ျမန္မာျပည္အတြက္ သတိ
ေတာင္ေပၚၿမိဳ႕ျဖစ္တဲ့ ျပင္ဦးလြင္ၿမိဳ႕မွာ တစ္ႀကိမ္တစ္ခါမွတႀကဳံဖူးတဲ့ ေရႀကီးမႈေတြႀကဳံခဲ့ရသလို…
ဒီေနရာမွာ ေရနဲ႔ မိုးနဲ႔ ေနရတဲ့ေဒသေတြဟာ ကိုယ္သိတဲ့ပင္လယ္ေရျပင္ဟာ အရင္က ေရျပင္မဟုတ္ေတာ့ေၾကာင္း သိေနၾကရမွာပဲျဖစ္ပါတယ္၊
သိၾကတဲ့အတိုင္း အေရွ႕ေတာင္အာရွထဲမွာကို ရာသီဉတုေျပာင္းလဲျခင္းေၾကာင့္ ျမန္မာက ခံစားရမယ့္အတိုင္းအတာဟာ မ်ားပါတယ္
ကမာၻေပၚမွာ ေဘးအႏၲရာယ္အမ်ားဆုံးက်ေရာက္ႏိုင္တဲ့ေနရာေတြမွာပါတာကို အထပ္ထပ္ေျပာခဲ့ၾကၿပီးသားျဖစ္ပါတယ္၊
အထင္ရွားဆုံးကေတာ့Global Climate Risk Index မွာ ျမန္မာဟာ ၁၉၉၈ ကေန ၂၀၁၈ အထိႏွစ္ႏွစ္ဆယ္ကာလအတြင္းမွာ
သဘာဝေဘးအခံရဆုံး နံပတ္ ၂ ေနရာမွာ ျမန္မာႏိုင္ငံ ရပ္တည္ေနပါတယ္။
Earth ဆိုတဲ့ အဖြဲ႕က ျမန္မာျပည္အတြက္ ေနာက္ထပ္ႏွစ္ ၈၀ က်ရင္ ပင္လယ္ေရမ်က္ႏွာျပင္ ဘယ္လို ျဖစ္မလဲလို႔တြက္ထားတဲ့ပုံကို ၾကည့္ႏိုင္ပါတယ္။
တကမာၻလုံး အတိုင္းအတာနဲ႔ဆိုရင္ ၂၁၀၀ ျပည့္ႏွစ္ေလာက္ဆိုရင္ အခုရွိေနတဲ့ပင္လယ္ေရမ်က္ႏွာျပင္ထက္ ေျခာက္ေပခြဲျမင့္လာမွာျဖစ္ပါတယ္။
အဲဒီလိုျဖစ္တာက ေနာက္ႏွစ္သုံးဆယ္ ႏွစ္ငါးဆယ္ က်မွ စျဖစ္မွာမဟုတ္ပါဘူး။ ဧရာဝတီတိုင္းက လယ္သမားေတြကို အခုေမးၾကည့္လို႔ရပါတယ္။
သူတို႔ငယ္ငယ္က ပင္လယ္ဒီေရတိုးတာနဲ႔ အခုေရတိုးတာ ဘယ္လိုကြာသြားသလဲ ဆားငံေရေၾကာင့္ ႏွစ္တိုင္းဘယ္လို အေႂကြးတက္ရသလဲဆိုတာကို သူတို႔ေျပာျပၾကပါလိမ့္မယ္။
ျဖစ္ႏိုင္ရင္ေရရွည္ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ သားေျမးက်န္တဲ့အထိခ်န္ခ်င္တယ္ဆိုရင္ ရန္ကုန္မွာ ဧရာဝတီတိုင္းနဲ႔ ရန္ကုန္တိုင္းက အခ်ိဳ႕ေနရာေတြမွာ အိမ္ၿခံေျမမဝယ္ခင္အဖက္ဖက္ခ်ိန္ဆစဥ္းစားသင့္ပါတယ္။
WWF က ၂၀၁၇ မွာတုန္းက ထုတ္တဲ့ Assessing climate risk in Myanmar ဆိုတဲ့ စာအုပ္မွာလည္း ဧရာဝတီတိုင္းက ပင္လယ္နားနီးတဲ့ေျမနိမ့္ေတြဟာ
