားယွင်းနေတဲ့ ငွေသုံးနည်း စနစ်တွေကြောင့်ပါပဲ ။ ဒါဆိုရင် ငွေတွေကို ဘယ်လိုချွေတာ စုဆောင်းကြမလဲ

၁- နိုင်ငံရပ်ခြား ကို သာမန်ဖုန်းနဲ့ခေါ်ဆိုခြင်း ရှောင်ကျဉ်ပါ ။

အခုချိန်မှာ အင်တာနက်နည်းစနစ်တွေ တိုးတက်လာပြီ ဖြစ်တဲ့အတွက် မက်ဆင်ဂျာတို့ wechat တို့က ခေါ်မယ်ဆိုရင် အကုန်အကျ မရှိသလောက်ကို နည်းပါးပါလိမ့်မယ်။

၂- Retail Tharapy လို့ခေါ်တဲ့ စိတ်ပင်ပန်း နွမ်းနယ်မှုကို ရှော့ပင်းထွက်ခြင်းနဲ့ ကုစားတဲ့ နည်းလမ်းဟာလည်း အကျင့်ဆိုး တစ်ခုပါပဲ ။

သင်ဝယ်ယူတဲ့ ပစ္စည်းတွေဟာ တန်ဖိုးသိပ်မရှိဘူး ဆိုပေမယ့် ပမာဏ များပြားလာတဲ့အခါ ဒီပစ္စည်းတွေ ဝယ်တဲ့ ကုန်ကျစရိတ်အပေါ် သင်အံ့အားသင့်မိပါလိမ့်မယ်။ ဒီတော့ Retail Tharapy ကိုလည်း ဖြစ်နိုင်ရင် မပြုလုပ်တာ အကောင်းဆုံးပါပဲ။

၃- ခရက်ဒစ်ကဒ် ကို သုံးချင်သလို သုံးတာမျိုး ရှောင်ရှားသင့်ပါတယ် ။ ခရက်ဒစ်ကဒ်ဟာ ဘဏ်ကချေးငွေကို သုံးစွဲတဲ့ ကဒ်ဖြစ်တဲ့အတွက် သင်များများ ဝယ်ယူလေလေ အတိုးများများ ပေးရလေလေပါပဲ။

၄- ခရီး တစ်ခုသွားမယ်ဆိုရင် အမြဲတမ်း ကြိုတင် ပြင်ဆင်ထားပါ ။

ပိတ်ရက်တွေမှာ ခရီးသွားမယ့်အခါ လက်မှတ်ဝယ်မယ်ဆိုရင် အစောကြီးက ကြိုဝယ်ထားပါ ။ ဒါဆိုရင်တော့ လက်မှတ်တွေကို ဈေးသက်သာသာ နဲ့ ရရှိနိုင်မှာဖြစ်ပြီး ကိုယ်လိုချင်တဲ့ နေရာကိုလည်း ရွေးချယ်နိုင်ပါလိမ့်မယ်။

၅- ဘဏ်အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ အွန်လိုင်းဗီဒီယို ဝဘ်ဆိုက်တွေကို ရှောင်ရှားပါ ။

ဒီ ဆိုက်တွေဟာ သင်မကြည့်ရင်တောင်မှ လစဉ် သင့်အကောင့်ထဲက ငွေတွေကို ဖြတ်နေဦးမှာပါ ။ အကောင်းဆုံးကတော့ လစဉ်ကြေး မပေးရပဲ ကြေငြာတွေကို ပြသလေ့ရှိတဲ့ ရုပ်သံလိုင်းကိုသာ ရွေးချယ်ပါ။

၆- အိမ်သာသုံးစက္ကူ ၊ ရှန်ပူဘူး ၊ ဆပ်ပြာမှုန့်နဲ့ အစရှိတဲ့ အရာတွေကို ပါကင်လိုက် ဝယ်ထားသင့်ပါတယ်။

တစ်ချို့ စတိုးဆိုင်တွေမှာ လျော့ဈေးနဲ့ ရောင်းချနေတဲ့ ရှန်ပူတွေ ဆပ်ပြာမှုန့်တွေ ရှိပေမယ့် အရည်အသွေး မကောင်းတာတွေ ဖြစ်နိုင်တာကိုသတိပြုပါ။

၇- VIP အစီအစဉ်များကို ဝင်ရောက်ပါ ။

ဥပမာ လေယာဉ်လက်မှတ်တစ်စောင် မှာဖို့ဆိုရင် မိုင်ဆယ်ချီပြီးတော့ လေဆိပ်ကို သွားရတတ်ပါတယ် ။ ဒါပေမယ့် VIP အစီအစဉ် ရယူထားမယ် ဆိုရင်တော့ သင့်အတွက် အထူး app တစ်ခုဖုန်းထဲမှာ ပေးထားမှာဖြစ်ပြီး ဒီ App ကတစ်ဆင့် လေယာဉ်လက်မှတ်တွေ မှာယူနိုင်မှာ ဖြစ်ပါတယ်။

Credit : – Min Thu (Daily Hot News )

Zawgyi

အသက္ ၃၀ အ႐ြယ္မွာ စတင္က်င့္သုံးသင့္တဲ့ ေခြၽတာေရးနည္းလမ္းမ်ား

အသက္ ၃၀ ဆိုတာ လူငယ္ တစ္ေယာက္ လူႀကီးျဖစ္လာတဲ့ အခ်ိန္ပါပဲ။ ဒါေပမယ့္ တစ္ခ်ိဳ႕ေသာ သူေတြဟာ အသက္ ၃၀ အ႐ြယ္မွာေတာင္ စုမိေဆာင္းမိ မရွိေသးတာကို ေတြ႕ရပါတယ္။ ဒါေတြဟာ မွားယြင္းေနတဲ့ ေငြသုံးနည္း စနစ္ေတြေၾကာင့္ပါပဲ ။ ဒါဆိုရင္ ေငြေတြကို ဘယ္လိုေခြၽတာ စုေဆာင္းၾကမလဲ။