သိပ္မၾကာခင္မွာ ေရေအာက္ျမႇဳပ္သြားႏိုင္တာကိုတြက္ျပခဲ့ပါတယ္။
ျမန္မာႏိုင္ငံဟာ အၾကမ္းဖ်င္းအားျဖင့္ အခုလာမယ့္ ၂၀၂၀ ေက်ာ္ကာလေတြမွာ ကမ္း႐ိုးတန္းတေလွ်ာက္လုံး ၅ စင္တီမီတာကေန ၁၃ စင္တီမီတာ အထိတက္လာၿပီး
၂၀၅၀ အေက်ာ္ကာလမွာေတာ့ ၂၀ စင္တီမီတာကေန ၄၁ စင္တီမီတာနဲ႔
၂၀၈၀အေက်ာ္မွာေတာ့ ၃၇စင္တီမီတာကေန ၈၃ စင္တီမီတာအထိတိုးလာမယ့္ အေျခအေနအတြက္ ျပင္ဆင္ရမယ္လို႔ သတိေပးထားခဲ့ပါတယ္၊
အေပၚဆုံးကပုံ Earth ကႀကိဳၿပီး တြက္ဆထားတဲ့ ေျမပုံမွာ အျပာရင့္နဲ႔ အျပာႏုျခယ္ထားတာကို ျမင္ရမွာျဖစ္ပါတယ္။
တိုက္႐ိုက္ထိခိုက္ႏိုင္တဲ့ လူဦးေရေလးသန္းေလာက္ ရွိတယ္ဆိုေပမယ့္ ဧရာဝတီရဲ႕ စိုက္ပ်ိဳးေျမ ပ်က္စီးယုတ္ေလ်ာ့ရျခင္းဟာ အျခားေနရာေတြကိုပါထိခိုက္ႏိုင္ၿပီး
ေရႀကီးတာတစ္ခုတည္းမဟုတ္ဘဲ မုန္တိုင္းရဲ႕ သက္ေရာက္မႈနဲ႔ မုတ္သုံေျပာင္းလဲလာပုံေတြကိုပါ ေတြ႕ေနၾကရဦးမွာပါ။
ဒီေရလႈိင္းေတြရဲ႕ ပုံစံဟာ ကိုယ္သိတဲ့ အတက္အက်ပုံစံလည္း ျဖစ္ခ်င္မွ ျဖစ္ေတာ့မွာပါ။
အဘိုးအဘြားေတြေခတ္က ဘုရားပြဲ ဒီအခ်ိန္မွာေရ က ဒီေလာက္ပဲ တက္လို႔ ကိုယ့္ ေခတ္မွာလည္း ဒီေရ တက္ပုံက်ပုံ တက္ခ်ိန္က်ခ်ိန္က ဒီလိုပဲျဖစ္ေနမယ္လို႔တြက္လို႔ရေတာ့မွာမဟုတ္ပါဘူး။
အာဏာမသိမ္းခင္အခ်ိန္အထိ အႀကီးဆုံးစိတ္ပူခဲ့တာဟာ ရာသီဉတုေျပာင္းလဲျခင္းနဲ႔ ကေလးေတြ လူငယ္ေတြရင္ဆိုင္ရမယ့္ အနာဂတ္ပါပဲ။
ဘာျဖစ္လို႔လဲဆိုေတာ့ ရာသီဉတုေျပာင္းလဲလာရင္လည္း နင္းျပားက ေ႐ႊ႕ေျပာင္းရတာခ်င္း တူရင္ေတာင္ ပိုၿပီး အေျခမဲ့ႏိုင္လို႔ပါ။
ဒီအျဖစ္ေတြေၾကာင့္ တရားမွ်တတဲ့ လူ႔အဖြဲ႕အစည္းျဖစ္ဖို႔ပိုလိုအပ္ပါတယ္။ ေ႐ြးေကာက္ပြဲရွိ႐ုံနဲ႔ မွ်တတဲ့ လူ႔အဖြဲ႕အစည္းမျဖစ္ပါဘူး။
Credit to original uploader
unicode
မြန်မာပြည်အတွက် အထူးသတိပေးချက်…
မြန်မာပြည်အတွက် သတိ