၁- ႏိုင္ငံရပ္ျခား ကို သာမန္ဖုန္းနဲ႔ေခၚဆိုျခင္း ေရွာင္က်ဥ္ပါ

အခုခ်ိန္မွာ အင္တာနက္နည္းစနစ္ေတြ တိုးတက္လာၿပီ ျဖစ္တဲ့အတြက္ မက္ဆင္ဂ်ာတို႔ wechat တို႔က ေခၚမယ္ဆိုရင္ အကုန္အက် မရွိသေလာက္ကို နည္းပါးပါလိမ့္မယ္။

၂- Retail Tharapy လို႔ေခၚတဲ့ စိတ္ပင္ပန္း ႏြမ္းနယ္မႈကို ေရွာ့ပင္းထြက္ျခင္းနဲ႔ ကုစားတဲ့ နည္းလမ္းဟာလည္း အက်င့္ဆိုး တစ္ခုပါပဲ ။

သင္ဝယ္ယူတဲ့ ပစၥည္းေတြဟာ တန္ဖိုးသိပ္မရွိဘူး ဆိုေပမယ့္ ပမာဏ မ်ားျပားလာတဲ့အခါ ဒီပစၥည္းေတြ ဝယ္တဲ့ ကုန္က်စရိတ္အေပၚ သင္အံ့အားသင့္မိပါလိမ့္မယ္။ ဒီေတာ့ Retail Tharapy ကိုလည္း ျဖစ္ႏိုင္ရင္ မျပဳလုပ္တာ အေကာင္းဆုံးပါပဲ။

၃- ခရက္ဒစ္ကဒ္ ကို သုံးခ်င္သလို သုံးတာမ်ိဳး ေရွာင္ရွားသင့္ပါတယ္ ။ ခရက္ဒစ္ကဒ္ဟာ ဘဏ္ကေခ်းေငြကို သုံးစြဲတဲ့ ကဒ္ျဖစ္တဲ့အတြက္ သင္မ်ားမ်ား ဝယ္ယူေလေလ အတိုးမ်ားမ်ား ေပးရေလေလပါပဲ။

၄- ခရီး တစ္ခုသြားမယ္ဆိုရင္ အၿမဲတမ္း ႀကိဳတင္ ျပင္ဆင္ထားပါ ။

ပိတ္ရက္ေတြမွာ ခရီးသြားမယ့္အခါ လက္မွတ္ဝယ္မယ္ဆိုရင္ အေစာႀကီးက ႀကိဳဝယ္ထားပါ ။ ဒါဆိုရင္ေတာ့ လက္မွတ္ေတြကို ေဈးသက္သာသာ နဲ႔ ရရွိႏိုင္မွာျဖစ္ၿပီး ကိုယ္လိုခ်င္တဲ့ ေနရာကိုလည္း ေ႐ြးခ်ယ္ႏိုင္ပါလိမ့္မယ္။

၅- ဘဏ္အေကာင့္နဲ႔ ခ်ိတ္ဆက္ထားတဲ့ အြန္လိုင္းဗီဒီယို ဝဘ္ဆိုက္ေတြကို ေရွာင္ရွားပါ ။

ဒီ ဆိုက္ေတြဟာ သင္မၾကည့္ရင္ေတာင္မွ လစဥ္ သင့္အေကာင့္ထဲက ေငြေတြကို ျဖတ္ေနဦးမွာပါ ။ အေကာင္းဆုံးကေတာ့ လစဥ္ေၾကး မေပးရပဲ ေၾကျငာေတြကို ျပသေလ့ရွိတဲ့ ႐ုပ္သံလိုင္းကိုသာ ေ႐ြးခ်ယ္ပါ။

၆- အိမ္သာသုံးစကၠဴ ၊ ရွန္ပူဘူး ၊ ဆပ္ျပာမႈန႔္နဲ႔ အစရွိတဲ့ အရာေတြကို ပါကင္လိုက္ ဝယ္ထားသင့္ပါတယ္။

တစ္ခ်ိဳ႕ စတိုးဆိုင္ေတြမွာ ေလ်ာ့ေဈးနဲ႔ ေရာင္းခ်ေနတဲ့ ရွန္ပူေတြ ဆပ္ျပာမႈန႔္ေတြ ရွိေပမယ့္ အရည္အေသြး မေကာင္းတာေတြ ျဖစ္ႏိုင္တာကိုသတိျပဳပါ။

၇- VIP အစီအစဥ္မ်ားကို ဝင္ေရာက္ပါ ။

ဥပမာ ေလယာဥ္လက္မွတ္တစ္ေစာင္ မွာဖို႔ဆိုရင္ မိုင္ဆယ္ခ်ီၿပီးေတာ့ ေလဆိပ္ကို သြားရတတ္ပါတယ္ ။ ဒါေပမယ့္ VIP အစီအစဥ္ ရယူထားမယ္ ဆိုရင္ေတာ့ သင့္အတြက္ အထူး app တစ္ခုဖုန္းထဲမွာ ေပးထားမွာျဖစ္ၿပီး ဒီ App ကတစ္ဆင့္ ေလယာဥ္လက္မွတ္ေတြ မွာယူႏိုင္မွာ ျဖစ္ပါတယ္။

Credit : – Min Thu (Daily Hot News )