တောင်ပေါ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာ တစ်ကြိမ်တစ်ခါမှတကြုံဖူးတဲ့ ရေကြီးမှုတွေကြုံခဲ့ရသလို…
ဒီနေရာမှာ ရေနဲ့ မိုးနဲ့ နေရတဲ့ဒေသတွေဟာ ကိုယ်သိတဲ့ပင်လယ်ရေပြင်ဟာ အရင်က ရေပြင်မဟုတ်တော့ကြောင်း သိနေကြရမှာပဲဖြစ်ပါတယ်၊
သိကြတဲ့အတိုင်း အရှေ့တောင်အာရှထဲမှာကို ရာသီဉတုပြောင်းလဲခြင်းကြောင့် မြန်မာက ခံစားရမယ့်အတိုင်းအတာဟာ များပါတယ်
ကမ္ဘာပေါ်မှာ ဘေးအန္တရာယ်အများဆုံးကျရောက်နိုင်တဲ့နေရာတွေမှာပါတာကို အထပ်ထပ်ပြောခဲ့ကြပြီးသားဖြစ်ပါတယ်၊
အထင်ရှားဆုံးကတော့Global Climate Risk Index မှာ မြန်မာဟာ ၁၉၉၈ ကနေ ၂၀၁၈ အထိနှစ်နှစ်ဆယ်ကာလအတွင်းမှာ
သဘာဝဘေးအခံရဆုံး နံပတ် ၂ နေရာမှာ မြန်မာနိုင်ငံ ရပ်တည်နေပါတယ်။
Earth ဆိုတဲ့ အဖွဲ့က မြန်မာပြည်အတွက် နောက်ထပ်နှစ် ၈၀ ကျရင် ပင်လယ်ရေမျက်နှာပြင် ဘယ်လို ဖြစ်မလဲလို့တွက်ထားတဲ့ပုံကို ကြည့်နိုင်ပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ၂၁၀၀ ပြည့်နှစ်လောက်ဆိုရင် အခုရှိနေတဲ့ပင်လယ်ရေမျက်နှာပြင်ထက် ခြောက်ပေခွဲမြင့်လာမှာဖြစ်ပါတယ်။
အဲဒီလိုဖြစ်တာက နောက်နှစ်သုံးဆယ် နှစ်ငါးဆယ် ကျမှ စဖြစ်မှာမဟုတ်ပါဘူး။ ဧရာဝတီတိုင်းက လယ်သမားတွေကို အခုမေးကြည့်လို့ရပါတယ်။
သူတို့ငယ်ငယ်က ပင်လယ်ဒီရေတိုးတာနဲ့ အခုရေတိုးတာ ဘယ်လိုကွာသွားသလဲ ဆားငံရေကြောင့် နှစ်တိုင်းဘယ်လို အကြွေးတက်ရသလဲဆိုတာကို သူတို့ပြောပြကြပါလိမ့်မယ်။
ဖြစ်နိုင်ရင်ရေရှည်ရင်းနှီးမြှုပ်နှံသူတွေဟာ သားမြေးကျန်တဲ့အထိချန်ချင်တယ်ဆိုရင် ရန်ကုန်မှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက အချို့နေရာတွေမှာ အိမ်ခြံမြေမဝယ်ခင်အဖက်ဖက်ချိန်ဆစဉ်းစားသင့်ပါတယ်။
WWF က ၂၀၁၇ မှာတုန်းက ထုတ်တဲ့ Assessing climate risk in Myanmar ဆိုတဲ့ စာအုပ်မှာလည်း ဧရာဝတီတိုင်းက ပင်လယ်နားနီးတဲ့မြေနိမ့်တွေဟာ
သိပ်မကြာခင်မှာ ရေအောက်မြှုပ်သွားနိုင်တာကိုတွက်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အကြမ်းဖျင်းအားဖြင့် အခုလာမယ့် ၂၀၂၀ ကျော်ကာလတွေမှာ ကမ်းရိုးတန်းတလျှောက်လုံး ၅ စင်တီမီတာကနေ ၁၃ စင်တီမီတာ အထိတက်လာပြီး
၂၀၅၀ အကျော်ကာလမှာတော့ ၂၀ စင်တီမီတာကနေ ၄၁ စင်တီမီတာနဲ့
၂၀၈၀အကျော်မှာတော့ ၃၇စင်တီမီတာကနေ ၈၃ စင်တီမီတာအထိတိုးလာမယ့် အခြေအနေအတွက် ပြင်ဆင်ရမယ်လို့ သတိပေးထားခဲ့ပါတယ်၊
အပေါ်ဆုံးကပုံ Earth ကကြိုပြီး တွက်ဆထားတဲ့ မြေပုံမှာ အပြာရင့်နဲ့ အပြာနုခြယ်ထားတာကို မြင်ရမှာဖြစ်ပါတယ်။
တိုက်ရိုက်ထိခိုက်နိုင်တဲ့ လူဦးရေလေးသန်းလောက် ရှိတယ်ဆိုပေမယ့် ဧရာဝတီရဲ့ စိုက်ပျိုးမြေ ပျက်စီးယုတ်လျော့ရခြင်းဟာ အခြားနေရာတွေကိုပါထိခိုက်နိုင်ပြီး
ရေကြီးတာတစ်ခုတည်းမဟုတ်ဘဲ မုန်တိုင်းရဲ့ သက်ရောက်မှုနဲ့ မုတ်သုံပြောင်းလဲလာပုံတွေကိုပါ တွေ့နေကြရဦးမှာပါ။
ဒီရေလှိုင်းတွေရဲ့ ပုံစံဟာ ကိုယ်သိတဲ့ အတက်အကျပုံစံလည်း ဖြစ်ချင်မှ ဖြစ်တော့မှာပါ။
အဘိုးအဘွားတွေခေတ်က ဘုရားပွဲ ဒီအချိန်မှာရေ က ဒီလောက်ပဲ တက်လို့ ကိုယ့် ခေတ်မှာလည်း ဒီရေ တက်ပုံကျပုံ တက်ချိန်ကျချိန်က ဒီလိုပဲဖြစ်နေမယ်လို့တွက်လို့ရတော့မှာမဟုတ်ပါဘူး။
အာဏာမသိမ်းခင်အချိန်အထိ အကြီးဆုံးစိတ်ပူခဲ့တာဟာ ရာသီဉတုပြောင်းလဲခြင်းနဲ့ ကလေးတွေ လူငယ်တွေရင်ဆိုင်ရမယ့် အနာဂတ်ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ ရာသီဉတုပြောင်းလဲလာရင်လည်း နင်းပြားက ရွှေ့ပြောင်းရတာချင်း တူရင်တောင် ပိုပြီး အခြေမဲ့နိုင်လို့ပါ။
ဒီအဖြစ်တွေကြောင့် တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ပိုလိုအပ်ပါတယ်။ ရွေးကောက်ပွဲရှိရုံနဲ့ မျှတတဲ့ လူ့အဖွဲ့အစည်းမဖြစ်ပါဘူး။
Credit to original uploader